ဦးစားပေးရွေးချယ်မှု

in #steempress6 years ago


https://nextcolony.io/

အာကာသ စစ်ပွဲကြီးက တ်ြဖည်းဖြည်း အရှိန်ရလို့လာတော့မယ် ကိုယ့်မှာတော့ စစ်အတွက် ပြင်ဆင်မှု သေချာမလုပ်ရသေးပါဘူး သူများတွေရဲ့ စစ်အင်အားကို ကြည့်ပြီး ဂိမ်းထဲကတောင် ထွက်ပြေးချင်စိတ်ပေါက်လာပါတယ် စစ်အင်အားနည်းပါးလွန်းရင်တော့ ဒီဂိမ်းမှာ ရှင်သန်ဖို့မလွယ်ပါဘူး တစ်ကြိမ် ဖြုတ်ခံရပြီးရင်လည်း နောက်တစ်ခါ ပြန်လည်ရှင်သန်ဖို့ မလွယ်တော့ပါဘူး ဆေးဝါးဂိမ်းမှာလို ဖြေဆေးလွယ်လွယ်ထိုးလို့ ရမယ့်သဘောမမြင်ပါဘူး ဒါကြောင့် လက်ရှိအချိန်မှာ စစ်အင်အား ဖြည့်တင်းမှုက အရေးပါလို့ နေပါပြီ

ဂြိုလ်ရှာဖွေရေးမှာ အဆင်မပြေခဲ့သလို စစ်အင်အား ဖြည့်တင်းမှုမှာလည်း အဆင်မပြေတော့ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ပါတ်ပြေးနေရပါတော့တယ် ပြေးတော့ ပြေးတာဘဲ ဒါပေမယ့် ဘယ်အကြိမ် ထိမယ်တော့မသိဘူး အချိန်တိုင်းလည်း ကိုယ်က ကြည့်မနေနိုင်ဘူးလေ အိပ်နေချိန်တော့ ဘယ်လို တိုက်တိုက် ခံရမှာဘဲ စစ်အင်အားနည်းရင်တော့ သေချာပါတယ် ဟိုက ၀င်တွယ်လိုက် ဒီက၀င်တွယ်လိုက်နဲ့ လှတော့ လှနေတော့မှာဘဲ ဘယ်လိုတောင် လုပ်လိုက်ရပါမည်နည်း

အခုဆိုရင်တော့ ဂြိုလ်ရှာဖွေရေးလုပ်ငန်းစဉ်က အဆုံးသက်ရတော့မလိုဖြစ်လာပါပြီး အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး စစ်မျက်နှာ နှစ်ခုဖွင့်လို့ ရှာဖွေနေခဲ့သော်လည်း ခါးပြတ်သော အခြေအနေနဲ့ ကြုံနေရပါပြီ အထက်မှာလည်း အလှမ်းဝေးလာသလို အောက်ပိုင်းမှာလည်း လက်လှမ်းမမှီနိုင်တော့ပါဘူး ဝေးသထက်ဝေးလာပြီဆိုတော့ ၇ှာဖွေရတာ အဆင်မပြေတော့ပါဘူး ကြားထဲမှာ ထောက်စရာနေရာမရှီတော့ မရခဲ့လေတော့ ဘယ်လိုမှ အဆင်မသင့်နိုင်တော့ပါဘူး

အိမ်နီးနားချင်းတွေကတော့ ကောင်းကြပါတယ် သူတို့လည်း လေဗယ်တင်နေလို့ လား အခြားစစ်မျက်နှာတွေမှာ လက်မလည်လို့လား မပြောတက်ပါဘူး ဒါမှမဟုတ်လည်း အိမ်ဘေးက ကြက် ဘယ်ချိန် ရိုက်ချက်ချက်ရတယ်ဆိုပြီး ကိုယ့်ကို သံပရာသီးအောက်မေ့ပုံကျပါတယ် အသေအကျေတော့ မတိုက်သေးပါဘူး လေဗယ်နိမ့်သေးလို့ မြင့်လာအောင် မြငှင့်ခိုင်းနေတာလား မပြောတက် အဲ့သလို မတိုက်သေးတော့လည်း စိတ်ချလက်ချမဟုတ်တောင် အေးအေးဆေးဆေး နေလို့တော့ ရနေပါသေးတယ် နောက်ပိုင်း အကျိုးအမြတ်ခွဲဝေလာရင်တော့ သူတို့လည်း ကိုယ့်ကို တိုက်ကြတော့မှာပါ

ပြန်ပြီး ခံချနိုင်အောင် တော့ စစ်အင်အားကို စုဖွဲ့နေပါတယ် တပ်ဖြန့်ထားတာကောင်းသလား တပ်ကို စုစည်းထားတာကောင်းသလားဆိုတာတော့ စဉ်းစားနေရပါတယ် ဂြိုလ်တစ်လုံးနဲ့ တစ်လုံးက အလှမ်းဝေးနေတော့ ဒါက တကယ့်ပြသနာ အကြီးကြီး ဖြစ်လာစေပါတယ် တပ်ကူတွေ သွားဖို့လာဖို့ ခက်ပါတယ် အချိန်ကြာနိုင်ပါတယ် ဒါကြောင့် တပ်ကို စုဖွဲ့ပြီး တခြား နယ်မြေတွေကို ထိုးကျွေးထားရမယ့်သဘောဖြစ်နေပါတယ်

နောက်ထပ်ဂြိုလ်အသစ်လေးတွေ ရခဲ့ရင်တော့ အခက်အခဲအနည်းငယ် ပေါ့ပါးအောင် လုပ်ဆောင်နိုင်မှာပါ နောက်သုံးလေးငါးရက်လောက်တော့ ဂြိုလ်ရှာတာကို အားစိုက်ပါဦးမယ် အဲ့ဒါမှ နောက်ဂြိုလ်မရရင်တော့ ရှာဖွေရေးကို အဆုံးသက်ပါတော့မယ်

@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/07/02/%e1%80%a5%e1%80%ae%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%9a%e1%80%b9%e1%80%99%e1%80%bd%e1%80%af/