ဘာလို့တိုက်ပွဲ

in #artzone6 years ago

ဖားကန့်မြစ်ကြီးနား လမ်းကြောမှာ တိုက်ပွဲဖြစ်ရင် လမ်းမှာ စစ်တပ်က ဂိတ်တွေ စိပ်စိပ်ထိုးလာမယ် ။ လုံခြုံရေးအကြောင်းပြပီး အချိန်မကြာကြာအောင်စစ်တယ် ။ မကြာချင်ရင် ပိုက်ဆံ တစ်ထောင်နှစ်ထောင်ပေးရင် မရှာတော့ဘူး ။ မကြာချင်တဲ့ကားက ပေးသွားတယ် ။ မပေးတဲ့ကားဆို အကြာကြီး ရှာတယ် ။ တရက်ကို ကားအစီး တစ်ထောင်လောက် အသွားအပြန်တက်တယ် ။ ဂိတ်က သုံးဂိတ်လောက်ရှိတယ် ။ တစ်စီးတစ်ထောင်နဲ့တွက်ရင်တောင် တရက်ကို စစ်တပ်ဝင်ငွေက သုံးဆယ်လောက် ဝင်နေတယ် ။တလကို သိန်းတထောင်လောက်ဝင်နေတယ် ။ ဒါကအနည်းဆုံပဲ ။ ကုန်တင်ကားတွေ ယမ်းသယ်တဲ့ ကားတွေဆို သောင်းဂဏန်းကောက်တာမပါသေးဘူး ။
image
တိုက်ပွဲတွေ တအားဖြစ်တယ်လို့အသံကြားရင် ဖားကန့်က လူတွေက ရင်တထိတ်ထိတ်နဲ့ လန့်နေရတာ ။ Kia တွေ ဘယ်က ဘယ်လိုပေါ်လာမှန်းကျုမသိဘူး ။ တိုက်ခိုက်ရေးက ပြောလိုက် ၊ စုဆောင်းရေးကပြောလိုက် ၊ ထောက်လှမ်းရေးကပြောလိုက် ၊ သယံဇာတကပြောလိုက် ၊ အခွန်ဌာနကပြောလိုက် ၊ တိုက်နယ်မှူးပြောလိုက် ၊ မြို့နယ်မှူးပြောလိုက် ၊ပြည်သူ့စစ်ကပြောလိုက်။အန်ထယ် နန်ထယ်ပြောရင်ကို ကြောက်နေရတာ ။ ပေါလိုက်တဲ့ KIa တွေ ။ စစ်တပ်နဲ့ ဖင်လိုးဖင်ခံလုပ်ထားတော့ သေနတ်ခါးထိုးပြီး နေချင်သလို နေလို့ရနေတာ ။

ကျောက်တလုံးအရောင်းအဝယ်ဖြစ်ရင် ရေအဆုံး မိုးအဆုံးထိ ဆယ်ရာခိုင်နှုံး လိုက်ပြီး အခွန်ကောက်တယ် ။ ကြားမကြားဘူးဘူး ။ နိုင်ငံဆယ်နိုင်ငံလောက်ရောက်ဘူးတယ် ။ ကရင်သူပုန်ဘက်မှာ ဆယ်နှစ်လောက်စီးပွားရေးလုပ်ဖူးတယ် ။ ဒီလိုကောက်တာမရှိဘူး ။ ကချင်ပြည်နယ်ဟာ သူတို့ပြည်နယ် သူတို့နိုင်ငံဖြစ်တဲ့အတွက် တောင်းတာပေးရမယ်တဲ့ ။ မပေးရင် ထွက်သွားတဲ့ ။မသွားရင်အသတ်ခံရမယ်တဲ့ ။ ပေးရုံပေါ့ ။ ကားစီးရင်လဲ တနှစ်တခါ အခွန်ကောက်တယ် ၊ အိမ်ဆောက်ရင်လဲ အခွန်ကောက်တယ် ၊ လောပန်းလုပ်ရင်လဲ အခွန်ကောက်တယ် ၊ပွဲစားလုပ်ရင်လဲ အခွန်ကောက်တယ် ၊ဆောင်ခိုင်းတဲ့ အခွန်မဆောင်ရင် လူသတ်တယ် ။ ရှမ်းနီ ထွန်းလင်း Kia သတ်တာ ဖားကန့်တနယ်လုံးသိတယ် ။ ဆန်ခါက ကိုကြီးတိုး Kia သတ်တာ လူတိုင်းသိတယ် ။ပြောရင်ထပ် အသတ်ခံရမာ ကြောက်လို့ မပြောရဲကြတာ ။ ဖားကန့်မှာ Kiaက ဗမာအစိုးရထက် အခွန်ငွေ အပြန်တရာ ရနေတာ ။ ကုမ္မဏီတွေဆိုရင် နေပြည်တော်ပြပွဲအထိ အခွန်လိုက်ကောက်တယ် ။ဘယ်ကုမ္မဏိ ပြပွဲမှာ ဘယ်လောက်ဖိုးရောင်းရတယ် ၊ဘယ်ကျောက်လာရွေးသွားတယ်ဆိုတာက အစ Kia သိတယ် ။ ဖားကန့်က လောပန်းတွေဆိုလဲ ခေါင်းစဉ်အမျိုးမျိုးတပ်ပီ အကူအညီတောင်းတယ် ။ ဒုက္ခသည်တွေအတွက် ဆန်အိတ် ငါးရာလောက်လှူပါအုံး ။နောက်ဆုံးတော့ ဒုက္ခသည်အတွက် လှူတဲ့ဆန်ဘိုးတွေက သူတို့အိပ်ထဲရောက်သွားတယ် ၊ ဒုက္ခသည်က ခေါက်ဆွဲ ကခေါက်ဆွဲးပဲ စားနေရတယ် ။ ဘယ်ကလာလှူလှူ ဒီလူတွေက ဝဝလင်လင်မစားရဘူး ။ 

ဒုက္ခသည်ကြောင့် စီးပွားဖြစ်နေတဲ့ ကချင်လူကြီးတွေ တပုံကြီး ။တိုက်ပွဲဖြစ်နေရင် ကချင်တွေ kia အရှိန်နဲ့ ခေါင်ထောင်လာစမြဲပဲ ။ ဟိုအသင်းဖွဲ့ထောင် ဒီအသင်းဖွဲ့ထောင် ။

Sort:  

Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!