သဘာဝတရား

in #ecency3 years ago

img_0.030423725213244185.jpg
https://pixabay.com/photos/tree-clouds-fields-grass-832079/
ကျွန်မယခုတလော သဘာဝဆိုတဲ့အကြောင်းကို အနည်းငယ်တွေးကြည့်နေမိတယ်။သဘာဝဆိုတဲ့အရာက ဘယ်အရာကိုပဲဖြစ်ဖြစ် သူ့အလုပ်သူလုပ်နေတယ်။သူလုပ်သမျှအရာရာ ဖြစ်ပေါ်လာပေမယ့် သူဟာ ဘယ်အရာကိုမှ ပိုင်ဆိုင်ခြင်းမရှိဘူး။
ဥပမာအနေနဲ့ပြောရရင် သရက်ပင်ဟာ အပွင့်တွေ အသီးတွေသီးနိုင်အောင်လို့ သူပြုလုပ်ခဲ့တယ်။အပွင့်တွေပွင့်လာမယ် အသီးတွေသီးလာပေမယ့် သူပြုလုပ်ဆောင်ရွက်ခဲ့ရသော အသီးအပွင့်တွေကို ပိုင်ဆိုင်ခြင်းမရှိဘူး။ကျွန်မအထင်တော့ သဘာဝတရားကြီးမှာ လိုချင်တဲ့လောဘ မရှိဘူး။ဒါအပြင် အရာရာကိုပေးအပ်နိုင်သလို အရာရာကိုလည်း စွန့်လွှတ်နိုင်တယ်။နောက်ပြီး ဘယ်အရာကိုမှ တောင်းဆိုမှုးလည်းမရှိဘူး။ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာလောကကြီးမှာ သဘာဝလို နေထိုင်ကျင့်ကြံနေကြတဲ့ လူထူးလူဆန်း မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရှိကြပါလိမ့်မယ်။ထိုသူတို့ဟာ သူတို့ပြုလုပ်ရမည့် ကိစ္စတွေကို အမြဲပြုလုပ်နေလေ့ရှိတယ်။ပါးစပ်ကလည်း ဘာတစ်ခုမှပြောဆိုခြင်းမရှိဘဲ နေထိုင်ကျင့်ကြံကြတယ်။သူတို့လိုချင်တာကိုလည်း အခြားသူတွေဆီကနေ တောင်းဆိုလေ့မရှိကြဘူး။ကိုယ်ပိုင်အစွမ်းအစနဲ့သာ သူတို့လိုချင်တာကို ရအောင်ယူတက်ကြတယ်။
ထိုသူတို့အဓိကလိုချင်နေတာ လိုအပ်နေတာ လိုက်ရှာနေတာဟာ စစ်မှန်တဲ့ အမှန်တရားနဲ့ ရှင်သန်ခြင်းရဲ့တန်ဖိုးတွေပါ။ထိုသူတို့ဟာ သူတို့ကို အခြားသူတွေက မသိမှာကို မစိုးရိမ်ကြဘူး။ထိုသူတို့ဟာ သူတို့ကို အခြားသူတွေက မလေးစားမှာကိုလည်း မစိုးရိမ်ကြပါဘူး။
သူတို့စိုးရိမ်းတာ ကြောက်တာ ပူပင်တာတွေက စစ်မှန်တဲ့အမှန်တရားကို မတွေ့ရှိမှာကိုပါပဲ။နောက်ပြီး သူတို့ဟာ ဆင်းရဲမှာကိုလည်းမကြောက်ကြဘူး။သူတို့အကြောက်ဆုံးက အရည်အခိင်းမရှိမှာကို အကြောက်ဆုံးပါပဲ။သူတို့ရှာဖွေနေတာက စစ်မှန်တဲ့ဘဝတန်ဖိုးပဲ။ထို့ကြောင့် သူတို့လိုချင်နေတဲ့ သူတို့နဲ့သက်ဆိုင်နေတဲ့ အရာတွေကို ရအောင်ယူတက်ကြတယ်။
@makhinoo

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @makhinoo.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more