D.Buzz မှာပုံတင်တဲ့အခါဒီလိုလုပ်လိုက်တယ်

in #ecency3 years ago

db1.jpg
နေ့စဉ်စာရေးတာအပြင် နောက်တစ်ခု အမြဲလုပ်ဖြစ်နေတာရှိတယ် အဲ့ဒါက D.Buzz ကနေ Photo တွေ တင်တာပါဘဲ တစ်ရက်တစ်ခါတော့ တင်ဖြစ်တယ်ဓါတ်ပုံလေးတွေရိုက်ပြီးတင်တဲ့အခါ သူက ဗုတ်ပေးတယ် တစ်ခါပေးရင် 1$ လာဝန်းကျင်ပေါ့ တင်တဲ့သူတိုင်း အားလုံးတော့ မရနိုင်ပါဘူး သူပေးနိုင်တဲ့ အားပေါ် ချင့်ချိန်ပြီး တန်းစီလို့‌ပေးသွားတာတွေ့ရတယ် တကယ်လို့ သူပေးနိုင်တာ ပြည့်မှီသွားရင်တော့ votes ဆက်မပေးတော့ဘူး အဲ့ဒီမှာ ကိုယ်တင်ထားတဲ့ နေရာရောက်မှ ဒါမှမဟုတ် ကိုယ်တင်ထားတဲ့နေရာမရောက်ခင် ရပ်သွားတာဆိုရင်တော့ ကိုယ့်အတွက် votes မရဘူးဆိုနိုင်တယ် တင်တဲ့အခါ ကိုယ့်အလှည့်ရောက်နိုင်မရောက်နိုင် မှန်းဆရတာလည်း အလုပ်တစ်ခုပေါ့

db2.jpg

အဲ့သလိုတင်လိုက်တဲ့အခါ ပြောစရာတစ်ခုရှိလာတယ် မင်းတင်တဲ့ပုံကို အပ်ဗုတ် ဘယ်လောက်အမြင့်ဆုံးသက်မှတ်ချင်သလဲဆိုတဲ့နေရာလေး တွေ့ရတယ်
အဲ့နေရာမှာ အော်တိုဖြစ်နေတာက တစ်ဒေါ်လာပေါ့ ကိုယ်က အဲ့ဒါကိုပြင်လို့ရတယ် တစ်ဒေါ်လာအထက် ကြိုက်သလောက်ထားလို့ရတယ်
သူကတော့ တစ်ဒေါ်လာဘဲ ထားဖို့ တိုက်တွန်းထားတာတွေ့ရတယ် အဲ့အတိုင်းထားလိုက်တာက အကောင်းဆုံးပေါ့

db3.jpg

တကယ်လို့ ကိုယ့်ရဲ့ ပုံက တစ်ဒေါ်လာအထက်ရနိုင်တယ် ကိုယ့်ကို ဗုတ်ပေးမယ့်သူတွေ အားလုံးပေါင်းလိုက်ရင် တစ်ဒေါ်လာ ကျော်သွားနိုင်တယ်လို့ ယူဆရင်တော့ အဲ့နေရာမှာ တစ်ဒေါ်လာ အထက် မှန်းဆပြီး ပြင်လိုက်တာပါဘဲ
အများကြီးတော့ မပြင်ဘူး နှစ်ဒေါ်လာ အမြင့်ဆုံးယူမယ်လို့ ပြောလိုက်တယ်

db4.jpg
အဲ့သလို ပြင်လိုက်တော့ ကိုယ်မှန်းဆသလိုဘဲ အပ်ဗုတ်က တစ်ဒေါ်လာကို ကျော်သွားတယ် တကယ်လို့ မပြင်ဘဲထားခဲ့မယ်ဆိုရင် အပ်ဗုတ်တွေကတော့ ဗုတ်ခံရသလောက် တက်နေပေမယ့် ခုနှစ်ရက်ပြည့်လို့ ကိုယ်တကယ်ရမှာက တစ်ဒေါ်လာဘဲ ရမှာပါ ပုံစတင်ကတည်းက တစ်ဒေါ်လာဘဲ အမြင့်ဆုံးယူမယ်လို့ သက်မှတ်ခဲ့ရင်ပေါ့ ပိုတာတွေကိုတော့ ဒိုင်စားသွားတယ်ထင်ပါတယ် ပိုမရတာလည်းတွေ့ရပါတယ် အလကားဖြစ်သွားတာပေါ့ တစ်ချို့ပုံတွေဆို နှစ်ဒေါ်လာတောင် ကျော်သွားတယ် နှမြောစရာပါ
အများကြီး တင်ပြီးပြင်လိုက်လို့ တကယ် အပ်ဗုတ် အများကြီးရရင်လည်း သိပ်တော့မကောင်းပါဘူး ဆိုးကျိုးရှိပါတယ် ဓါတ်ပုံတစ်ခုလေးတင်ပြီး အပ်ဗုတ်တွေ အများကြီးရတယ်ဆိုရင် အမြင်မကြည်လင်သူတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးတွေက လာရောက်လို့ ဆုံးမနိုင်ပါတယ် ဒါကြောင့်လည်း သူက တစ်ဒေါ်လာမှာဘဲ ထားဖို့အကြံပြုထားတာပါ ကိုယ်ကတော့ တစ်ဒေါ်လာအထက်နှစ်ဒေါ်လာထက်မများ ရနိုင်တယ် ရသင့်တယ်လို့ယူဆတယ် တကယ်လည်း အဲ့သလောက်ရတော့ နှစ်ဒေါ်လာပြင်ပြီး ယူပါတယ် တစ်ဒေါ်လာကျော်သွားခဲ့ရင် အလကားမဖြစ်တော့ပါဘူး နှစ်ဒေါ်လာလည်း မကျော်ဖူးပါဘူး ကိုယ့်ကို နှစ်ဒေါ်လာကျော်အောင် အပ်ဗုတ်ပေးမယ့်သူမရှိတာကိုလည်း သိနေတယ်လေ
@bobokyaw

Sort:  

နောက်ဆိုရင်တော့ 2$ ကျော်ချင် ကျော်လာမှာပေါ့ဗျာ

တစ်ရက်တစ်ခါလောက် သူ့ဗုတ်ရရင်ကိုဘဲ ပျော်နေပြီလေ

ဟုတ်ပ
ဟုတ်ဟုတ် မဟုတ်ဟုတ် ကျနော်လည်း 2$ သွားပြင်ထားလိုက်ဦးမယ်။ ဒါနဲ့ 1.5$ ဆိုပြီး ဒသမနဲ့ ပေးထားလားဗျ။

တင်တဲ့အချိန်မှာ တစ်ခါတည်းပြင်ရတာ နောက်မှ လိုက်ပြင်မရဘူး
၁.၂.၃........ လိုသလောက်ရိုက်ထည့်ရတယ်
မပြင်ခင် warning စာတန်းထွက်လာတယ် agree ဆိုတာလေး နှိပ်ပေးရတယ်

ဘယ်အချိန်တွေ မိနိုင်လဲ dbuzz ကို
ပြောပြပေးပါအုံး
!LUV

<><

<><

LUV

Connect

Trade


@bobokyaw, you've been given LUV from @naythan.

Check the LUV in your H-E wallet. (3/3)

အတိကျ မသိဘူးလေး
တင်ထားတာသိပ်များနေပြီမပေးတာ ကြာနေရင် မပေးသေးရင် ကောက်တင်လိုက်တာဘဲ
မနက် ခြောက်နာရီဝန်းကျင်ကတော့ အားအကောင်းဆုံးအချိန်

Hive ကို pdromote လုပ်မလို့ ပိုက်ဆံရတဲ့နည်းလမ်းလေးတွေဆိုရင် ဒီဂရုမှာ တင်ပေးနော် ဘရို။
ဒီပိုစ့်ကိုလဲ ရှယ်ပေးထားတယ်

https://www.facebook.com/groups/1011212349701589/permalink/1011579532998204/

ဟုတ်ရပါတယ်ဗျ
ကျေးဇူးတင်ပါတယ် bro...