မနေ့ကမတင်လိုက်ရပါ

in #steempress6 years ago




https://nextcolony.io

စတီးမစ်ပေါ်ရောက်တာတော့ နှစ်ပေါက်လာပါပြီ အခုချိန်ထိတော့ စတီးမစ်ကြီးက ထင်သလို ဖြစ်မလာခဲ့ပါဘူး အရင်တုန်းက ဆိုတကြီးကလည်း နှစ်တွေကြာလာတော့ ပုံပြင်ဟောင်း တစ်ပုဒ်လိုပါဘဲ ကြာလေ လွမ်းစရာကောင်းလေ တစ်ခုခုဆို ဟိုတုန်းက ဘယ်လို ဘာညာ ဒါလေး စမြုံ့ပြန်ပြီး အလွမ်းဖြေရပါတယ် အဲ့သလို နောက်တစ်ခါ လာဦးမည်တဲ့လား လွယ်တော့မလွယ်တော့ပါဘူး နောက်တစ်ခါပြန်လာမယ်လို့တော့ မထင်တော့ပါဘူး ဖြစ်လာစရာတော့ရှိတာပေါ့လေ အဲ့သလို အချိန်အခါကလည်း အကြောင်းအချင်းအရာ များစွာ တိုက်ဆိုင်မှုတွေကြောင့်ပါဘဲ အဲ့သလို အကြောင်းအရာတွေ ပြန်လည် တိုက်ဆိုင်ဖို့ ဆိုတာကတော့ မလွယ်တော့ဘူးမဟုတ်လား

အခုလက်ရှိအနေအထားလောက်နဲ့ဘဲ ဆက်လက် ရုန်းကန်သွားရမယ့်သဘောမှာ ရှိနေပါတယ် ဒီထက် ကောင်းမွန်တဲ့ အခြေအနေကို ခေါ်ဆောင်သွားမယ်ဆိုသော်လည်း လိုက်ပါနိုင်မည်လား......ဒါကတော့ တွေဝေစရာအတော်ကို ကောင်းနေပါတယ် နောက်ထပ် တစ်ခါ ဆိုတာကြီးက အဆင်ပြေပါ့မည်လား မယုံရဲတော့ဘူးဆိုရင်တော့ ခြေလှမ်းတွေက နှေးကွေးလို့ နေခဲ့မှာပါ လေ

အဲ့သလောက် မလွယ်လို့လည်း အလွယ်ရတယ်ပြောရပါတော့မယ် ထင်သလောက်မလွယ်ဘူးဆိုပါစို့ ဈေးတက်အောင်ဆိုတာကလည်း သူတစ်ယောက်တည်းလုပ်ယူလို့မရတာတွေ့ရတယ် အကုန်တက်ပြီး အကုန်ကျတာက မြင်နေရတာဘဲ သူများတွေ တက်ချင်တက်မယ် သူကတော့မတက်ဘူး သူများတွေ ကျချင်ကျမယ် အဲ့အခါတော့ သူက လိုက်ပြီး ရောယောင်ကျတော့တာပါဘဲ အဲ သူများတွေ ပြန်တက်မယ်ပေါ့ ထုံးစံအတိုင်း သူကတော့ အရင်နေရာဟောငိးကို ပြန်မသွားတော့ဘူး ပြန်မရောက်တော့ဘူး အဲ့သလိုကြီးဆိုတော့ တဖြည်းဖြည်းနဲ့ သုည နယ်မြေကို ချဉ်းနင်း ၀င်ရောက်တော့မယ် အနေအထား

အခုတော့ ရေးစရာမရှိလည်း ရေးစရာရှာရေးပေါ့ ရေးစရာရှိတာရေးပါ အမှီးအမောက်တည့်အောင် ချိန်သားကိုက်နေရမယ့် အခြေအနေမှာမရှိတော့ ဟိုဘက်သာလှည့်နေတော့ ဒီလောက်ဆို အသားကျသင့်ပြီထင်ပါတယ် စတီးမစ်ဆိုတာ ဒီလိုပါလားဆိုတဲ့ အတွေ့အကြုံတွေတော့ ရင်ဘက်ထဲ ထိုးသိပ်ထည့်ထားတယ် အခုတော့ ထားစရာနေရာရှာနေရပြီ တစ်နေရာရာ သွားထားလို့ရရင် ကောင်းမယ် ပြောချင်တာက ရင်ဘက်နဲ့တောင် မဆံ့တော့ဘူး ဘယ့်နှယ် လုပ်ရကိုင်ရလွယ်မှတ်လို့ တော်တန်ရုံ ပေတေမှုနဲ့တော့ စတီးမစ်ပေါ် ဖက်တွယ်လျှော်ကဖို့ မလွယ်ပါဘူး

ဖြစ်ချင်ရာသာဖြစ်ဆိုတာမျိုးနဲ့သာ ရေစုန်မျှောလိုက်နေမှ နေ့သင့်နံသင့် အသားတကျရှိလိုနေနိုင်ပါလိမ့်မယ် အခုတော့ နေရာဟောင်းကိုလည်းမစွန့်နိုင် နေရာသစ်လည်း မသွားနိုင်နဲ့ လိပ်ခဲတည်းလည်း မတင်မကျ လူလည်း ယောင်နန ဖြစ်ချင်လာပြီဟ

@bobokyaw





Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/13/%e1%80%99%e1%80%b1%e1%80%94%e1%82%94%e1%80%80%e1%80%99%e1%80%90%e1%80%84%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9b%e1%80%95%e1%80%ab/
Sort:  

ဟုတ်တယ်ဗျာ vote တွေလည်းမလုပ်ဖြစ် မန့်တွေလည်း မရေးဖြစ်တာကြာပြီ

Posted using Partiko Android

ပြောင်းလဲတဲ့နောက် လိုက်ပြီး မပြောင်းလဲနိင်တော့ ဒီလိုတွေဖြစ်ကုန်တယ်