DEC နေ့လို့ဆိုရပါမယ်

in #steempress4 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/dec-%e1%80%b1%e1%80%94%e1%82%94%e1%80%9c%e1%80%ad%e1%80%af%e1%82%94%e1%80%86%e1%80%af%e1%80%ad%e1%80%9b%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9

https://steemmonsters.com/

steemmonsters game အကြောင်းလေးကိုဘဲ အလှည့်ဆက်ပေးပါဦးမယ် မနေ့ကတော့ ထူးထူးခြားခြားလေးဖြစ်သွားစေပါမယ် နေ့စဉ် ကဒ်လေးတွေအတွက် ကြိုးစားကစားရင်း ကဒ်တွေရလို့ ဖွင့်ကြည့်မိတဲ့အခါမှာ DEC လို့ခေါ်ပါလေသော Dark Energy Crystals လေးတွေချည့်ဘဲ သီးသန့်ရလာခဲ့ပါတယ် အရင်နေ့တွေ့ကတော့ ဒက်လေးတွေအမြဲတမ်းပါသော်လည်း သူ့ချည့်သီးသန့်ကတော့ ဒီတစ်ခါရဖူးတယ်ဆိုရပါမယ် ဒီနေ့တော့ ကဒ်မပါလို့ စိတ်ပျက်ဖွယ်နေ့လို့လည်း မဆိုနိုင်သေးပါဘူး ရလာတဲ့ ဒတ်လေးတွေထဲမှာ 400 ဆိုတာက မနည်းပါဘူး တစ်ရက်ကစားလို့ အဲ့ဒီပမာဏရဖို့က အလွန်ခက်လှပါတယ် အခုတော့ ကဒ်လေးတွေအစား သူ့ကိုရလိုက်တော့ အတော်လေးကို ဟန်ကျစေတာပါဘဲ

စတင်းမွန်းစတားကတော့ နေ့စဉ် တိုးတက်လျှက်ရှိပါတယ် ဒီဂိမ်းကမကြာခဏ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လေ့ရှိပါတယ် သူ့ရဲ့ စည်းမျဥ်းစည်းကမ်းတွေ တစ်ခါပြောင်းသွားတိုင်း ကစားသူတွေကို အခွင့်အရေးတစ်ချို့ ပေးလေ့ရှိတာကတော့ တကယ်ကို နှစ်သက်စရာကောင်းတဲ့ အပြုအမူပါဘဲ နောက်တစ်ခု သဘောကျတဲ့အချက်လည်းရှိပါသေးတယ် သူ့ဂိမ်းကို နေ့စဉ်ဝင်ရောက်တဲ့ ကစားသမား အသစ် ကလည်း အမြဲတိုးတက်လျှက်ရှိပါတယ် ဒါက ဂိမ်းရဲ့အသက်သွေးကြောလို့ဆိုရပါမယ် ဒါကိုထောက်ချင့်ခြင်းအားဖြင့် ဂိမ်းရဲ့တိုးတက်မှုအလားအလာကို များစွာ ခန့်မှန်းလို့ရစေပါတယ် ဒီဂိမ်းက ဖရီးကားလို့မရပါဘူး ရတယ်ဆိုရင်လည်း ဒါဟာ နေ့စဉ်အကျိုးအမြတ်ရယူနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး အစမ်းသဘောနဲ့ ဂိမ်းထဲဝင်ရောက်နိုင်တဲ့အထိ ခွင့်ပြုပေးတာပါ လေ့လာစေတာပါ

အခုလို ဖရီးမဟုတ်ဘဲ အခကြေးငွေ ၀င်ကြေးအဖြစ် အကောင့်တစ်ခုကို 10$ ပေးသွင်းစေပြီးမှ စတင်လို့ အကျိုးအမြတ်ရှာကစားနိုင်ခြင်းဖြစ်ပါတယ် ဒါကိုဘဲ နေ့စဉ် နေ့တိုင်း ကစားသူအသစ် အကောင့်အသစ်များ မပြတ်တမ်းဝင်ရောက်နေတယ်ဆိုတာက တကယ့်ကို အားရဖွယ်ကောင်းလို့နေစေပါတယ် ဂိမ်းရဲ့ အနာဂါတ်ဟာ ကောင်းမွန်နေတယ်လို့ ဆိုရမယ် ပြီးတော့ ဒီဂိမ်းကို ကစားသူတွေရဲ့ ရင်းနှီးမြုပ်နှံမှုငွေကြေးဟာ အလဟသမဖြစ်စေရဘူးလို့ သူတို့ရဲ့ ကတိက၀တ်ကိုလည်း တစ်နည်းအားဖြင့် တည်လို့နေတယ်ဆိုတာကို သက်သေပြနေသကဲ့သို့နှယ်ရှိလှပါတယ်

ဒီညတော့ ဘယ်လိုဟီးရိုးတွေရလာမည်လဲ မသိသေးပါဘူး ဒီပို့စ်လေးရေးတင်းပြီးရင်တော့ ဒီနေ့အတွက် နေ့စဉ်ကဒ်လေးတွေရအောင် စတင်ကစားပါတော့မယ်

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/dec-%e1%80%b1%e1%80%94%e1%82%94%e1%80%9c%e1%80%ad%e1%80%af%e1%82%94%e1%80%86%e1%80%af%e1%80%ad%e1%80%9b%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9