ဂြိုလ်ရှာရတာက တဖြည်းဖြည်းနဲ့ ခက်တဲ့ အပိုင်းရောက်လို့လာပါတယ် အရင်ကလို အလွယ်တကူ ရှာမတွေ့တော့တာကို သတိထားမိပါတယ် ရှာဖွေစရာနယ်ေမြေတွေ ကျဉ်းမြောင်းလာတာတွေ နည်းပါးလာတာတွေနဲ့ ရှာဖွေစရာနယ်မြေက ကိုယ့် နယ်နိမိတ်ထက် ဝေးလွန်းသောနေရာမှာ ရှိနေတာတွေက ရှာဖွေမှုမကို များစွာ အခက်အခဲဖြစ်လာစေပါတယ် ဒါကို ကုစားဖို့ရန်အတွက်ဆိုပြီး ရှာဖွေရေးးယဉ် အသစ် ထုတ်လုပ်ပေးလိုက်ပါတယ် လူတိုင်းကလည်း ဒါကို စောင့်နေတာပါ ကောင်းတော့ကောင်းပါတယ် မကောင်းတာကတော့ သူက ရောင်းစားတာဖြစ်နေပါတယ်
လူတိုင်းကတော့ မြန်မြန်ရှာတွေ့ချင်တာပါဘဲ မြန်မြန်ရှာတွေ့ရင် မြန်မြန် အဆင်ပြေမှာဖြစ်လို့ အမြန်ရပြီးရောဆိုပြီ သူတောင်းတဲ့ စတင်းတွေ အမြန်ဆုံး ပို့ဆောင်ပြီး ၀ယ်ယူကြမည်သာဖြစ်ပါတယ် တကယ်ရှာတွေ့လာရင်တော့ ပြသနာမဟုတ်တော့ပါဘူး ထင်ထားသလို ဖြစ်မလာရင်တော့ ၀ယ်မထူးတွေ ဖြစ်လာမှာလားလို့ပါ ဒီလောက်နဲ့ကတော့ ဘာမှမဖြစ်ပါဘူး ဆိုရင်လည်း ၀ယ်သင့်ပါတယ် ဒီထက် များစွာ အကုန်ကျခံထားသေးတာဘဲ ဒီလောက်လေးတော့ ကြည့်မနေပါဘူး ဆိုပြီး ၀ယ်ကြသည်သာဖြစ်ပါတယ်
ဝယ်တော့ ၀ယ်ချင်ပါတယ် နည်းနည်းများနေသလားလို့ပါ များတယ်ဆိုတာက သူ့ရောင်းဈေး မပြောလိုပါဘူး သူကတော့ ဒီတိုင်း ရောင်းမှာပါဘဲ ဒါတောင် သက်သာတယ်ဆိုနိုင်ပါသေးတယ် နောက်ထပ်လည်း ဒီလို ၀ယ်စရာတွေ လာဦးမယ်ဆိုတဲ့သဘော မြင်ပါတယ် ၀ယ်သူရှိနေသရွေ့ကတော့ ဆီလို အပေါက်ရှာပြီး ရောင်းစရာတွေ ဖန်တီးလာပါဦးမယ် လုပ်ပေါ့ကွယ် ဒီတစ်ခါမှ မကွဲ မကွဲတော့ဘူး သိနေတယ် ဒိကောင် ဂျင်းထည့်နေတယ်ဆိုတာကို သိသိကြီးနဲ့ စွဲစွဲလမ်းလမ်းလုပ်နေတာတော့ ဘယ်လိုပြောရမလဲ လောဘပေါ့ ဒါကြောင့် ဆက်သာလုပ်ရမှာဖြစ်လို့ သိပ်လည်း တွေးမနေတော့ပါဘူး
မတွေးဘူးဆိုပေမယ့် စတင်းသုံးစွဲမှုကိုတော့ ဖြတ်တောက်လိုက်ပါပြီ နောက်ထပ် မသုံးတော့ပါဘူး ဒီလောက်ဆို တော်ပြီလားလို့ပါဘဲ ဆက်သုံးရင်လဲ အိမ်က တောင် လိုက်ရမယ့်သဘောရှိတယ် ဒါကတော့ ထားပါ ရင်းနှီးမြုပ်နှံမှုများ ကြောက်ရွံနောက်တွန့်သူတွေအတွက် အခွင့်အရေးမရှိပါဘူး စီးပွားရေးက စီးပွားရေးဆန်ဆန်လုပ်ရမှာပါဘဲ ကိုယ်အထွာနဲ့ကိုယ်ပေါ့လေ နောက်ထပ် အပြောင်းအလဲမလာမချင်းတော့ မသုံးတော့ဘူး ဆုံးဖြတ်ထားပါတယ် အပြောင်းအလဲဆိုတာက ဆုကြေးခွဲဝေပေးမှု သေချာမသိရသေးဘဲ မသုံးချင်တော့ပါဘူး နောက်ကျလဲ ကျပါစေတော့ ရှိတဲ့ အရှိန်လေးနဲ့ မှေးလိုက်ပါတော့မယ်
စတီးမစ်ကိုလည်း နည်းနည်း အမြင်မကြည်ချင်တော့ပါဘူး လုပ်ပေါက်က ဟုတ်ကိုမဟုတ်ဘူး ဒီလိုသာသွားရင်တော့ သိပ် အဆင်မပြေနိုင်ဘူး အလကားရသည် ဆိုစေဦးတော့ အလကားမရတဲ့ အရာတွေ ပေးဆပ်နေရတာ ဘယ်လိုလုပ်မလဲ တစ်ခုခုလုပ်ရင် အခြားအရာတွေ စွန့်လွှတ်ရတယ် လက်လွှတ်ရတယ် အနားပေးရတယ် ရပ်နားရတယ် အလကားတော့ မရဘူးလေ ဒီတော့ နည်းနည်း တွေဝေပါရစေဦး နောက်ထပ် ထူးခြားတာ မတွေ့မချင်းကတော့ ဘရိတ်လေး ထိန်းဦးမှ ရပါမယ် အပြောင်းအလဲ တွေက မြန်ဆန်လွန်းတော့ ကြောက်တောင် ကြောက်လာမိပါရဲ့
အခုလက်ရှိမှာတော့ ဂိမ်းကစားတာနဲ့ဘဲ အချိန်တွေ ကုန်လွန်နေတယ် ဂိမ်းတွေနဲ့ အဆက်ပြတ်သွားရင်တော့ ကျန်တာတွေ က လုပ်စရာသိပ်မရှိလှပါဘူး ဂိမ်းမကစားသူတွေအတွက်တော့ ကောင်းပါတယ် အချိန်ကုန်သက်သာတာပေါ့ စာရေးတာက ပြောသလောက် အချိန်မပေးရပါဘူး အရင်က စာရေးတာ ပို့စ်တာင်တာကို ခက်လှချည် အောင့်မေ့တာ ဘယ်ဟုတ်မလဲ အခုဂိမ်းထဲ ရောက်မှ စာရေးတာက လွယ်မှလွယ် ခဏလေးရယ် ဂိမ်းကတော့ မပြီးတော့ဘူး အမျှင်ကိုတန်းလို့ ကိုယ်တွေလဲ ဒီဂိမ်းပြီးရင်တော့ ဂိမ်းလောက ကနေ အနားယူဖို့ လုပ်ရတော့မယ် ကောင်းတော့ ကောင်းတယ် အိပ်ရေးပျက်တယ်
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=12
Hi!
How are you?
Steemitri The Mannequin here... just wanted ti know if you can stop your attack against my planet.
Let me know if we can collaborate ;-)
Bye
Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!