ရွှေကဒ်ရပြန်ပြီ

in #steempress4 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%b1%e1%80%9b%e1%82%8a%e1%80%80%e1%80%92%e1%80%b9%e1%80%9b%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%bb%e1%80%95%e1%80%ae

https://steemmonsters.com/

ဒီရာသီလိဒ်ရဲ့ ဒုတိယမြောက်ရွှေကဒ်ကို မနေ့က ရပါတယ် ဒီရွှေကဒ်လေးကတော့ စစ်သားလိုင်းက ဟီးရိုးအသစ်လေးဖြစ်ပါတယ် နေရာပေးရမှုကတော့ များတဲ့ အကောင်လေးပါ သူ့ရဲ့အားသာချက်ကတော့ တစ်ကြိမ်တည်းတိုက်ခိုက်တဲ့အခါ နှစ်ချက်တိုက်ခိုက်မှု လုပ်နိုင်တာဖြစ်ပါတယ် ရွှေကဒ်လေးရဲ့ တန်ဖိုးကတော့ 2$ ကျော်တန်ပါတယ် ရွှေကဒ်ရတိုင်း ရောင်းနေကျဖြစ်လို့ ဒီတစ်ခါလည်း လက်မနှေးဘဲ အမြန်ချရောင်းလိုက်ပါတယ် ဈေးကွက်ရဲ့ ၀ယ်လိုအား အခြေအနေအတိုင်းဘဲ အနည်းငယ် လျှော့ပြီး အမြန်ရောင်းတဲ့သဘောပါ ဈေးကိုင်ရောင်းတာကို သိပ်ပြီး စိတ်မရှည်နိုင်ပါဘူး အောက်ဈေးနဲ့ အမြန်ရောင်းထွက်အောင် လုပ်တာက အကျင့်ပါနေခဲ့ပါတယ် အဲ့သလို ခပ်မြန်မြန်ရောင်းတာက မှန်တဲ့အခါလည်း မှန်သလို မှားတဲ့အခါလည်း မှားတက်ပါတယ် ကိုယ်က ရောင်းပြီး ဈေးတက်နေတာ ခဏတမ်းကြုံ၇သလို ရောင်းပြီး ဈေးကျသွားတာလည်းမြင်ရလို့ပါ

စတင်းမွန်းစတားကတော့ အကျိုးအမြတ် ပေးဝေမှုအားကောင်းလှပါတယ် ကစားသူ ပလေယာတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ် ဒါကြောင့်လည်း သူ့ဂိမ်းက အမြဲ တိုးတက်နေတာဖြစ်ပါတယ် နောက်ပိုင်းမှာ ဒီထက် များစွာ တိုးတက် စည်ကားလာဦးမယ်လို့ သိထားပါတယ် ရင်းနှီးမြှုပ်နှံမှုတွေတောင် လုပ်ဖို့ စဉ်းစားနေရပါတယ် လိုက်ပါ ကစားနိုင်နေရင်တော့ လုပ်သင့်တယ်လို့ ယူဆမိပါတယ် ထွက်ပြီးသမျှ ဂိမ်းတွေထဲမှာ နာမည်အရဆုံး ဂိမ်းကောင်းတစ်ခုအဖြစ် ရပ်တည်နေတာ နှစ်အပိုင်းအခြားကိုတောင် ကျော်လွန်လာခဲ့ပါပြီ သူ့ကို စတင်ကစားပြီးတည်းက အကျိုးအမြတ်တွေ ဆက်တိုက်ရနေခဲ့တာဖြစ်လို့ အလွန်ကို ကောင်းမွန်တဲ့ ဂိမ်းဖြစ်တယ်ဆိုတာ လက်ခံနေရပါတယ်

စတီးမစ် နှစ်ခြမ်းကွဲတဲ့ ပြသနာကတော့ တငွေ့ငွေ့ ဖွဲမီးပမာ မပြီးနိုင် မစီးနိုင်ဖြစ်နေခဲ့ပါပြီ ဘယ်တော့မှလည်း ပြီးနိုင်ဖွယ်မရှိပါဘူး တစ်ယောက်ယောက်က လဲကျပေးမှ အဆုံးသက်မယ်ထင်ပါတယ် နောက်တစ်ခုဖြစ်နိုင်တာကလည်း မြွေလည်းသေ တုတ်လည်းကျိုး ဖြစ်သွားနိုင်ပါတယ် အဲ့ဒါကတော့ ဘယ်သူမျ မလိုချင်တဲ့ အဖြေပေါ့ အခုဦးတည်နေတာကလည်း အဲ့သလိုအခြေအနေရှိနေပါတယ် အကျိုးစီးပွားအတွက် အသေသက်ကြမယ့်သူတွေချည့်ပါဘဲ နှစ်ဖက်လုံးက အမျိုးရင်းတွေဆိုတော့လည်း ဘယ်လိုပြောရမလဲ အားနာစရာကြီးတွေတော့ ဖြစ်တော့မယ်ထင်ပါတယ်ဖေးဖေးမမလေး ၀င်ပြောရရင်တော့ ကြိုက်သလိုသာ လုပ်ကြပါ လို့သာ ဆိုချင်ပါတယ် ဟုတ်တယ် ရင်ဘက်ထဲ သိပ်ထည့်လို့မရတော့ဘူး အခြေအနေက ကြာလေခါးလေဘဲ

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/%e1%80%b1%e1%80%9b%e1%82%8a%e1%80%80%e1%80%92%e1%80%b9%e1%80%9b%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%bb%e1%80%95%e1%80%ae