ဆောင်းပါးတို

in #steemit6 years ago

စိတ္တဇ နဲ့ ည


အညာ ဒေသရှိ လပြည့်ည တစ်ည၌ အောင်အောင် တစ်ယောက် စာကျက်ရန် အိမ်ရှေ့ရှိ ကွပ်ပျစ်ပေါ်၌ နေရာယူကာ စာကျက်၍နေလေသည်။

၅၀တန် ဖယောင်းတိုင်နှစ်တိုင်ကုန်သွားတော့ နာရီကြည့်မိသောအခါ ဆယ့်တစ်နာရီငါးဆယ် ရှိလို့ အဲဒီ ကွပ်ပျစ်ပေါ်မှာပဲ ခဏမှေးလိုက်မယ်လို့ စိတ်ကူးပြီး စာအုပ်ကိုခေါင်းအုံးလုပ်ကာ တုံးလုံးလှဲ၍နေလိုက်လေသည်။

တစ်နေကုန် ဆော့ကစားထားသောကြောင့် တန်းခနဲ အိပ်ပျော်သွားလေသည် အ်ပ်ပျော်သွားတယ်ဆိုပဲ

" အောင်အောင် ထ ထ ဆိုပြီး" ချောမောလှပသော ကောင်မလေးတစ်ယောက်က လက်ကိုလှုပ်၍ နှိုးလိုက်လေသည် နောက်ထပ်လှပသောကောင်မလေးတစ်ယောက်က ဘေးကရပ်၍နေလေသည် အောင်အောင်´လည်း ဂမူးရှုးထိုးထကာ မျက်လုံးကို အတင်းပွတ်၍ြ့်ကည့်လိုက်သောအခါ သူ၏ဘေး၌ ချောမောလှပသော မိန်းကလေးနှစ်ယောက်က ဘေး၌ရပ်၍ နောက်ထပ်ချောမောလှပသော ကောင်မလေးတစ်ယောက်က ခပ်လှမ်းလှမ်း၌အောင်အောင်´အား ပြုံးပြ၍နေလေသည်။

အောင်အောင်´နိုးသွားတယ်ဆိုပဲ ထိုချောမောလှပသော ကောင်မလေးသုံးယောက်သည်အောင်အောင်´အား ကပြ၍ဖျက်ခနဲ ပျောက်သွား၍နေလေသည်။

ထို မိန်းကလေးသုံးယောက် ပျောက်သွားတော့ အောင်အောင်´ ထရပ်ပြီး နာရီကောက်ကြည့်လိုက်တာ ဆယ့်နှစ်နာရီဆိုတော့အောင်အောင်´လန့်၍သွားလေသည်။

ထိုညတစ်ညလုံး `အောင်အောင်´ အိပ်လို့မရဘဲ အိမ်မက်လိုလို ဘာလိုလိုနဲ့ ထိုမိန်းကလေး သုံးယောက်အကြောင်းကို စဉ်းစား၍နေလေသည်။

`အောင်အောင်´၏ အတွေးအိမ်ထဲ၌ မျက်စောင်းထိုး အိမ်က ရူးကြောင်ကြောင်ဖြစ်၍နေသော သူရဲ့အကြောင်းကို တွေးမိလေသည်။

ထိုရူးကြောင်ကြောင်လူတို့ မိသားစု သည် အညာဒေသ၏ ထင်ရှားသော ဘုရား၌ ဈေးဆိုင်ဖွင့်၍ အသက်မွေးကြောင်းပြုလေသည် ထိုလူသည် မရူးခင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဟု ပြောကြလေသည်။

တစ်ညသောအခါ၌ အရမ်းချောမောလှပသော မိန်းကလေးတစ်ယောက်နှင့် ထိုဘုရား၌စုံမိ၍ လူငယ်သဘာဝ ရည်းစားစကားလိုက်ပြောရာ ချစ်ကြိုက်၍နေလေသည် ထိုမိန်းကလေး၌လည်း ညီမနှစ်ယောက်ရှိသည်ဟုပြောလေသည်။

ထူးဆန်းသည်က ထိုမိန်းကလေးသုံးယောက်သည် ညအခါ၌သာပေါ်လာပြီး ဘယ်မှာနေသည်ကိုမေး၍မရပေ။

ဘုရားပွဲပြီးလို့ အိမ်ပြန်မယ်လုပ်တော့ ထိုလူသည် မိန်းကလေးအား ခိုးပြေးမယ်လုပ်လေသည် ထိုအခါ ညီမသုံးယောက်က " အကို ညီမတို့က လူသားတွေမဟုတ်ဘူးဒီဘုရားမှာရှိတဲ့ ဥစ္စာစောင့်တွေ"ဟုပြောလေသည်။

ထိုလူလည်းအဲဒီ အချိန် ကစပြီး ရူးကြောင်ကြောင်ဖြစ်သွားကာ အိမ်ရှေ့၌ရှိသော တမာပင်ကြီးအား လက်ညိုးထိုးကာ မိန်းကလေးသုံးယောက် သစ်ပင်ပေါ်တက်သွားပြီပြေးပြေးဆိုပြီး ထိုတမာပင်ကြီးအား ရန်ရှာလေသည်။

`အောင်အောင်´ရဲ့ အတွေးအိမ်ထဲ၌လည်း ရူးကြောင်ကြောင်ဖြစ်၍နေသော လူရဲ့မိန်းကလေးဥစ္စာစောင့် သုံးယောက်လား နာနာဘာဝများလား ဆိုပြီး တစ်ညလုံးအိပ်လို့မရဘဲ သူ့ကိုလှုပ်၍နှိုးသွားသော မိန်းမချောလေးသုံးယောက်အကြောင်းကို တွေး၍နေလေသည်။

image