ဟေမာန် ဆောင်းဦးကို တေးညည်းဆို ကြိုမဲ့ ငှက်ငယ်လေးရယ် ဘယ်ဌာနေမှာ မင်းမှေးစက် နေပျော်နေသလဲကွယ် သင်ပြန်လာမဲ့ လမ်းောကာင်း တစ်လျှောက် အစဉ်ဘဲ စောင့်နေမိတယ်........
ဒီနေ့တော့ ဂိမ်းအကြောင်း မရေးခင်လေး သီချင်း တစ်ပိုဒ်နဲ့ အစပျိုးလိုက်ပါတယ် ဒီသီချင်းလေးကတော့ လွန်ခဲပသော နှစ်သုံးဆယ်ဝန်းကျင် ဖြစ်မလားဘဲ အတိကျတော့ မသိဘူး တော်တော်လေးတော့ ဟောင်းနေပြီ ဒါပေမယ့် ကောင်းနေဆဲလို့ ဆို၇င်မမှားတန်ရာပါဘဲ ကိုယ်လဲ ဒီညနေမှ သီချင်းလေး ကြားမိလို့ ယူကျူမှာ ရှာပြီး နားထောင်ဖြစ်တယ် သီချင်းစာသားတွေက ထိမိလှပါတယ် အနာဟောင်း ရှိသူတွေအတွက်တော့ တုတ်နဲ့ အဆွခံလိုက်ရသလိုဖြစ်မလားဘဲ မသိဘူး ကိုယ်တော့ ဒီတစ်ည ဒီသီချင်းနဲ့ နှစ်ပါးသွားနေတယ်
အသံပါဝါ အားကောင်းတဲ့ ဦးခိုင်ထူးရဲ့ အသံကြည်ကြည်လင်လင်နဲ့ အတော်ကို လိုက်ဖက်ပါတယ် ပြီးတော့ သူဆိုနေတာကို သေချာကြည့်မိတယ် သူတကယ်ဘဲ ခံစားမှု အပြည့်နဲ့ မုထည့်ဆိုတာဘဲ တော်တော် ထိမိလှပါတယ် လွမ်းတော့လွမ်းတာဘဲ ဘယ်နေရာဟောင်းကို လွမ်းသလဲတော့ ရေရေရာရာမသိတော့ဘူး သီချင်းထဲမျောရင်း ဒီတစ်ညတော့ လွမ်းနေတယ်
ကဲပါလေ လွမ်းတာလေးလဲ လွမ်းတာပေါ့ အရေးကြီးတာလေးလည်း မေ့လို့ကမရသေးဘူး ဂိမ်းကစားတာက အခုတလော အင်မတန် အရေးကြီးတဲ့ အပိုင်းေ ရာက်လို့လာနေပြီဖြစ်ပါတယ် ကိုယ့်အတွက်တော့ ဒီအချိန်က အဆုံးအဖြတ်ပေးမယ့် အရာတွေ ဖြစ်လာစရာရှိနေပါတယ် ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ မူလမိခင်ဂြိုလ်မကြီးရဲ့ တည်နေရာကြောင့် ဒီဂိမ်းမှာ မရှုမလှနဲ့ ဇာတ်သိမ်းရမလိုဖြစ်နေခဲ့တယ် တက်နိုင်သမျှတော့ ဖြေဆေးထိုးထားပြီးပြီး တွေ့ဆုံညှိနှိုင်းမှုတွေလည်း လုပ်ထားပြီးပြီ
စစ်အင်အားလည်း ဖြည့်တင်းနေတယ် ဒါပေမယ့် ကိုယ့်အိမ်နီးနားချင်းတွေကိုတော့ ယှဉ်လို့မရနိုင်ဘူး တိုက်ပွဲက စနေပြီ ဆိုပေမယ့် နောင်တစ်ချိန် အကျိုးအမြတ်တွေ လာတဲ့အခါ အခြေအနေက တစ်မျိုး ပြောင်းသွားနိုင်တယ် စိတ်ချရတာ ဘာမှမရှိဘူး ဂတိက၀တ်ဆိုတာကလည်း အကျိုးအမြတ်နဲ့ ရေချိန်ညှိလို့ ရကောင်းတာမဟုတ်ဘူးလေ ဒီတော့ ကိုယ့်ဘက်က တင်ကြို ပြင်ဆင်မှုတွေ မလစ်ဟင်းရအောင် လုပ်ဆောင်နေရတယ်
NC GAME မှာ အဖြေတစ်ခုခု ရအောင် လုပ်နိုင်ပါ့မလားဆိုတာတော့ မသေချာတော့ဘူး ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အရင် လုပ်ရမယ့်သဘောတွေ့နေရတယ် တိုက်ပွဲကို အခြေခံပြီး အကျိုးအမြတ်ပေးမယ်ဆိုရင်တော့ သေချာပေါက် ဂွမ်းမှာဘဲ ကိုယ့်ပါတ်လည်မှာ စူပါ ပါဝါတွေချည့်ဘဲ ကိုယ်တော့ အမဲဖျက်ခံရမယ့် အခြေအနေရောက်နေတယ် ဒီအခက်အခဲ အကြပ်အတည်းကနေ လွတ်မြောက်အောင် လုပ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/07/01/%e1%80%b1%e1%80%94%e1%80%9b%e1%80%ac%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%9c%e1%80%bc%e1%80%99%e1%80%b9%e1%80%b8/
Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Vote for @Steemitboard as a witness to get one more award and increased upvotes!