Beautiful Place in Myanmar...

in #sunset6 years ago (edited)

ကယန်းအကြောင်းလေးလေ...ခါင်းကို ကယန်းရိုးရာပုဝါစ နဲ့ ပေါင်းထားပြီး ကျောနဲ့ အရှေ့မှာ ကယန်းစောင် နဲ့ နို့စို့အရွယ် ကလေး၂ယောက်ကို ရှေ့မှာတစ်ယောက် ကျောမှာတစ်ယောက်ပိုးရင်း လက်တစ်ဖက်မှာတော့ အဖြူရောင်အကျီင်္နဲ့ အပြာရောင်စကတ် ဝတ်ဆင်ထားတဲ့ ပါးမှာသနပ်ခါးအဖွေးသားနဲ့ မူကြိုအရွယ် ကလေးကို လက်တွဲထားတဲ့သူကတော့ ဒေါငံရောက်(ဒီမောဆိုမြို့နယ်) ရွာက အသက်၇၀ အရွယ် ကယန်းအဖွားအို တစ်ယောက်ပါ။ကဲနောက်တစ်ပုဒ်လာပြီ..သူက မြေး၂ယောက်ကို ရှေ့နဲ့နောက်မှာ ကျောပိုး ရင်း မူကြိုကျောင်းသူ မြေးကို လက်တစ်ဖက်ကဆွဲ ကျန်တဲ့လက်တစ်ဖက်မှာ ထမင်းချိုင့်ကိုင်ပြီး နေ့စဉ် သူ့နေအိမ်ကနေ ရွာကမူကြိုကျောင်းအထိ ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ကျောင်းပို့နေကြပါ။အဖွားအို.....

f8cshwjcr1.jpg
Photo credit original source

မိသားစုပြသနာတွေ...သူလက်တွဲထားတဲ့ မူကြိုကလေးက သူ့မြေးမလေး ဖြစ်ပြီး ကလေးအမေက မိသားစုဝင်ငွေ နဲ့ ကလေးကျောင်းစရိတ် အတွက် စင်ကာပူမှာ အလုပ်သွားလုပ်နေတာကြောင့် မြေးကို အဖွားကပဲ စောင့်ရှောက်ပေးရပါတယ်။ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ရှိနေတဲ့ ကယား၊ ကယန်း၊ ကယော စတဲ့ မျိုးနွယ်စု သုံးစု အများဆုံးနေထိုင်ကြတဲ့ ပန်​ပက်​၊ ​ဒေါတမကြီး၊ ​ထေခိုစတဲ့​ကျေးရွာ​တွေက အိမ်ရှင်မ အများစုက ကလေးတွေကျောင်းတက်ဖို့၊ မိသားစုဝင်ငွေဖူလုံ ဖို့အတွက်စကာင်္ပူ၊ မလေးရှား နဲ့ ထိုင်းနိုင်ငံတို့မှာ အိမ်အကူ၊ စက်ရုံ၊ အလုပ်ရုံသွားရောက်လုပ်ကိုင်ကြရတာကြောင့် မိသားစုပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အခက်အခဲတွေပေါ့လေ....

x1r5f6aoxb.jpg
Photo credit original source

အိမ်ရှင်မဆိုတာက..အိမ်ရှင်မတွေ အခုလို နိုင်ငံခြားထွက်အလုပ်အကိုင်ရှာပြီး မိသားစုအတွက် စားရိတ်ထောက်ပံ့နေတဲ့အချိန် အိမ်မှာကျန်ခဲ့တဲ့ အိမ်ထောင်ဦးစီးတွေက ဇနီးသည် နဲ့ ကင်းကွာပြီး တချို့က အိမ်ထောင်ရေးအဆင်မပြေတော့တာ၊အရက်၊ ဘီယာ စတဲ့အဖျော်ယမကာတွေနဲ့ မွေ့လျော်နေကြတာနဲ့ ကလေးတွေမိခင်မေတ္တာငတ်နေတာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာတွေကို ကိုယ်တိုင်လေ့လာ ကွင်းဆင်းချက် အရ တွေ့ရပါတယ်။ကွင်းဆင်းထားတာပါ။

pxnxio9gnk.jpg
Photo credit original source

သူ့ရဲ့ခံစားချက်ကလဲ...“သူတို့အမေက ကျွန်တော့်ကိုမချစ်ဘူး၊ သူမချစ်လို့ ကျွန်တော့်ကိုဒီလိုပစ်ထားတာ တကယ်တမ်းပြန်လာပြီး တူတူလုပ်ကိုင်စားသောက်လို့ရတာပဲ သူမှကျွန်တော့်ကို မချစ်တာ” ဆိုပြီး ဇနီးသည် နိုင်ငံခြားကို ရောက်သွားတာ သုံးနှစ်ကျော်နေပြီဖြစ်တဲ့ ဦးလေးတစ်ယောက်က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။ဇနီးသည်နိုင်ငံခြားကို ရောက်ပြီး တနေ့တခြား အရက်တွေကို သူပိုသောက်ဖြစ်ခဲ့တယ်။ အစားအသောက်တွေကိုလည်း ဖြစ်သလိုနဲ့ စားလာတဲ့ရက်တွေ များလာတယ်လို့ အိမ်နီးချင်းတွေကပြောပါတယ်။ သူ့လိုပဲ ဇနီးက နိုင်ငံခြားကိုသွားပြီး အလုပ်သွားလုပ်လို့ ကျန်ခဲ့တဲ့ ယောကျာ်း ဆယ်ယောက်မှာ တစ်ယောက် က အရက်ကိုအဖော်ပြုနေကြတာကို ကိုယ်တိုင် လေ့လာစစ်တမ်းကောက်ယူမှုအရ တွေ့ရပါတယ်။သေချာလေ့လာထားတာပါ။

hhxbkeg10b.jpg
Photo credit original source

ကယန်းအကြောင်းကတော့...ကယန်းဒေသ ပန်ပက်ကျေးရွာအုပ်စုတွင်းမှာ ရှိတဲ့အိမ်ခြေ ၁၆၀မှာ အမျိုးသမီး ၁၄၀လောက်က နိုင်ငံခြားမှာ ငွေရှာထွက်​​နေကြတာကို ​ကျေးရွာအထိ ကိုယ်​တိုင်​​လေ့လာစစ်​တမ်း​ကောက်​ယူမှုအရ သိရပါတယ်​။ ဖရူဆိုမြို့နယ် နဲ့ ဒီမောဆို မှာ လူဦးရေ ၅၀၀လောက်က နိုင်ငံခြားကို သွားပြီးအလုပ်အကိုင်ရှာဖွေ နေကြပါတယ်။အဆင်မြေပြေလို့ပါ...

ej0ix7id9q.jpg
Photo credit original source

ဒီးမော့ဆို ဆိုတဲ့နေရာရောကြားဖူးကြလား..ဒီးမော့ဆိုမြို့နယ်ရဲ့ စုစုပေါင်းလူဦးရေမှာ ၇၉၁၇၄ဦး ရှိပြီး နိုင်ငံခြား ကိုသွားရောက် အလုပ်လုပ်ကိုင်သူဦးရေက လူဦးရေ ရဲ့ ဆယ်ပုံတစ်ပုံခန့် ရှိပါတယ်။ ဖရူဆိုမြို့နယ်ရဲ့ လူဦးရေမှာ သန်း​ခေါင်​စာရင်းအရ ၂၉၃၇၄ဦးဖြစ်ပါတယ်။“ကျွန်တော်အားငယ်တယ်၊ ၀မ်းနည်းတယ်၊ တစ်ခါတလေ ကိုယ့်ဟာကိုခိုးငိုတယ်၊ ကိုယ့်မှာအမေရှိရက်နဲ့ တူတူမနေရဘူးဆိုပြီးတော့လေ၊ မိသားစုစုံစုံလင်လင် ပြန်နေချင်တယ် ငယ်ငယ်တုန်းကလိုပေါ့” လို့ ၉တန်းကတည်းက အမေနဲ့ ခွဲခွာနေရတဲ့ လွိုင်​​ကော်​ပညာ​ရေး​ကောလိပ်​​ကျောင်းသား​လေးက မိသားစုသိုက်သိုက်ဝန်းဝန်းပြန်နေချင်ကြောင်း သူ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။သေချာကောက်ထားတာပါ။

ingehybus7.jpg
Photo credit original source

ဝမ်းနည်းမိတာပေါ့...အမိုး(အမေ)နဲ့ အမတို့ ဖြစ်စေချင်တဲ့ လူမျိုးဖြစ်အောင် ကျွန်တော်ကြိုးစားပါ့မယ်ဆိုပြီး မိခင်နဲ့ အစ်မရဲ့ အဝေးကနေဆိုဆုံးမမှုကြောင့် သူ ဆယ်တန်းအောင်မြင်ပြီး အခုဆိုရင် လွိုင်ကော်ပညာရေးကောလိပ်မှာ ကျောင်းဆရာပညာ သင်ယူနေပါပြီ။ ဒီလိုအမေနိုင်ငံခြားထွက်ပြီး အလုပ်လုပ်တဲ့အတွက်ကြောင့် သားသမီးတွေ မိခင်နဲ့အတူမနေရတာ ပျမ်းမျှ တစ်ရွာမှာ ၅ဦးလောက် ရှိနေပါတယ်။“အ​မေ့ရဲ့​မေတ္တာမရ​တော့ စိတ်​အားငယ်​ရမှာလည်း စိုးရိမ်​တာပဲ မိဘအနားမှာမရှိလို့ သူတစ်ပါးအနိုင်​ယူခံရမှာကိုလည်း စိုးရိမ်​တာပဲ အစစရာရာ​ပေါ့” လို့ ရွာမှာ သမီးလေးတစ်ယောက်ကို အဖွားတွေနဲ့အတူ ထားခဲ့ရတဲ့ စင်္ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်တည်းကနေ အခုထိ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်က သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။အစစ်မှန်ခံစားချက်တွေပါလေ...

u9yxqg2ycz.jpg
Photo credit original source

@babysister
Myanmar
I love steemit.