နက်ဖွက်ထားတဲ့ နယ်မြေတစ်ခု

in #busy6 years ago

@bobokyaw.jpg

ဒီနေရာလေးက နက်ဖွက်ထားတဲ့ နယ်မြေတစ်ခုအလား လူနေအိမ်ခြေတွေ
ရှိမနေသော တိတ်ဆိတ်သော နေရာတစ်ခုပါ ဘေးပါတ်လည်မှာ အိမ်တွေအပြည့်ရှိတယ် မြို့ထဲမှာလည်းဖြစ်တယ် ဒါပေမယ့် လူတွေမနေကြဘူး အစိုးရပိုင်မြေ တပ်ပိုင်မြေလည်းမဟုတ်ပါဘူး ဒီမြေတွေအားလုံး ပိုင်ရှင်ကိုယ်စီရှိကြတယ် ဒါပေမယ့်သူတို့မနေကြဘူး နေစရာလည်းမလိုကြပြန်ဘူး ရော် ခက်နေပြီနော်
ဘယ်သူမှမနေလို့လည်း အခုလို စိမ်းစိမ်းစိုစိုလေးတွေမြင်တွေ့နေရတာပေါ့
လူတွေမနေတော့ လူသံ ယဉ်သံတွေကင်းတယ် ဆူညံသံတွေမရှိဘူး အနံ့အသက်ဆိုး တွေလည်းမရှိဘူး ပါတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ် အေးချမ်းပြီး သန့်ရှင်းလို့ နေတာပေါ့ ဘယ်ကိုကြည့်ကြည့် မျက်စိအေးစရာ အဲ့ဒီမြင်ကွင်း
ကမြို့ထဲမှာ ရှိနေခဲ့တယ် ရနေခဲ့တာပေါ့ ဒါကြောင့်ပြောပါတယ် နက်ဖွက်ထားတဲ့ နယ်မြေပါလို့ လူသွားလူလာလည်း မရှိသလောက်နည်းတယ်လေ
အပေါ်မှာပြောထားသလိုပေါ့ ဒီနေရာတွေက ပိုင်ရှင်မဲ့ မဟုတ်ဘူး အစိုးရမြေမဟုတ်ဘူး နေတဲ့သူလည်းမရှိဘူး ပိုင်ရှင်တွေ ပိုင်ဆိုင်သူတွေကလည်း နေစရာလည်းမလိုဘူး နေလည်းမနေကြဘူး ဘာကြောင့်လဲ့
ဟုတ်ပါတယ် အဖြေကတော့ ငွေပိုရှိသူတွေ တစ်နည်းအားဖြင့်တော့ ငွေကြေးတက်နိုင်သူ ငွေကြေးအဆင်ပြေသူ ငွေချမ်းသာသူတွေက ဝယ်ထားကြတဲ့အတွက်ဖြစ်ပါတယ် ဈေးကောင်းရရင်တော့ ရောင်းကြမှာပါဘဲ ကျွန်တော်ထင်တယ် ဒီနေရာကိုဖွက်ထားတဲ့ နက်မင်းတွေလည်း မကြာခင် ဘုံပျောက်ကြတော့မယ် နောက်ဆိုဒီနေရာလေးက အင်္ဂတေတောကြီးဖြစ်သွားတော့မယ်
သိပ်မကြာခင်ပေါ့
စတီးမစ်ကြီးဆီကနေ ဆုလာဘ်တစ်ခုအနေနဲ့ စတီးမစ်အိမ်လေးတစ်လုံးလောက်တော့ တောင်းချင်တယ် စတီးမစ် လုပ်ငန်းတွေ တန်းစီပြီး အကောင်အထည်ဖေါ်ရာ နေရာတစ်ခု ဖြစ်လာမယ် စတီးမစ် သင်တန်းတွေပေးရာနေရာတစ်ခုဖြစ်လာမယ် စတီးမစ်နဲ့ သက်ဆိုင်တာမှန်သမျှ အဲ့ဒီမှာလုပ်မယ်
စတီးမစ် ယူဆားနိမ်းလေးပြောလိုက်တာနဲ့ ဝင်ထွက်နိုင်ရမယ်
စတီးမစ် ဌာနချုပ် အငယ်စားလေးတစ်ခု ဒေသဆိုင်ရာ စတီးမစ်အခြေစိုက်ရုံးတစ်ခုပေါ့
ကျုပ်ကသာ လေထဲတိုက်အိမ်ဆောက်နေတာ စတီးမစ်ဈေးက အဝီစိ သွားဖို့ ဟန်တပြင်ပြင်လုပ်နေလေရဲ့
image
@bobokyaw

Sort:  

ရည်ရွယ်ချက်နဲ့ ယုံကြည်ချက်ကြီးပါဘိ ကိုဘိုဘိုကျော်
မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ပါစေနော်

တဖြည်းဖြည်းချင်းတော့ ဖြစ်လာမှာပါ
ကျေးဇူးတင်ပါတယ်ဗျာ

You got a 6.27% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ် ပို့ပရိုမော်တာ

နတ်ဖွက်တဲ့နေရာဆိုလို့ စိတ်ဝင်စားသွားတယ်

ဟုတ် စိတ်ဝင်စားဖွယ်ကောင်းပါတယ်
တကယ်နက်ဖွက်ထားသလိုပါဘဲ

Congratulations @bobokyaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Thanks you steemitboard