အလွယ်တကူတော့မဟုတ်

in #busy6 years ago

@bobokyaw.jpg

အလွယ်တကူရတဲ့ အရာမှန်သမျှဟာ တန်ဖိုးနည်းပါးတက်တယ် သို့တည်းမဟုတ် အရေးတယူ ပြုခံရဖို့
ခက်လာတက်ပါတယ် လွယ်လွယ်ရတော့ တန်ဖိုးထားရကောင်းမှန်း မသိတော့တာလည်း သဘာဝပါ
ခက်ခဲပြီးရလာရင်တော့ သာမာန် အခြေအနေထက် ပိုလို့ စိတ်ဝယ် အရိပ်တထင်ထင် ရှိတက်စမြဲပါ
လွယ်ကူခြင်း မလွယ်ကူ ခက်ခဲခြင်း ဆိုသည်များဟာလည်း အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး
ဖြစ်ပေါ်နေတက်ပါတယ်။
လွယ်ကူတာရယ် ခက်ခဲတာရယ်ဆိုတာလေးအကြောင်းအနည်းငယ် စပ်ဆက်ကြည့်မိပါတယ်
လွယ်နေတာကို ခက်အောင် လုပ်ထားတဲ့ အရာမျိုးလည်း ရှိတက်တယ် ဥပမာ ၀င်္ကဘာလို အ၀င်အထွက်
လမ်းမှန်ဘယ်မသိ မှန်းဆလို့ သွားရတာမျိုးပေါ့ လမ်းမှန် သိရင်တော့ အလွယ်တကူ သွားလာနိုင်သော်
လည်း လမ်းမှန်မသိ လမ်းမှားလိုက်မိနေသူအတွက်ကတော့ ၀င်္ကဘာထဲမှာ ရွာလည်လို့နေတော့တာပါဘဲ
ဟိုဘက် အိမ်မှာတော့ တိုကင်တွေ အလကားပေးလို့နေပါတယ် အလကားဆိုသော်ငြားလည်း တစ်ချိန်မှာ
တော့ အဖိုးအခ ပေးမှ ရနိုင်မယ့် အခွင့်အလမ်းမျိုးပါ
ဆိုခဲ့သည့်အတိုင်း အလကားပေးတဲ့ အလွယ်တကူပေးတာတွေက တန်ဖိုးနည်းလေတော့
ဖြစ်သလို လုပ်တက်ကြတာလည်း တစ်ပိုင်းပေါ့
ရသလောက် ယူထားမယ်လို့ ကြိုးစားရှာဖွေထားမယ်လို့ စိတ်သာ ကူးပြီး တကယ့်လက်တွေ့မှာ
တော့လေ နောက်ရက်တွေ နောင်အခါတွေ ရမှာပါဘဲဆိုတဲ့ မျက်ကန်းယုံကြည်မှုနဲ့
အချိန်တွေကို ကုန်လွန်စေခဲ့မိတယ်
ဒီအတွက် အကျိုးအမြတ်ကတော့ အရင်လိုများစွာ မရနိုင်တော့တာပါဘဲ
ဟုတ်ပါလေသည်။ ဟိုယခင်က တစ်ရက်ကို ရာချီပြီးရတဲ့ တိုကင်တွေက အခုတော့ ခပ်ပါးပါးလောက်သာ ထွက်လို့လာပါတော့တယ်
စစချင်းတုန်းကတော့ ဘယ်လိုရှာရှာ ရာဂဏန်း အသာလေးပြေးမလွတ် အဲ့ဒါကိုဘဲ ယူဖို့အရေး
နောက်ရက်မှယူလည်း ရပါတယ်ကွာလို့ နေခဲ့မိတယ်
အခုတော့ တန်ဖိုးထားတဲ့သူတွေ တဖြည်းဖြည်းများလာလေတော့ အထွက်နည်းသလို အပေးလည်း
နည်းသွားရပါတယ် ကိုယ်တိုင်လည်း အရအတော်ကိုနည်းသွားတယ်
နောက်ကိုလည်း ပိုလို့နည်းလာလိမ့်မယ်လို့ သုံးသပ်လို့ရပါတယ်
အလွယ်တကူမရတော့ပါဘူး တဖြည်းဖြည်း ခက်ခဲလို့လာပါတယ်
တန်ဖိုးကလည်း တဖြည်းဖြည်း မြင့်တက်လို့ လာတော့မယ် သဘောလို့ယူဆမိပါတော့တယ်
အရက်ကတည်းက သေချာလေး လုပ်ဆောင်ခဲ့ရင် အခုလောက်ဆို အတော်အသင့် တောင့်တင်း
ခိုင်မာသည့် ပါဝါအားတွေ ရှိလေတော့မည်။ နေ့ရွှေ့ညရွှေ့ ရက်ရွှေ့လို့ ခပ်ပေါပေါ ခပ်များများ ရသည်တို့အား မျက်ကွယ်ပြုလို့ တကယ်တမ်းကတော့ အပျင်းထူတာပါ အဲ့သလို ရေသာခိုခဲ့မိလေသမျှ
ဟိုတုန်းက တစ်ရက်ရှာတဲ့ ပါဝါက အခု ဆယ်ရက်ရှာနေရပါပြီ
သိပ်မကြာခင် သူလည်း စတီးမစ်လို အထွက်နည်းလာပါတော့မယ် စတီးမစ် အထွက်နဲ့ တူညီလာမယ်
လို့လည်း ဆိုကြပါတယ် ဒီအတိုင်းသာမှန်ရင်တော့ သူလည်း ဒီဘက်လို သိပ်မထူးတော့ပါဘူး
တစ်ရက်နေလို့မှ အဘယ်လောက် အဖက်တင်ကျန်ပါလေမည်နည်း
ဒါတောင် ဈေးက မထွက်သေး ဈေးများထွက်လာရင်တော့ တစ်ရက်နည်းနည်းလောက်သာ အလွန်နည်း
ပါးစွာ ရပါလေတော့မည်။ အဲ့ဒီအခါ တစ်မျိုးကောင်းတာက ဈေးလည်း တူတူတန်တန်ပေါက်လာလိမ့်မည်လို့ ပြောကြခြင်းဖြစ်သည်။
အဲသလိုသာဆိုရင်တော့ တစ်ဖက်လှည့်တွေးလို့ ပျော်ရပါလေဦးမယ်
အခုတော့လည်းလေ ရသမျှလေး ခြစ်ခြုတ်စုဆောင်း၇င်း တန်ဖိုးတက်လာမည့်အချိန်အား စောင့်စားရုံ
သာတက်နိုင်ပါသေးသည်။
@bobokyaw

Sort:  

အတော်ကို အားထုတ်လုပ်ကိုင်နေတဲ့ သဘောဆိုပါတော့လေ

မလုပ်လို့မရဘူးလေ ရည်မှန်းချက်ကရှိသကိုး

Hello sorry for asking but please help steem get listed in this exchange by voting for it. http://contest.gonetcoins.com/ it might help increase the value of steem which will benefit everyone. and if you can please help spread the word around. Thank you in advance for you help.

winner.

မလုပ်လို့မရဘူးလေ ရည်မှန်းချက်ကရှိသကို

ကျေးဇူးတင်ပါတယ်