အဟောင်းတလည်လည်

in #steempress4 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%a1%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%9c%e1%80%8a%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9

https://steemmonsters.com/

ဒီနေ့အတွက်တော့ နောက်တစ်မျိုးပြောင်းရပါဦးမယ် အရင်နေ့တွေက အာကာသဂိမ်းအကြောင်းလေးတွေ ရေးဖြစ်တယ်ပေါ့ အာကာသဂိမ်းက ကစားလို့ကောင်းပေမယ့် နောက်ပိုင်း အခြေအနေက သိပ်မဟန်တာကြောင့် အပြီးသက်လိုက်ရပါတယ် ဒါကြောင့် ဒီနေ့တော့ စတင်းမွန်းစတားဘက်လှည့်ပြီး အာရုံပြုရပါတော့တယ် စတင်းမွန်းစတားကတော့ အစမူလ စတီးမစ်ဂိမ်းဖြစ်ပါတယ် ဒီဂိမ်းရဲ့ သက်တမ်းကတော့ တော်တော်ရလာပြီဖြစ်သလို အခုနောက်ပိုင်းမှာလည်း ဒီဘက်ကို ပြောင်းရွှေ့လာမှာဖြစ်လို့ ဆက်လက်အသက်ရှည်နေဦးမှာဖြစ်ပါတယ်

စတင်းမွန်းစတားရဲ့ လမ်းပြမြေပုံက ခိုင်ခိုင်မာမာရှိသလို ဂိမ်းရဲ့ဓနအင်းအားကလည်း အလွန်ကို တောင့်တင်းလွန်းတယ်ဆိုတာမြင်ရပါတယ် နောက်ပိုင်းမှာလည်း ဒီထက် ကြိးကျယ်သော ဈေးကွက်ထိုးဖေါက်မှုတွေနဲ့ ဈေးကွက်ရှာဦးမယ်ဆိုတာကိုမြင်နိုင်ပါတယ် ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက စတင်းမွန်းစတားမှာ စတင်းတွေ သောင်းချီ ထောင်ချီအောင် ၀င်ရောက်ရင်းနှီးထားကြတာပါ ကိုယ်တွေကတော့ အညွန့်အတက်လောက်ပဲ ၀င်ဖဲ့မှာဖြစ်လို့ အဲ့သလောက်ထိတော့ မရင်းနိုင်ပါဘူး ရသမျှသဲ့ယူမှာဘဲဖြစ်ပါတယ် ထုံးစံအတိုင်းပေါ့ ၀ိ၇ိယအားလေးတော့ စိုက်ပါမယ်


https://steemmonsters.com/

စတီးမစ်ရဲ့ အသီးအပွင့်တွေကို ထင်သာမြင်သာ ရှိလာစေတဲ့ အဓိက ဇာတ်လိုက်ကတော့ စတင်းမွန်းစတားဖြစ်ပါတယ် သူကနေ အစပြုလိုက်တဲ့ ဂိမ်းတွေတောက်လလျှောက်ကို အကျိုးအမြတ်တွေ တန်းစီရခဲ့တာပါ သူ့ဂိမ်းစထွက်ကတည်းကနေ ကစားလိုက်တာ မရပ်နားမီအထိ တော်တော်လေး ကစားခဲ့ပါတယ် ဒေါ်လာလေးရာဝန်းကျင်လောက်အရောက်မှာ တွက်ကိန်းတစ်ချို့ကြော်င့ရပ်လိုက်ပါတယ် ကဒ်တွေေ၇ာင်းလိုက်တယ်ပေါ့ အဲ့ဒီကတည်းက ချိန်ပီယံလိဒ် အိပ်မက်ကေ၀၀ါးခဲ့ရတာပါ အခုဆိုရင်တော့ ဂိုးလိဒ်မှာဘဲ အမြင့်ဆုံးတည်နေရာရပါတော့တယ်

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%a1%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%9c%e1%80%8a%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9