ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ(The theory of karma is the theory of cause and effect, of action and reaction; it is a natural law, which has nothing to do with the idea of justice or reward and punishment.")[၁][၂] [၃]တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။[၄] မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။
သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။
(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ (၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။ (၃) အာနဥ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။
ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..
စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။
ထို့ကြောင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။
ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..
စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%BA%E1%80%84%E1%80%AB%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
Congratulations @laytankone! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
Congratulations @laytankone! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!