ဖီလင်

in #write3 years ago

မှေးစက်
မပျော်တဲ့
နာရီတွေကြားမှာ
လူးလွန့်
သွားလာနေတဲ့
အိပ်မက်ရထားကို
ခေါက်တုန့်
ခေါက်ပြန်
မောင်းနှင်ရင်း
အိပ်ယာဝင်မှာ
တွန့်ကြေသွားတဲ့
အသိကို
ပြန်ပြန်
စမ်းနေမိတယ်။