
အဖေ့ရဲ့ပုခုံးထက်က ထင်းစည်းနေရာ
သားကို ထမ်းခေါ်ချင်တာပေါ့ သားငယ်
မင်းမေမေရဲ့ ခေါင်းထက်က ထင်းစည်းနေရာ
သားကို နေရာယူစေချင်တာပေါ့ သားငယ်
ဒါပေမဲ့ သားငယ်
ဆန္ဒနဲ့ ဘဝ ဆိုတာ ထပ်တူကျဖို့ ခက်တယ်သားငယ်
အဖေ့ရဲ့ပခုံးထက်က ထင်းစည်းက
သားငယ်အတွက် ဘောင်းဘီဖိုးနဲ့ညစာစရိတ်
မင်းမေမေရဲ့ ပခုံးထက်က ထင်းစည်းက
သားငယ်အတွက် ပညာရေးစရိတ်
ဘဝဆိုတာ ဒီလိုပဲသား
အဆင်မပြေသေးတဲ့အခိုက် သားငယ်ကို ပုခုံးထက်
မတင်နိုင်တာ သားငယ်နားလည်
ဒါပေမဲ့ အဖေတို့ မေမေတို့ရဲ့ လက်ကို ဆွဲ
သားငယ် ရဲရဲကြီး လျှောက်လိုက်စမ်း။
အဖေတို့မေမေတို့ရဲ့ လက်မှာ သားငယ်အတွက်
ပညာတတ်ကြီးဖြစ်အောင် အားတွေထည့်ထားတယ်
သားငယ် ပညာတတ်ကြီးဖြစ်အောင် အဖေတို့ မေမေတို့ ပခုံးတွေနဲ့ ထမ်းတင်မယ် သား။
ဒီတော့ အဖေတို့အမေတို့လက်ကိုဆွဲ
သားငယ် ဒီလမ်းကြမ်းကို ရဲရဲကြီး လျှောက်လိုက်စမ်းပါအုံးသားငယ်ရယ်။
မင်းမင်းသန့်
မုံရွာ
good
▂▃▅▆▇█ S █ M █ T █ 7 █▇▆▅▃▂
smt 16
SMT-1
SMT 3
smt12
SMT 8
Smt10 done
Smt-18
Smt 17 done
SMT-19
SMT 2
SMT 20
SMT - 11
SMT-15 done
smt-4
done
SMT 6
SMT 5
Smt 13