လူကိုဖျက်​​တော့ အပိုင်း (၂၀)

in #story6 years ago

လူကိုဖျက်​​တော့ အပိုင်း (၂၀)

အိမ်​​ရှေ့ဖိနပ်​ချွတ်​အတက်​တွင်​ ​မောင်​ငြိမ်း​ခြေ​ချော်​၍ လဲကျသွားသည်​။
မိဖြူလည်း အသံကြား၍ ထမင်းချက်​​နေရာ မီးဖို​ချောင်​မှ အိမ်​​ရှေ့သို့ အ​ပြေးက​လေး​ ​ပြေးထွက်​လာသည်​။

လျှပ်​စစ်​မီး မရှိသဖြင့်​ ဖ​ယောင်းတိုင်​မီးကလည်း မှိန်​ပြပြသာ လင်း​နေသည်​။

"ဟင်​ ... အ​ဖေ"

မိဖြူ သူ၏ဖခင်​​မောင်​ငြိမ်းကို ဖိနပ်​ချွတ်​မှ သွား​ရောက်
ထူ​ပေးပြီး မနိုင်​မနင်းဖြင့်​ အ​ပေါ်ဆင့်​သို့ တွဲ​ခေါ်လာခဲ့သည်​။

"မိနွယ်​"

"အ​ဖေ ... သမီးပါ"

မောင်​ငြိမ်းတစ်​​ယောက်​ မူးမူးနှင့်​ မိနွယ်​ကိုသာ ဖက်​ထားသည်​။
မိဖြူ​ပြော​သော စကားလည်း မကြားပါ။

ဆရာတင့်​လူ၏ ပညာ​ပေးဇာတ်​လမ်းတိုများ စုစည်းခြင်း
image