အကြွေးဆပ်

in #steempress7 years ago


https://nextcolony.io

ဒါကတော့ မနေ့က မတင်လိုက်ရလို့ ဒီမနက်ရေးတင်ရတာပါဘဲ တစ်ရက်တစ်ပုဒ်တော့ ရေးမယ် အားတင်းထားပေမယ့် အမြဲတမ်းတော့ နပ်မှန်အောင် အတိအကျမလုပ်နိုင်တော့ပါဘူး အခက်အခဲ အတားအဆီးဆိုတာကလည်း မထင်မှတ်ဘဲ ပေါ်လာဖြစ်လာတက်သည်ကိုး ဒီတော့လည်း တစ်ရက်တစ်လေ ပျက်ကွက်တာလောက်တော့ ဖြစ်မှာပါဘဲလေ ဘယ်တက်နိုင်ပါ့မလဲ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလိုလုပ်ရတာပေါ့ မကြာခင်မှာတော့ လုံးဝမရေးနိုင်တော့တာတွေ ဖြစ်ချင်လည်း ဖြစ်လာမှာပါ အဲ့ဒီအခါတော့ စတီးမစ်နဲ့ အဆက်အသွယ်ပြတ်သွားမယ့် အခြေအနေနဲ့ကြုံရတဲ့အခါဖြစ်မှာပါ စာရေးဖို့က အကြောင်းအကျိုးညီညွတ်မှ အဆင်ပြေမှာဖြစ်ပေမယ့် ဂိမ်းတွေနဲ့တော့ အတူရှိနေဦးမယ်ထင်ပါတယ်

ဂိမ်းတွေကလည်း တဖြည်းဖြည်း အရှိန်ကောင်းလာတယ်ဆိုနိုင်ပေမယ့် ကစားသူအရေအတွက်အရဆိုရင်တော့ သိပ်ပြီး အားရစရာတော့ မကောင်းလှပါဘူး စတီးမစ်သုံးသူအရေအတွက် တဖြည်းဖြည်း နည်းပါးနေတာ လောလောဆယ်မှာ အကြောင်းမဟုတ်သေးပေမယ့် အဲ့ဒိအထဲကမှ ဂိမ်းကစားသူအရေအတွက် အနည်းငယ်ထဲမှာကိုဘဲ ဆက်ပြီးလျှော့ပါးလာနေတယ်ဆိုရင်တော့ (အသစ်ကစားသူ ဆက်ပြီး တိုးမလာတော့ရင်)အဟောင်းတွေ နည်းသွားရင်း ဂိမ်းရဲ့ ဦးတည်ရာဟာလည်း လမ်းလွဲလို့သွားနိုင်တာပါဘဲ စတီးမစ် အောင်မြင်မှ ဒီဂိမ်းတွေကလည်း အောင်မြင်မယ်ဆိုတော့ ကိုယ်တွေက နှစ်ခါသုံးခါ နာရမယ့် အခြေအနေဘဲ

အကောင်းဆုံးနည်းစနစ်အရဆိုရင်တော့ မြန်မြန်လုပ် ရသလောက်ယူ မြန်မြန်နား နောက်တစ်နည်းက စိတ်ရှည်ရှည်လုပ် အချိန်ကြာကြာဖြုန်း အခွင့်အေ၇းကိုစောင့် ဘယ်သင်းက မှန်မယ်တော့ မသေချာပေမယ့် ပထမနည်းကတော့ နည်းနည်းနဲ့ မြန်မြန်ရမှာသေချာတယ် သိပ်မကြိုက်လှပေမယ့် အဲ့စနစ်ကတော့ အွန်လိုင်းမန်းနီးလောကမှာ ထိပ်ဆုံးနေရာယူထားတဲ့ ဆေးမှီးတို နည်းကောင်းတစ်ခုဘဲ စတီးမစ်မှာက အဲ့ဒီနည်းသုံးရင် လူဆိုးစာရင်းဝင်သလိုဆိုတော့လည်း အင်း ပြောရခက်ကြီးပါလာ ရေရှည်လုပ်တယ်ဆိုသော်လည်း ကိုယ်လုပ်တဲ့ ပင်မအရင်းအမြစ်က ရေရှည်ခံပါ့မလားဆိုတာက အေ၇းကြီးလာပါတယ် ဒါအတွက်လည်း စိုးရိမ်းစရာပါဆိုရင်တော့ ကျန်တာတွေက ကံစီမံရာပေါ့ စတီးမစ်မှာ အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံသူ ဘယ်နှစ်ယောက်များ တိုးလာနေပြီလဲ အဲ့ဒါတွေကဘဲ စတင်းဈေးကို အနည်းငယ်တိုးလာစေနိုင်မယ်ဆိုတော့ အဲ့သလို လူတွေဘဲ မျှော်ရတော့မယ် ကိုယ်တွေလို ဖရီးသမားတွေချည့်ဆိုရင်တော့ ဂိမ်းဘဲကစားကြတာပေါ့လေ

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/03/%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%bc%e1%80%b8%e1%80%86%e1%80%95%e1%80%b9/