သူများတွေက Web 3 ကုန်ပြီ

in HIVE-MYANMAR9 months ago

Thai နိုင်ငံရဲ့ KBank ဟာ AI (Artificial Intelligence)၊ Web3 နဲ့ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေအတွက် $100 million သုံးစွဲသွားဖို့ ကြေငြာလာပါတယ်။ APAC (Asia-Pacific) ဒေသတွင်းက အလားအလာရှိတဲ့ နည်းပညာဆိုင်ရာလုပ်ငန်းအသစ်တွေမှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီးတော့ အထူးသဖြင့် AI အခြေပြု cybersecurity ပိုင်းနဲ့ Web3 wallet တွေ၊ Web3 အခြေခံအုတ်မြစ်ပိုင်းတွေကို အဓိကထားရင်းနှီးမြှုပ်နှံသွားမှာပါ။

KXVC Fund လို့ နာမည်ပေးထားတဲ့ ဒီ $100 million fund မတိုင်ခင်ကလည်း KBank ရဲ့ ပင်မ company ဖြစ်တဲ့ Kasikorn X ဟာ အခြားလုပ်ငန်းစုတွေနဲ့ပေါင်းပြီးတော့ ပြည်တွင်းပြည်ပနိုင်ငံတွေက AI နဲ့ Web3 ဆိုင်ရာ လုပ်ငန်းတွေမှာ တောက်လျှောက်ရင်းနှီးမြှုပ်နှံနေခဲ့တာပါ။ အခု KXVC ကတော့ APAC အတွက်ကို အဓိကရည်ရွယ်တာဖြစ်ကြောင်းလည်း Kasikorn X ဖက်က ဆိုထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအတော်များများက Web3 ပိုင်းမှာ အတော်ကို အားစိုက်လာနေကြတဲ့အချိန်မှာ ကျနော်တို့ဆီမှာတော့တော့ ရှိခဲ့ပြီးသားလုပ်ငန်းတွေတောင် တပ်ခေါက်ပြန်နေကြပါတယ်။ ဒီအခြေအနေတွေကို ကျော်နိုင်ဖို့ဆိုတာလည်း တော်လှန်ရေးနိုင်မှသာဖြစ်နိုင်မှာမို့ တတ်နိုင်သမျှ ပိုပြီး အားစိုက်ကူကြစေချင်ပါတယ်။

Reference Link: https://cryptopotato.com/thailands-kbank-launches-100m-fund-for-ai-web3-deep-tech-startups/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

PIZZA!

$PIZZA slices delivered:
@htwegyi(1/5) tipped @myancrypto

!LUV

@myancrypto, @princekham(1/10) sent LUV. | connect | community | HiveWiki | NFT | <>< daily

Join in Hive General chat | Type ! help (no space) to get help on Hive. Info

Made with LUV by crrdlx