ကြွေချိန်မကျ မကြွေရ အပိုင်း - ၂၂
"ဟဲ့ ... ငါ့သားမသေဘူးဟဲ့၊ မေ့မြောနေတာ၊ ရေတောင်းနေတယ်၊ ရေတစ်ခွက် အမြန်ခပ်လာကြပါဦးဟဲ့"
ဟု ထူးသာ၏ အမေက ပရိသတ်ဘက်လှည့်ပြီး အားရဝမ်းသာ အော်ဟစ်ပြောဆိုလိုက်ရာ
အသုဘပို့လာသူများအားလုံး အပြေးအလွှား လာရောက်ပြီး တအံ့တသြ ဝိုင်းအုံပြောဆိုကြည့်ရှု့ကြသည်။
ထူးသာကောင်းကောင်းသတိပြန်လည်လာပြီး သတိလစ်မေ့မြောနေစဉ်က ငရဲပြည်ကို ရောက်ခဲ့ကြောင်း၊ သူ့အလှည့်မဟုတ်သေး၍ ပြန်လာခွင့်ရခဲ့ကြောင်းနှင့် ငရဲထိန်းလူကြီးတစ်ဦး၏ မှာကြားချက်ကို ပြောပြလိုက်သည်။
ဝေဘူစန်း (ကညွှတ်ကွင်း) ရေးသားသည်။
အပိုင်း - ၂၃ ဆက်ရန်
