📝

in #zappl6 years ago

#လူတို့၏ သီလဝိသုဒ္ဓိ


လူတို့၏ သီလဝိသုဒ္ဓိသည်ကား ရဟန်းတော်တို့
၏ သီလဝိသုဒ္ဓိကဲ့သို့ ကျယ်ဝန်းခက်ခဲသည်မဟုတ်
#ပဉ္စသီလ ကိုဖြစ်စေ #အာဇီဝဋ္ဌကမသီလ ကို
ဖြစ်စေ ဆောက်တည်စောင့်ရှာက်ရုံမျှဖြင့် သော်
လဲ #သီလဝိသုဒ္ဓိ ပြီးစီးသည်သာတည်း ။ ငါးပါး
သီလနှင့် အာဇီဝဋ္ဌမကသီလတို့သည် အချို့သိက္ခာ
ပုဒ်အားဖြင့် ကွဲပြားပါလျက် သီလဝိသုဒ္ဓိပြီးခြင်း
အားဖြင့် အဘယ်ကြောင့်တူကြသနည်း ဟူမူ ------
စောင့်ထိမ်းမှု ကြဉ်ရှောင်မှု တူသောကြောင့် တူ
ကြပေသည် ။

      တူပုံကား -------  ငါးပါးသီလကို  ဆောက်

တည်သောသူသည် အပြည့်အစုံစောင့်ရှောက်လျှင်
တိုက်ရိုက်ဆောက်တည်မှုအားဖြင့် ထင်ရှားသော
သိက္ခာပုဒ်ငါးပါးကိုသာ စောင့်ရှောက်အပ်သည်မ
ဟုတ်သေး ။ ဝဇီကံ အဖြစ်ဖြင့်တူ၍ မူသာဝါဒ၌ ပါ
ဝင်သော #ပိသုဏဝါစာ = ဂုံးတိုက်ခြင်း ,
#ဖရုသဝါစာ = ဆဲရေးကျိမ်ဆိုခြင်း , #သမ္ဖပ္ပလာပ = အမှန်ဖြစ်ပျက်သည့် အကြောင်း
အရာမရှိသော ပုံပြင်ဝတ္ထု စသည်ကို ပြောဆိုခြင်း
ဟူသော ဤ ဝဇီကံ ၃ - ပါးမှလဲ စောင့်ရှောက်အပ်
သည်သာတည်း ။ ကာယကံ ၃ - ပါး , ဝဇီကံ ၄ -
ပါး တို့မှ အပြည့်အစုံစောင့်ရှောက်သော သူသည်
#မိစ္ဆာဇီဝ မှလဲ ကင်းသည်သာတည်း ။ သို့ဖြစ်၍
ငါးပါးသီလသည် #အာဇီဝဋ္ဌမကသီလ နှင့် တူ
ပေသည် ။

     အာဇီဝဋ္ဌမကသီလ   ကိုအပြည့်အစုံ  စောင့်

ရှောက်သော သူသည်လည်း ကာမဂုဏ်တို့၌ မှား
ယွင်းမှုအဖြစ်ဖြင့်တူ၍ ကာမေသုမိစ္ဆာစာရ၌ ပါဝင်
သော #သုရာပါန မှလဲ စောင့်ရှောက်အပ်သည်
သာတည်း ။ သို့ဖြသ်၍ အာဇီဝဋ္ဌမကသီလသည်လဲ
ငါးပါးသီလနှင့်တူပေသည် ။ ဤ သို့စောင့်ထိမ်းမှု
ကြဉ်ရှောင်မှုတူသောကြောင့် ထိုသီလ ၂ - မျိုးတို့
တွင် တစ်မျိုးမျိုးကို ဆောက်တည် စောင့်ထိမ်းခြင်း
ဖြင့် သီလဝိသုဒ္ဓိ ပြီးစီးပြည့်စုံပေသည် ။ ဤ ငါးပါး
သီလ , အာဇီဝဋ္ဌမကသီလ တို့၌ အသက်မွေးမှုနှင့်
မဆိုင်သော ကာယကံ ၃ - ပါး , ဝဇီကံ ၄ - ပါးတို့
မှ ရှောင်ကြဉ်မှုသည် #ပါတိမောက္ခသံဝရသီလ
ပေတည်း ။ အသက်မွေးမှုနှင့်ဆိုင်သော ကာယကံ
၃ - ပါး , ဝဇီကံ ၄ - ပါးတို့မှ ရှောင်ကြဉ်မှုသည်
#အာဇီဝပါရိသုဒ္ဓိသီလ ပေတည်း ။

#အာဇီဝ  အရာ၌  လူတို့၏  သီလကို

ရဟန်းတို့၏ သီလကဲ့သို့ မမှတ်အပ် ။ ရဟန်းတို့မှာ
မိစ္ဆာဇီဝကို ပြုဆဲကာလ၌၄င်း , မိစ္ဆာဇီဝဖြင့် ရသော
ပစ္စည်းကို သုံးဆောင်ဆဲကာလ၌၄င်း , ဘုရား၏
အာဏာတော်ကို ကျူးလွန်ခြင်းကြောင့် အာပတ်
လည်းသင့်၏ ၊ အာဇီဝလဲပျက်၏ ။ လူတို့မှာကား
အသက်မွေးမှုအတွက် ကာယကံ ဝဇီကံတို့ကို လွန်
ကျူးဆဲ၌သာလျှင် အာဇီ။သီလ ပျက်၏ ။ မိစ္ဆာဇီဝ
ဖြင့် ရသောပစ္စည်းကို သုံးဆောင်သောကာလ၌
ကား #အာဇီဝသီလ မပျက်သည်သာတည်း ။ အ
ဘယ့်ကြောင့်နည်းဟူမူ ----- သုံးဆောင်ဆဲကာလ၌
ပါဏာတိပါတ စသောကာယကံ ဝဇီကံ တို့ကိုလွန်
ကျူးခြင်းလဲမရှိ ရဟန်းတို့ကဲ့သို့ ဘုရားအာဏာကို
လွန်ကျူးမှုလည်း မဖြစ်သောကြောင့်ပေတည်း ။
သို့ဖြစ်၍ လူတို့မှာ #မိစ္ဆာဇီဝ ဖြင်ရပြီးသော ပစ္စည်း
များကို ရဟန်းတို့ကဲ့သို့ စွန့်ပစ်ရန်မလိုပြီ , မစွန့်
သော်လဲ အသက်မွေးမှု အတွက် ကာယကံ ဝဇီကံ
တို့ကို နောက်ထပ်မပြုလျှင် #အာဇီဝပါရိသုဒ္ဓိသီလ
ညှိုးနွမ်းပျက်စီးခြင်းမရှိ စင်ကြယ်ငည်သာတည်း ။

          #ဣန္ဒြိယသံဝရသီလ  ကိုရဟန်းတော်

များပင် တရားအားမထုတ်မီက ပြည့်စုံစေရန် ခဲ
ယဉ်းကြောင်းကိုပြခဲ့ပြီ ၊ လူများမှာကား လူများမှာ
ကား ဆိုဖွယ်ပင်မရှိတော့ပြီ။ပစ္စယသန္နိဿိတသီလ
သည်လည်း " လူတို့မှာ မဆင်ခြင်ပဲ သုံးဆောင်
သော်လဲ , ဣဏပရိဘောဂ မဖြစ်သောကြောင့် "
ရဟန်းတို့ အတွက်ငာတည်း ။ သို့သော်လည်း
သုတ်ဒေသနာ၏ ဆိုင်ရာဖြစ်သောကြောင့် ပစ္စည်း
တို့ကို ဆင်ခြင်၍ သုံးဆောင်လျှင် လူတို့မှာလဲ ကု
သိုလ်ပွါး၍ အကုသိုလ် နည်းပါးမည်ကိုကား ယုံ
မှားဘွယ်မရှိပေ ။ တရားအားထုတ်သော ကာလ၌
ကား ဘာဝနာစိတ္တုပ္ပါဒ်ဖြင့် သီလ ၄ - မျိုး လုံး
အပြည့်အစုံစင်ကြယ်၏ ၊ ထင်ရှားလတ္တံ့ ။

       သီလကို   ရက်  လ  နှစ်  ကြာမြင့်စွာ  စင်

ကြယ်စေပြီးမှ ဘာဝနာကို အားထုတ်ကောင်းသည်
သို့မှ သမာဓိ ပညာ ဖြစ်သည်ဟု အချို့က မှတ်
ထင်လျက်ရှိ၏ ၊ ထိုသို့ ထင်မှတ်ခြင်းသည် ပိဋ-
ကတ် ၃ - ပုံ ပါဠိ အဋ္ဌကထာ ဋီကာတို့၌
" မည်မျှကြာအောင် သီလကို စင်ကြယ်စေပြီးမှ
အားထုတ်ရမည် " ဟုမိန့်ဆိုခြင်းမရှိသောကြောင့်
ထိုသူတို့၏ ထင်မြင်ချက်မျှသာတည်း ။

#ထင်ရှားစေဦးအံ့ - ရဟန်းများမှာ ပါတိမောက်
သီလပျက်လျှင် အာဏာဝီ
တိက္ကမအန္တရာယ်ဖြစ်၏ ။ ထို့ကြောင့် ၄င်းသီလကို
ရှေးအဖို့ကပင် သုတ်သင်ရပေသည် ၊ သို့သော်လဲ
" မည်မျှကြာရှည်စွာ စင်ကြယ်ပြီးမှ ဘာဝနာကို
အားထုတ်ရသည် " ဟူ၍ကား ပါဠိ အဋ္ဌကထာ
ဋီကာတို့၌ မဆိုသည်သာတည်း ။ ထို့ကြောင့် ပါတိ
မောက်သီလ စင်ကြယ်သောအချိန် နာရီမှစ၍ ရ
ဟန်းတို့သည်ပင် အားထုတ်ကောင်းသေး၏ ၊ လူတို့
မှာ ဆိုဘွယ်မရှိပြီ ၊ ပါရမီပြည့်စုံလျှင် ထိုအချိန်မှစ
၍ သမာဓိ , ဝိပဿနာ , မဂ်ဖိုလ်များသို့ ရောက်
နိုင်သည်ချည်းသာတည်း ။

       လူတို့  ကျင့်အပ်သော  ငါးပါးသီလသည်

သာသနာတွင်း , သာသနာပ ဘယ်အခါမဆိုရှိ၏ ။
၎င်းသီလချွတ်ယွင်းလျှင် အပြစ်ဖြစ်သည်ချည်းသာ
တည်း ၊ ပြည့်စုံလျှင်လဲ ကုသိုလ်သည်ချည်းသာ
တည်း ။

      #ဤငါးပါးသီလ  ပျက်စီးရာ , ပြည့်စုံရာ၌

ဘုရားအမိန့်ကြောင့် အပြစ် , အကျိုးဖြစ်သည်မ
ဟုတ် ၊ သဘာဝဓမ္မအတိုင်းသာလျှင် အပြစ် ,အကျိုး
ဖြစ်၏ ။ ထို့ကြောင့် လူတို့၏ ရှေးအဖို့က သီလ
ပျက်မှုသည် " ပဉ္စာနန္တရိယကံ , ဘိက္ခုနီဒူသနကံ
အရိယူပဝါဒကံများ မဟုတ်လျှင် " မဂ်ဖိုလ်ကို
တားမြစ်တတ်သော အန္တရာယ် မဖြစ်သည်သာ
တည်း ၊ ထိုကံတို့အား ကျူးလွန်မိပါက လူဖြစ်စေ
ရဟန်းဖြစ်စေ ဤဘဝ၌ မဂ်ဖိုလ်ကို မရနိုင်တော့
ပြီ ၊ ဤ အန္တရာယ်ငါးပါးအား ကျနော်၏ Wall
ထဲ၏ ရှေ့နားတွင် ဖေါ်ပြခဲ့ပြီဖြစ်၏ ။

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်
သြဝါဒစရိယ ကျေးဇူးတော်ရှင် မဟာစည်ဆရာ
တော်ဘုရားကြီး၏ ဝိပဿနာရှုနည်းကျမ်း
( ပထမတွဲ နှာ - ၃၇ , ၃၈ , ၃၉ ,၄၀ တို့မှထုတ်
ယူပူဇော်ပါသည် )
image

@blay