စောစောစီးစီး GOLD သရီး

in #steempress4 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%b1%e1%80%85%e1%80%ac%e1%80%b1%e1%80%85%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%ae%e1%80%b8-gold-%e1%80%9e%e1%80%9b%e1%80%ae%e1%80%b8

https://steemmonsters.com/

ဒီနေ့မှာတော့ steemmonsters game မှာ Gold League ကို ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ် ရာသီလိဒ်က စတင်တာမကြာသေးပေမယ့် ဒီတစ်ခါတော့ ဂိုးလိဒ်ကို ခပ်စောစောလေးဘဲ ရောက်လာခဲ့လိုက်ပါပြီ အခုလိုရောက်လာခြင်းကတော့ အချိန်ပိုတွေ အနည်းငယ်များနေတယ်လို့ ဆိုရပါလိမ့်မယ် အလုပ်ရယ်လို့ မည်မည်ရရမရှိတော့ ဂိမ်းတွေချည့်လှိမ့်ကစားနေဖြစ်တယ်ပေါ့ အရင်ကဆို တစ်ရက်ကို ငါးပွဲ ဆယ်ပွဲလောက်ကစားဘို့ အရေး မနည်းကို အချိန်လုလာခဲ့ရတာလား အခုတော့ တစ်ရက် ပွဲပေါင်းသုံးဆယ်လောက်ကို အသာလေးကစားဖြစ်နေပါတယ် ဒါကြောင့် ပြိုင်ပွဲတွေများပြီး နိုင်ပွဲတွေလည်း များလာရခြင်းဖြစ်ပါတယ် များများကစားလေ နိုင်ဖို့အခွင့်အရေးများလေဆိုရမယ်မဟုတ်လား

အရင်တစ်ခါပြီးဆုံးသွားခဲ့လေသော ရာသီလိဒ်မှာတော့ တွေးထင်ထားခဲ့သလောက်ထိ ကဒ်ကောင်းလေးတွေ မရပါဘူး လီဂမ်းကဒ်လေးတစ်ခုတော့ ပါခဲ့သော်လည်း တန်ဖိုးက နည်းနေခဲ့ပါတယ် တန်ဖိုးများတဲ့ ကဒ်ကလည်း အမြဲမရနိုင်တာဖြစ်လို့ အခုလို လီဂမ်းကဒ်လေးရတယ်ဆိုတာကိုဘဲ ကျေနပ်နေရတာပါ အဲ့သလိုကဒ်ကောင်းလေးတွေရပြန်တော့လည်း မသုံးရက်ပါဘူး သုံးလိုက်လို့ စစ်အင်အား တောင့်တင်းသွားမည်မှာ မှန်သော်လည်း ကိုယ်တွေက စစ်အင်အားရှာနေတာမဟုတ်ပါဘူး စတင်းရှာနေတာမဟုတ်လားဒါကြောင့် ရတဲ့ကဒ်ကောင်းတွေကို မသုံးရက်ပါဘဲ စတင်းနဲ့ လဲပြစ်တယ်ဆိုပါတော့လေ


https://steemmonsters.com/

ပြီးခဲ့တဲ့ရာသီလိဒ်မှာ ဒိုင်းမွန်းကိုရောက်ခဲ့တယ် အခုရာသီလိဒ်မှာကော ဒိုင်းမွန်းရောက်နိုင်မည်လား သိပ်တော့ သေချာမှုမရှိပါဘူး ဘာလို့လဲဆိုရင်တော့ ကိုယ့်ရဲ့ စစ်အင်အားနဲ့က ဒိုင်းမွန်းကို ရောက်ဖို့ ခက်ခဲပါတယ် သို့သော် သေချာလေး ကြိုးစားကစားရင်တော့ေ၇ာက်နိုင်ပါတယ် နောက်တစ်ချက်သေချာစေနိုင်တာတော့ ကိုယ့်ရဲ့ ဟီးရိုးကို လေဗယ်တင်ပေးခြင်းပေါ့ အဲ့ဒါကတော့ အနည်းငယ်တွေဝေနေတုန်းဘဲ ဂိမ်းတွေက ငွေရင်းနှီးလို့ သေချာတဲ့နေရာရှိသလို မသေချာဘဲ လုံးပါးပါးပြီး စတင်းအရည်ပျော်သွားတဲ့ ဂိမ်းတွေလည်း မနည်းပါဘူး ဒီစတင်းမွန်းစတားဂိမ်းကတော့ စတီးမစ်ထဲမှာ အမာဆုံးပါဘဲ ရင်းမယ်ဆိုရ်ငတော့ ရင်းသင့်ပါတယ်ဒါကြောင် ဒီရာသီလိဒ် မသိမ်းမီ စစ်အင်အားကို အနည်းငယ်တိုးချဲ့မယ် စိတ်ကူးမိပါတယ် ဒီကြားထဲ နေ့စဉ်ကဒ်လေးတွေကနေ ဒေါ်လာများတဲ့ ကဒ်ကောင်းလေးတွေရရင်တော့ ပိုပြီးကောင်းမှာပါဘဲ

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%b1%e1%80%85%e1%80%ac%e1%80%b1%e1%80%85%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%ae%e1%80%b8-gold-%e1%80%9e%e1%80%9b%e1%80%ae%e1%80%b8