ဒီအချိန်လေးကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလို့နေပါတယ် တစ်ခုခုတော့ တွေ့ရတော့မယ်ဆိုတာက မတင်မကျနိုင်လှပေမယ့် ထင်မှတ်မထားတာတွေလည်း ဖြစ်လာလေမည်လားဆိုသော စိုးရိမ်စိတ်ရဲ့ ခြောက်လှန့်မှုတွေကြား မျှော်လင့်ချက်တွေကို လက်သပ်မွေးမြူရင်း တင်္ဒဂမဟုတ်တဲ့ ကာလတစ်ခုကို စောင့်စားရခြင်းကြောင့် စိတ်လှုပ်ရှားမယ်ဆိုရင်လည်း အပြစ်တော့ ဆိုဖွယ်မရှိပါဘူး ဘာမှမရတာထက်စာရင်တော့ အခုလို စိတ်လှုပ်ရှားမှုလေးတွေနဲ့ မျှော်တလင့်လင့် လုပ်ရတာကဘဲ ဖီလင်တစ်မျိုးပါဘဲလေ
ဟုတ်ပါတယ် မကြာခင်မှာတော့ အာကာသဂိမ်းရဲ့ အဖြေကောင်းတစ်ခု ချပြလာတော့မှာဖြစ်ပါတယ် ( တကယ်က ကိုယ်မျှော်တာကိုပြောပါတယ်) အဲ့သလို ချပြလာတဲ့အခါ ဈေးတွေက တက်ဦးမှာပါ စတင်းဈေးမဟုတ်တာတော့ သေချာသလောက်ပါဘဲ ဒီဂိမ်းမှာတော့ ဂြိုလ်တွေရဲ့ ပေါက်ဈေးနဲ့ ယာဉ်ပျံတွေရဲ့ ပေါက်ဈေးတွေ ပေါ့လေ အဲ့ဒါတွေက အကျိုးအမြတ် ခွဲဝေမှုနောက်မှာ ထားကောင်းရောင်းစွံဖြစ်လာမယ့် အရာတွေမဟုတ်ပါလား အချိန်ခဏလေးဘဲ စောင့်ရတော့မှာပါ အဲပသလို မစောင့်နိုင်ရင်တော့ ရတဲ့ဈေးနဲ့သာ တီးထုတ်လိုက်ကြတာပေါ့လေ ခက်တာက ၀ယ်လက်က ခပ်ရှားရှားရယ်ပါ
အခုမြင်နေရတာကတော့ ရောင်းသူဝယ်သူ မျှချေမှာရှိလို့နေပါတယ် ကြိုက်ေ၇ာင်းကြိုက်ဝယ်ပေါ့လေ ယာဉ်ပျံတွေရောင်းတယ် သူတို့ပေးထားတဲ့ တိုကမ်လေးတွေ ရောင်းတယ် လဲတယ် ဂြိုလ်တွေ ရောင်းတယ် ဈေးရတာကလည်း ဂြိုလ်အရောင်းအ၀ယ်ကဘဲ ဈေးရလို့နေတာတွေ့ရတယ် အဓိကတော့ နေရာရောင်းစားတာပါဘဲ အလားအလာကောင်းတဲ့ နေရာတွေနဲ့ အချက်အခြာကျတဲ့နေရာတွေက ဈေးကောင်းကောင်းပေးတက်ရောင်းတက်ကြပါတယ် ကိုယ့်မှာတော့ နယ်မြေသစ်များစွာ ရှိလို့နေပါတယ် အဲ့ဒိဈေးကွက်မှာ နေရာတွေ ချရောင်းပြီး စတင်းဖေါ်စားမယ်ဆိုရင်တော့ အရင်းတင်မက အမြတ်ပါ ထွက်လာနိုင်ပါတယ် ဒါပေမယ့် မရောင်းပါဘူး လုံးဝမရောင်းဘူးလို့ ဆုံးဖြတ်ထားပါတယ် အကွင်းအကွက်ကောင်းတွေအားလုံး တူးဖေါ်ရှာဖွေပါဦးမယ် တစ်ခုခုတော့ တွေ့ရမယ်မဟုတ်လား...............
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/17/%e1%80%9b%e1%80%9e%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9%e1%80%9a%e1%80%b0%e1%80%99%e1%80%9c%e1%80%ac%e1%80%b8/