''H1N1 ပွဲ​တော်​နဲ့ မန္တ​လေးကံကြမ္မာ ''

in #steemit7 years ago

image

မကြာမီ မြန်​မာပြည်​အနှံ့က လူ​ပေါင်း ၁၂သိန်း​ကျော်​ လာ​ရောက်​ကြမယ့်​ ​မန္တ​လေးတောင်​ပြုံးပွဲ​တော်​ နီးကပ်​လာ​နေပြီ ဖြစ်​ပါတယ်​။ ​ဒီအချိန်​မှာ မြန်​မာပြည်​ ​မြို့အ​တော်​များများမှာ ကူးစက်​နှုန်းမြန်​ တုပ်​​ကွေး​ရောဂါပိုး​(Flu virus)တွေ ပြန့်​နှံ့​နေချိန်​ ဖြစ်​ပါတယ်​။

ပထမ​ ဇူလိုင်​ (၆) ရက်​​နေ့မှာ တွေ့ရှိ ​ရောဂါပိုးက H1N1 ဖြစ်​ပြီး (၂၁)ရက်​​နေ့မှာ လူနာ​သေဆုံးပါတယ်​။ (၁၅)ရက်​နဲ့ ​သေဆုံးခြင်းပါ။ လက္ခဏာ ပြပြီး လပိုင်း​တောင်​ မခံသလို ရန်​ကုန်​​ဆေးရုံကြီးမှာ​တောင်​ ကာကွယ်​​ဆေးနဲ့ ကုသ​ဆေး မရှိ​ကြောင်း သတင်းစာရှင်းလင်းခဲ့ပါတယ်​။

ဒုတိယ​တွေ့ရှိ ​ရောဂါပိုးက ရန်​ကုန်​ ဧရိယာအတွင်းမှာပဲ ဖြစ်​ပြီး H3N2 ဗိုင်းရပ်​ဖြစ်​ပါတယ်​။ တတိယ​တွေ့ရှိ ​ရောဂါပိုးက ထားဝယ်​ကြက်​ခြံမှာ ဖြစ်​ပြီး H5N1 ကြက်​ငှက်​တုပ်​​ကွေး Flu ​အမျိုးအစားဖြစ်​ပါတယ်​။

ဒီ​ရောဂါပိုး ၃မျိုးဟာ Mutation ဖြစ်​ပြီး ​ပေါင်းစပ်​သွားခဲ့ရင်​ ထွက်​လာမယ့်​ ဗိုင်းရပ်​ပိုးက ကုသ​ဆေးမဲ့ ပိုးအသစ်​ ဖြစ်​သွားနိုင်​ပါတယ်​။ ယခုဆိုရင်​ လူမှုကွန်​ယက်​ ကျန်းမာ​ရေး ​ပေ့ခ်ျ​​တွေက H5N1 ​တွေ့ရှိ ထားတဲ့ ထားဝယ်​နဲ့ H1N1 ​တွေ့ရှိထားတဲ့ ရန်​ကုန်ကို ခရီးသွားလာမှု ဆင်​ခြင်​ဖို့ သတိ​ပေး​နေတာ ​တွေ့ရပါပြီ။

ရန်​ကုန်​ ဧရိယာအတွင်းမှာ ​တွေ့​နေရပြီ ဖြစ်​တဲ့ Flu Type A အုပ်​စု H1N1 နဲ့ H3N2 ပိုးနှစ်​မျိုးက ပိုမို ​Mutation ဖြစ်​လွယ်​တဲ့ ဗိုင်းရပ်​ဖြစ်​ပါတယ်​။ ​တွေ့ရှိ လူနာကို ​ဆေးရုံခွဲပြီး ထားရတဲ့ အ​ခြေအ​နေပါ။ လက္ခဏာ မပြ​သေးတဲ့ ကူးစက်​ခံရသူ​တွေ ရန်​ကုန်​မှာ ဘယ်​​လောက်​ ရှိ​နေမလဲ ​ပြောလို့ မရ​သေးတဲ့ အ​နေအထားပါ။

ယ​နေ့ ဇူလိုင်​ ၂၇ရက်​​နေ့ ည၈နာရီ ​နောက်​ဆုံးရ သတင်း အရ ဧရာဝတီတိုင်း၊ ရန်​ကုန်​တိုင်း၊ တနင်္သာရီတိုင်း၊ မွန်​ပြည်​နယ်​၊ ချင်းပြည်​နယ်​ စုစု​ပေါင်း ၅နေရာခန့်​မှာ ​ရာသီတုပ်​​ကွေးပြင်း ၅၀ဦးထဲက ​ဗိုင်းရပ်​တွေ့ရှိလူနာ ၃၀ဦးနဲ့ ​သေဆုံးသူ ၆ဦး ရှိသွားပြီ ဖြစ်​ပါတယ်​။ ​တစ်​လပင်​ မပြည့်​ ​သေးပါ။

ဒါ့အပြင်​ ပုသိမ်​မှာ​ အမျိုးအစားခွဲမရ​သေးတဲ့ တုပ်​​ကွေးမိ က​လေးလူနာ (၂၆) ဦး အပြင်းအထန်​ ဖျားနာ​နေပါတယ်​။ Flu ဗိုင်းရပ်​ပိုးချင်း mutation ဖြစ်​မသွားဖို့ စိုးရိမ်​​နေရပြီ ဖြစ်​ပါတယ်​။

ဒီအချိန်​မျိုးမှာ မြန်​မာပြည်​ အနှံ့အပြားက လူစုံ လာ​ရောက်​ကြမယ့်​ ​တောင်​ပြုံးပွဲ​တော်​ကြီး ကျင်းပ​တော့မှာ ဖြစ်​ပါတယ်​။ ယခုကာလဟာ စိုစွတ်​တဲ့ ရာသီဖြစ်​ပြီး Flu ဗိုင်းရပ်​ကလည်း ဒီလို ရာသီဥတု လေထုထဲမှာ ၂၄နာရီ ​နေနိုင်​စွမ်း ရှိ​နေပါတယ်​။ တရုတ်​က လှူမယ့်​ H1N1 ကုသ​ဆေးကလည်း မ​ရောက်​​သေးသလို ​ရောက်​ရင်​​တောင်​မှ အလုံအ​လောက်​ မဖြစ်​နိုင်​တဲ့အပြင်​ ကုသ ​ပျောက်​ကင်း အသက်​ရှင်​နိုင်​​ချေ အားရဖွယ်​ရာ မရှိ​ကြောင်း ကြားသိရပါတယ်​။ တရုတ်​​ဆေးမို့ မဟုတ်​ပါ။ H1N1 ကုသ​ဆေးတိုင်းသည်​ ရာနှုန်းပြည့်​ အသက်​ရှင်​နိုင်​သည်​အထိ မစွမ်း​ကြောင်း သိရှိရပါတယ်​။

ဒါ့အပြင်​ ခရီးသွားမှု ဘူတာ၊ ​သ​င်္ဘောဆိပ်​၊ ​လေဆိပ်​၊ ကားကွင်း​တွေမှာ ​ရောဂါပိုး ထိန်းချုပ်​​ရေး အတွက်​ ကျန်းမာ​ရေးစစ်​​ဆေးမှု​ အစီအမံ​တွေ လုပ်​မထားတဲ့ အတွက်​ တစ်​နယ်​စီက ဗိုင်းရပ်​ပိုးသယ်​​ဆောင်​သူ​တွေ ထိ​တွေ့ မှု​ကြောင့်​ ဗိုင်းရပ်​ချင်း mutation ဖြစ်​သွားနိုင်​​ချေ စိုးရိမ်​ဖွယ်​ရာ ရာနှုန်းများ​နေပါတယ်​။ ဒီလိုဆို နဂိုမ​ရေရာတဲ့ ကုသ​ဆေးလည်း လုံးလုံး မတိုး​တဲ့အထိ ဖြစ်​သွားမှာပါ။

ကူးစက်​မြန်​ ​ရောဂါပိုးကို ထိန်းချုပ်​ဖို့ ကာကွယ်​​ဆေး၊ ကုသ​ဆေး မရှိသေးမီ ခရီးသွားလာ​ရေးကို စိစစ်​ ကြပ်​မတ်​ရမယ့်​ အ​ခြေအ​နေမျိုးမှာ လူ​ပေါင်း ၁၂သိန်း​ကျော်​ လာ​ရောက်​ ကြမယ့်​ ပွဲ​တော်​ကြီးက မန္တ​လေး မြို့ခံ​တွေအတွက်​ အလွန်​အမင်း စိုးရိမ်​ဖွယ်​ရာ ​ကောင်း​နေပါပြီ။

ကုသ​ဆေးလည်း မရှိ။ ကာကွယ်​​ဆေးလည်း နတ္ထိ။
ကူးစက်​ခံရရင်​ ရက်​ပိုင်းအတွင်း ​​သေဖို့ပဲ ရှိပါ​တော့တယ်​။
Aကိုက်​ရင်​​တောင်​ ၁၀နှစ်​​လောက်​ ​နေနိုင်​ပါ​သေးတယ်​။
ဒါကြီးက တစ်​လအတွင်း ဂိမ်းမယ့်​ ကပ်​​ရောဂါကြီးပါ။

အသက်​ရှူလမ်း​ကြောင်းက​နေ ကူးစက်​တဲ့ Flu ဗိုင်းရပ်က ​တွေ့ရှိလူနာ ဖြတ်​သန်းခဲ့တဲ့ ​နေရာအ​တော်​များများမှာ ပြန့်​ နှံ့တဲ့ အမျိုးအစားဖြစ်​ပါတယ်​။ လူနာကို ထိ​တွေ့ဆက်​ဆံခဲ့သူ​တွေ အပါအဝင်​ပတ်​ဝန်းကျင်​လူ​တွေကိုပါ ကူးစက်​​စေတဲ့အတွက်​ Flu Type A ဖြစ်​တဲ့ H1N1 နဲ့ H3N2 ကို ကူးစက်​မြန်​ ဗိုင်းရပ်​လို့ WHOက သတ်​မှတ်​ထားတာ ဖြစ်​ပါတယ်​။

အဲ့ဒီ ၂မျိုး ​ပေါင်းစပ်​သွားလို့ ဖြစ်​လာမယ့်​ ပိုးအတွက်​ ​ကုသဆေးမရှိ​သေးပါဘူး။ မ​သေချာ မ​ရေရာတဲ့ ကုသ​ဆေးသာ ရှိ​သေးတဲ့ H1N1နဲ့ H3N2 ​တောင်​ ကုသ​နေရင်း ​ရက်​ပိုင်းအတွင်း လူနာ​တွေ သေဆုံးတာကို ​တွေ့ရှိရတဲ့ အတွက်​ ​ပေါင်းစပ်​ပြီး ဖြစ်​လာမယ့်​ ​ဆေးမတိုး တုပ်​​ကွေးး ဗိုင်းရပ်​ဆိုပါက သိကြားမင်း ဆင်းကယ်​ရင်​​တောင်​ သိကြားမင်းပါ တုပ်​​ကွေးမိပြီး ​သေဖို့ အလားအလာ ရှိ​နေပါတယ်​။

တောင်​ပြုံးပွဲ​တော်​မှာ လူအတစ်​ဆုံးက ​ရွှေကျင်​လမ်းမကြီး နဲ့ တာ​ဘောင်​မြို့ပတ်​လမ်းဖြစ်​ပါတယ်​။ အဲ့ဒီကြားမှာ TUM နည်းပညာတက္ကသိုလ်​(မန္တ​လေး) ရှိပါတယ်​။ ပွဲကာလ ရက်​ရှည်​ကြီးမှာ တစ်​နာရီခန့်​ တိုးရတဲ့ အိုးဘို အိုးပုတ်​ပွဲလည်း ရှိ​သေးသလို ​ဈေးတန်း​တွေလည်း ​မြောက်​ပြင်​ တစ်​​ကြော ပြုံ​နေဦးမှာပါ။ ​ကျောက်​​တော်​ကြီး ပွဲလည်း ရှိပါ​သေးတယ်​။ ​ရောဂါပိုးကလည်း လူစည်​ကားတဲ့ Public area မှာ အပြန့်​နှံ့ဆုံး ဖြစ်​တဲ့ အတွက်​ TUM ​ကျောင်းသူ ​ကျောင်းသား​တွေ အတွက်​ ​ကျောင်းသွား ​ကျောင်းပြန်​ လူမတိုးရတဲ့ လမ်းဆိုလို့ ရှာလို့ မ​တွေ့နိုင်​​တော့ပါဘူး။ ဒီလူ​ပေါင်း ၁၂သိန်းမှာ ​ရောဂါပိုး သယ်​​ဆောင်​သူ​တွေလည်း ပါလာကြမှာပါ။

အကယ်​၍ အ​မေရိကန်​လို နိုင်​ငံမျိုးမှာဆိုရင်​ ကူးစက်​​ရောဂါ မထိန်းချုပ်​နိုင်​​သေးခင်​မှာ ​တောင်းပြုံးလို လူ ၁၂သိန်း​ကျော်​ လာ​ရောက်​ကြမယ့်​ ပွဲ​တော်​​ ကျင်းပခြင်းကို မြို့ခံ​တွေကအစ ဆန္ဒထုတ်​​ဖော်​ ကန့်​ကွက်​ကြမှာ ဖြစ်​ပါတယ်​။ မြို့​တော်​ဝန်​ကအစ အ​ရေးစိုက်​မှာ ဖြစ်​ပါတယ်​။ တက္ကသိုလ်​​ကျောင်း​တွေကအစ တင်​ပြကြမှာ ဖြစ်​ပါတယ်​။

ကျွန်​​တော်​တို့ မန္တ​လေးမှာ​တော့ ဘယ်​လိုလှုပ်​ရှားမှုမှ မ​တွေ့ရသလို ​သွေး​အေး​နေကြတာကိုပါ စိုးရိမ်​ဖွယ်​ရာ​တွေ့ရှိရပါတယ်​။ N95 mask ကို မျက်​နှာ အုပ်​ထားရုံနဲ့ ရာနှုန်းပြည့်​ ကာကွယ်​နိုင်​မှာ မဟုတ်​သလို ​နေ့စဉ်​ လဲလှယ်​​နေရမှာ ဖြစ်​ပါတယ်​။ ပွဲ​တော်​ကာလ လူစုံစား​သောက်​ကြမယ့်​ လက်​ဖက်​ရည်​ဆိုင်​၊ ထမင်းဆိုင်​​တွေကိုလည်း ​အကြမ်းပန်းကန်​လုံးကအစ ​ရေ​နွေး၊ ပိုးသတ်​​ဆေး အသုံးပြု ​ဆေး​ကြောဖို့ ပညာ​ပေးတာမျိုး မရှိကြသလို စဉ်းစားမိပုံလည်း မ​ပေါ်ကြပါဘူး။ 

ကျွန်​​တော့်​အမြင်​မှာ​တော့ ယခုနှစ်​ ကျင်းပမယ့်​ ​တောင်​ပြုံးပွဲကို H1N1နဲ့ H3N2၊ H5N1 ဗိုင်းရပ်​​တွေရဲ့ မျိုး​ဖောက်​ပွဲကြီး (သို့မဟုတ်​) မန္တ​လေးမြို့ကြီးအတွက်​ ​ဗိုင်းရပ်​ပိုး​တွေ ချန်​ထားရစ်​ခဲ့မယ့်​ ​ဆေးမတိုး ဗိုင်းရပ်​ပိုး ထုံကူးပွဲကြီး လို့သာ မြင်​ပါ​တော့တယ်​။ 

အနှစ်​ချုပ်​အ​နေနဲ့ ယခုနှစ်​ တောင်​ပြုန်းပွဲကို ယာယီ ပိတ်​ပင်​ ​စေချင်​ပါတယ်​။ ဗိုင်းရပ်​ပိုး ထိန်းချုပ်​နိုင်​ပြီ၊ ကုသ​ဆေး၊ ကာကွယ်​​ဆေး ရှိပြီ၊ လုံ​လောက်​ပြီ ဆိုမှသာ ပြန်​လည်​ ကျင်းပ​စေချင်​ပါတယ်​။ နတ်​ကိုင်​မှာ မ​ကြောက်​ပါနဲ့။ ဗိုင်းရပ်​ကိုင်​မှာ ​ကြောက်​ကြပါ။ ပွဲမကျင်းပလို့ ​နတ်​က ဘာမှ မလုပ်​နိုင်​ပါဘူး။ နတ်​စိတ်​ဆိုးလည်း ဂရုစို​က်​စရာ မလိုပါ။ အဓိကက ကိုယ့်​အသက်​အန္တရာယ်​နဲ့ ကျွန်​​တော်​တို့ မန္တ​လေးမြို့ကြီးကို ဗိုင်းရပ်​​တွေ ​ရောက်​မလာဖို့ အ​ရေးကြီး ပါတယ်​။ ဒီအတွက်​ ကိုယ်​​နေထိုင်​ရာ ပညာသင်​ကြားရာ မြို့အတွက်​ H1N1 ပွဲ​တော်​ကြီးကို ယခုနှစ်​မှာ တားဆီး နိုင်​ဖို့ အားထုတ်​ကြဖို့ မန္တ​လေး​မြေမှာ ​နေသူတိုင်း တာဝန်​ရှိပါတယ်​။ မဟုတ်​ရင်​ ခင်​ဗျားတို့​ရော ကျွန်​​တော်​​ရော ​​ရောဂန္တရကပ်​​ဘေး ကြုံ​တွေ့ရမှာ ဖြစ်​ပါတယ်​။

တင်​ပြသူ - #ဗိုလ်လ(လဝင်းထွန်း)
- မန္တ​လေးမြို့ကို ချစ်​မြတ်​နိုးသူ

Sort:  

မသွားနဲ့