ပြန်လည်စတင်ခြင်းအမှတ်တရ

in #ecency4 years ago

240391370_919875238608988_2589980923846057608_n.jpg

ဟိုက်ဈေးကတော့ ဒီနေ့မှာ မိုးထောင်အောင်တက်သွားတယ် ကြည့်ရတာ စိတ်အေးချမ်းလိုက်တာ ဒီလို အတက်ဘက်ကို အမြဲသွားနေတယ်ဆိုရင်တော့ လောကသားတွေ တဖြည်းဖြည်းချမ်းသာလာကြမှာမလွဲပါ သို့သော် ဈေးက အတက်ချည့်မဟုတ်သည့်အတွက် ခံစားမှု ဝေဒနာတွေက နှစ်ဖက်နှစ်လမ်းပါဘဲ စိတ်တွေ တက်ကြွလာလိုက် အားသွန်ခွန်စိုက်ကြိုးစားလိုက် စိတ်တွေ ပျက်လာလိုက် စာရေးခြင်းတွေ ကြိုးစားခြင်းတွေ အရှိန်လျှော့ လျှော့တာကနေ နောက်တစ်ဆင့်ဆင်း ပြတ်တောင်းပြတ်တောင်းဖြစ် အဲ့ဒါကနောက်တစ်ဆင့် ဆင်းရင်တော့ သိပ်မဟုတ်ပါဘူးကွာ ဆိုပြီး ပါဝါလေးဘာလေးဒေါင်း အောင်ဖျာလိပ်တာပေါ့ ဘာပြောကောင်းမလဲ
အဲ့သလိုနဲ့ မေ့မေ့ပျောက်ပျောက် နေရင်းကနေ စိတ်တွေ က တစ်ခါပြန်လည်လာပြန်ရော ကျိုးကြောင်းတိုက်ဆိုင်မှုလေးတွေက တွန်းကန်လာပြန်တော့လည်း တစ်ခါဝင်ကြည့် စိတ်တွေကပြန်ပါလာတော့ စာလေးဘာလေး ပြန်ရေး အဆက်ပြတ်သွားတာလေးတွေကို ကိုယ်ရောက်တဲ့နေရာက တစ်ဖန် ပြန်လေ့လာ မှတ်သား မှီရာကားနဲ့ ဒုန်းစိုင်းပြီး အမြန်ပြေးတက်လို့ လိုက်ရပြန်ရော
အဲ့သလိုလိုက်ပြန်တော့ ကီးတွေက အရင်လို သိပ်မကိုက်တော့ဘူး ကိုယ့်မှာက ပါဝါဆိုတာကြီးက သိပ်မရှိတော့တာရယ် နည်းပညာ အချက်အလက်တွေ သတင်းတွေကလည်း ဘယ်က အစဆွဲရမှန်းမသိဘူးဆိုတာရယ် အဲ့ဒီဘယ်ကစရမှန်းမသိတာကနေဘဲ ပြန်စလို့ တစ်ခုချင်းစမ်းတဝါးဝါး ပြန်လုပ် တဖြည်းဖြည်း အပေါက်အလမ်းလေးတွေ သူ့ဟာသူပြန်တည့် အချိန်လေး နည်းနည်းကြာတော့ အလိုက်သင့်လေး လိုက်ပါနိုင်တဲ့ အခြေနေ ပြန်ရောက်
ဘာမှ ခက်ခဲတာတော့မဟုတ် မလုပ်ဘဲ ရပ်လိုက်တာနဲ့ ပြန်လုပ်တာမှာ အခက်အခဲ အနည်းငယ်လေး မပြောပလောက်လေးဘဲ သိပ်မကွားဘူး
ကွာသွားတာတော့ ဟိုက်ပါဝါပေါ့ဗျာ ဘယ်လိုမှ ကို စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး ဒါပေမယ့် ဒါကို စိတ်ပျက်လို့မရဘူးလေ
တစ်ဖက်လှည့်ပြန်တွေးရတာပေါ့
အခုမှ ဟိုက်ဆိုတာကို ဖျက်ခနဲ သိပြီး အပြေးဝင်လာသူနဲ့ ကိုယ်နဲ့က တာထွက် တန်းတူဘဲ သူလဲ အခုမှစ ကိုယ်လည်း အခုမှပြန်စ သူလည်း တစ်ရက် တစ်ပုဒ်တင် ကိုယ်လည်း တစ်ရက်တစ်ပုဒ်တင် ရတာမရတာက သူ့ကံ ကိုယ့်ကံ အားလုံးအတူတူဘဲ
အချိန်တွေ ပြန်ပေးရတာပေါ့ အရင်က ဘယ်လို ဘာညာ သွားမလုပ်နဲ့ မရတော့ဘူး စပါပြီ ဆိုမှတော့ တစ်ကနေသာပြန်စ အဲ့သလို ပြန်စရတာလည်း အရသာက နှစ်မျိုးနှစ်စားတွေ့ရပြန်ရော
အစကနေ ပြန်လည်တည်ဆောက်ရတဲ့ ကြိုးစားရမှု ဖီလင်ရယ် ကိုယ် မလုပ်ခဲ့မိတဲ့ နောင်တအချိန်တွေရယ်ကို ပြန်တွေးရင်း သင်ခန်းစာတွေ အထပ်ထပ်ရ ရသကို စုံလို့ပေါ့
တစ်ခုတော့ အနှစ်ချပြီး အသိတစ်ခုရလိုက်တယ် အဲ့ဒါက ဒီးလမ်းပေါ်မှာ ကံတရားနဲ့အကျိုးပေးဆိုတာကို ထည့်မတွက်လို့ကိုမရဘူး
ဒါကြောင့် အခုဘဲစစ အရင်ကဘဲစစ နောက်မှဘဲ ပြန်လုပ်လုပ် ဘာဖြစ်နေပါစေ လပ်ကီးဆိုတာက အပြောင်းအလဲတွေကို ပြုလုပ်ပေးနိုင်စွမ်းပါတယ်
ကိုယ့်အကျိုးပေးလေး ဘယ်သို့ရှိမယ်ဆိုတာကို ဆက်လက်ကြိုးစားလုပ်ကိုင်ရင်း မျှော်တလင့်လင့် စောင့်ကြည့်ရမှာပါဘဲ
@bobokyaw

Sort:  

အားတင်းထားပါအကို
!PIZZA

@bobokyaw! I sent you a slice of $PIZZA on behalf of @naythan.

Did you know Pizzabot in Discord has a bunch of useful commands? (1/10)

ဖြေးဖြေးမှန်မှန်ခရီးဆက်ကြတာပေါ့

အကိုက ခဏလေးနဲ့ အရင်လို ပြန်ဖြစ်မှာပါလေ
Fighting

ဟုတ်ကျေးဇူးပါ အစ်ကိုလေးရေ
အပြောင်းအလဲတစ်ခုခုကိုဘဲ မျှော်လင့်ရမှာပါ
ဒီအတိုင်းကတော့ ဖြေးဖြေးမှန်မှန်ဘဲ သွားလို့ရတော့မယ်

ဖိုက်တင်းပါ အကို။ မကြာခင် အရင်လို အဆင်ပြေသွားမှာ။

ဟုတ်ပါတယ်ညီရေ
အစဉ်တစိုက်လုပ်တာက အကောင်းဆုံးလုပ်ဆောင်မှုဖြစ်တယ်ဆိုတာ
ကိုယ်တိုင် ကိုယ်ကျ သိခွင့်ရလိုက်တာပါဘဲ

Yay! 🤗
Your content has been boosted with Ecency Points, by @bobokyaw.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more