Itemလေးတွေစုဆောင်းမယ်

in #steempress4 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/item%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%85%e1%80%af%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9a%e1%80%b9

https://holybread.io/

holybread game လေးကိုတော့ တဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ကစားနေရပါတယ် ဒီဂိမ်းက အတော်ကိုအပေးနည်းလှပါတယ် စတင်းငါးဆယ်ဝန်းကျင် ရင်းနှီးကစားရင်တော့ အကျိုးအမြတ်ပိုရနိုင်မယ်ထင်ရပါတယ် ကိုယ့်အတွက်တော့ ဖရီးကစားနေခြင်းသာဖြစ်လို့ အကျိုးအမြတ်က အင်မတန်နည်းနေရခြင်းဖြစ်မှာပါ ဒီထက်ပိုပြီး များများရဖို့ နည်းလမ်းလည်း မတွေ့နိုင်သေးပါဘူး ဒီအတိုင်းဆက်ကစားနေရတာကလည်း ဖရီးသမားတွေအတွက် အခွင့်အရေးရှိနေသေးလို့ဖြစ်ပါတယ် အဓိကတော့ item လေးတွေကို စိတ်ရှည်ရှည်ရှာနရေတာဖြစ်လို့ ကစားလို့တော့ ကောင်းသလိုရှိပါတယ်

item ကိုတော့ ဈေးကွက်ပို့ရောင်းလို့ရသလို ကိုယ်တိုင်သုံးမယ်ဆိုရင်လည်း အသုံးဝင်လှပါတယ် အခုထိတော့ စုဆောင်းနေတုန်းပါဘဲ အပိုဖြစ်လာတဲ့ အသုံးမ၀င်သော လေဗယ်နိမ့် item တွေကိုတော့ ဈေးကွက်ကိုပို့ပြီး ရောင်းချလိုက်တာပါဘဲ ဈေးကတော့ အခုနောက်ပိုင်း အင်မတန်နည်းပါတယ် ဈေးကွက်ကလည်းြိကုက်ရောင်းကြိုက်ဝယ်ဆိုတော့ စိတ်မနိုင်သူ ကစားသမားတွေက ဈေးချရောင်းလေ့ရှိပါတယ် ဒါကြောင့် ဈေးအနိမ့်တွေမှာသာ အရောင်းအ၀ယ်ဖြစ်လေ့ရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ရတဲ့ ဈေးနဲ့ တော့ ရောင်းလိုက်တာက အရောင်းအ၀ယ်ဈေးကွက်ကို အသက်ဝင်စေတုန်းပါဘဲ ဒါကြော်င့ အခုထိ ၀ယ်လက်ရှိနေတုန်းပါဘဲ ဈေးကြီးပေးဝယ်သုံးထားသူအတွက်ဆိုရင်တော့ အရင်းပြန်ရဖို့ ခက်လှပါတယ်


https://holybread.io/

ဒီနေ့မှာတော့ item တစ်လုံးထပ်ရလိုက်ပါတယ် လေဗယ်မြင့်အိုင်တန်ဖြစ်လို့ ကိုယ့်မှာရှိနေတဲ့ လေဗယ်အနိမ့်အိုင်တန်နဲ့ လဲလှယ်ပြီးသုံးလိုက်ပါတယ် အင်အားကောင်းသွားအောင် အားဖြည့်လိုက်သလိုရှိစေပါတယ် တိုက်ခိုက်ရာမှာ ခံနိုင်ရည်ပိုမိုမြင့်မားလာတာတွေ့ရပါတယ် ပိုနေတဲ့ အိုင်တန်လေးကိုတော့ ဈေးကွက်ကိုပို့ရတော့မှာဖြစ်ပါတယ် ဒီဂိမ်းရဲ့ ဦးတည်ရာက ဒိဘက်ကို ရွှေ့လျှားလာမယ်လို့သိရတဲ့အတွက် ဟီးရိုးတွေကိုေ လဗယ်များအောင် ဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည်တင်ပေးနေရပါသည်။ သူက တစ်ရက်နည်းနည်းချင်းတော့ စတင်းတွေ ထုတ်လုပ်ပေးနိုင်မယ်မဟုတ်လား ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/item%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%85%e1%80%af%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9a%e1%80%b9