ရှာဖွေရေးလုပ်တယ်

in #steempress6 years ago


https://nextcolony.io

မရှာလို့မဖြစ်ပါဘူး ရှာရပါမယ် မတွေ့တွေ့အောင်ကို ရှာနေရပါတယ် တစ်ရက်မဟုတ် နှစ်ရက်မဟုတ် နေ့စဉ်ရက်ဆက်ရှာနေတာ ဘာတွေများလဲ အခြားတော့ မဟုတ်ရပါဘူး အာကာသထဲမှာ ဂြိုလ်အသစ်တွေရှာနေတာပါ ကြယ်တာရာတွေနဲ့ဂြိုလ်ကြီးက ကိုးလုံးတည်ရယ်လို့ မှတ်သားဖူးပါတယ် ဒီဂိမ်းထဲမှာတော့ ဂြိုလ်ကြီး ကိုးလုံးမကပါဘူး ဂြိုလ်အရေအတွက်တောင် ခန့်မှန်းရမလွယ်ပါဘူး ဘာလို့လဲဆိုတော့ ကစားသူတိုင်း အနည်းဆုံး ဂြိုလ်တစ်လုံးတော့ ပိုင်ဆိုင်ခွင့်ရထားလို့ပါဘဲ ကြိုးစားပြီး ရှာရင် ရှာသလောက်လည်း ဂြိုလ်သစ်လေးတွေ ရတက်တော့ ရနေတော့ ဂြိုလ်ပေါင်းသောင်းခြောက်ထောင်မက ရှိနေမှာပါဘဲ ဒါတောင် စတင်းနဲ့ ပါတ်သက်သူတွေသာ ကစားနေသေးလို့နော်

များမကြာခင်မှာတော့ စတင်းရဲ့အပြင်ဘက်က အ၀န်းအ၀ိုင်းတွေကို ချိတ်ဆက်ပြီး အားလုံးကစားလာခဲ့မယ်ဆိုရင်..........ဘာတွေဖြစ်လာမည်လဲ အင်း...ဖြစ်လာစရာတွေတော့ များသား အဲ့သလိုဖြစ်လာအောင်လည်း လုပ်နေတယ်ဆိုလား....... လွယ်တော့မလွယ်ဘူးပေါ့ ဖြစ်လာခဲ့သည်ရှိသော် ကစားထားသူတွေအတွက် အင်မတန်ကောင်းမှာပါ တစ်ယောက်ကို ဂြိုလ်သုံးလေးငါးလုံးနဲ့ ကစားသူအယောက် တစ်ရာ နှစ်ရာ တစ်ထောင် နှစ်ထောင် ဒီထက် ခပ်များများဆိုရင် ဘယ်လောက်တောင် ဂြိုလ်တွေ ရှိမည်လဲ တကယ့်ကို အာကာသထဲ ရောက်နေသလိုပါဘဲ အပြင်က အာကာသထဲမှာတော့ အဲ့သလောက် ဂြိုလ်တွေ များနေမလားမသိပေမယ့် ဒိဂိမ်းထဲမှာတော့ များလိုက်တဲ့ ဂြိုလ်တွေ အမျိုးအစားစုံလင်ပြီး အရောင်အသွေးတို့လည်း ကွဲပြားများပြားရှိလေရဲ့

ဒီအတိုင်းသာဆိုရင်တော့ အသစ်ကစားသူတွေအတွက်လည်း စိတ်ပျက်စရာမရှိပါဘူး ဂြိုလ်တွေကတော့ ရမှာပါ အခုကစားသူတွေ ရှေ့မရောက်သေးသူတွေနဲ့ အခက်အခဲဖြစ်နေသူတွေကတော့ ကစားနည်းပြောင်းသင့်ပါတယ် ဘယ်လိုလဲဆိုတော့ ရှိပြီးသားဂြိုလ်တွေကို မထိန်းနိုင်တော့ရင် ရောင်းလိုက် ဒါမှမဟုတ် ဒီအတိုင်းပြစ်ထားလိုက် မူလဂြိုလ်ကိုဘဲ အသေအလဲ လေဗယ်မရမကတင် နောက်ထပ် အသစ်ကစားပြီး မူလဂြိုလ်နဲ့ ပေါင်းလိုက် ဒါဆိုရင် ကစားရတာ အခွင့်အလမ်းပိုများပါတယ် အချို့ကတော့ ဒိဂိမ်းကို ပရက်ရှာများလို့ ရပ်နားလိုက်ကြတယ် အချို့ကတော့ တိုက်ခိုက်ခံရမှုတွေကြောင့် နားလန်မထူနိုင်တော့လို့ အကော်င့ပြောင်းပြီး အစက ပြန်ကစားကြတယ် အချို့ကတော့ လုံးဝကို မကစားကြတော့ဘူး အဲ့သလိုလူတွေများလာသလို အသစ်ကစားသူတွေလည်း များလာတယ် ဂိမ်းကတော့ လည်ပပါတ်နေတုန်းပါဘဲ မကစားသူတွေ ကိုယ့်အနားများများရှိနေရင်တော့ ဒါဟာ အခွင့်ကောင်းဘဲ သူတို့ ဂြိုလ်က ထွက်သမျှ ထိုင်သမပြီး လေဗယ် ကော်ကတင်နေလိုက်တာပေါ့လေ တဖြည်းဖြည်းချင်းတော့ အဆင့်မြှင့်သွားရမှာပါ လောလို့မှမရတာ ဖြေးဖြေးပေါ့

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/10/%e1%80%9b%e1%80%bd%e1%80%ac%e1%80%b1%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%90%e1%80%9a%e1%80%b9/