ကျေးဇူးရှင်အား ကျေးဇူးတင်ကြောင်း ပေးပို့လိုက်ပါတယ်ခင်ဗျာ

in #ecency3 years ago

img_0.4772114865895454.jpg

https://unsplash.com/photos/vD6UFu8QYUI
ကျေးဇူးရှင်တစ်ယောက်ကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ခဲ့တာ အချိန်တွေကြားခဲ့ပါပြီ။
ကျွန်နော် ဒီအကြောင်းကို ရေးချတင်ပြချင်စိတ် ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးတို့ကို စဥ်းစားချင့်ချိန်နေရခြင်းကြောင့် ကျေးဇူးရှင်အား ရင်ဖွင့်မပြောပြခဲ့ရပါဘူး။
ကျေးဇူးတရားဆိုတာနဲ့ပတ်သက်ပြီး ရင်ဖွင့်ရေးသားဖို့ ကျွန်နော်မှာ အခက်အခဲတွေရှိနေတဲ့ အကြောင်းရင်းတွေ ရှိခဲ့ဖူးခဲ့ပါတယ်။
ဟို့...လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်လောက်တုန်းက စတီးမစ်မှာ စာရေးခြင်းဖြင့် ကျွန်နော်အလုပ် လုပ်ကိုင်ဖူးခဲ့ပါတယ်။
ထိုအချိန်တုန်းက စတီးမစ်၌ ကျေးဇူးရှိခဲ့ဖူးသော ကျေးဇူးရှင်များကို ကျေးဇူးတင်ကြောင်း နာမည်နှင့်တကွ ကျေးဇူးစကားများကို ရေးသားပေးပို့ခဲ့ဖူးပါတယ်။
ဒါပေမယ့် ထိုကျေးဇူးရှင်များက ကျေးဇူးတင်စကားများ ပြောကြားလာခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။
ထိုကျေးဇူးရှင်များဘက်က အလွန်ရိုင်းစိုင်းသော အပြောအဆိုများဖြင့် တုန့်ပြန်ခြင်းများကို ခံခဲ့ရဖူးပါတယ်။
ထိုအချိန်မှ စတင်ပြီး ကျွန်နော်ဟာ ဘယ်သူ့ကိုမှ ကျေးဇူးတင်ကြောင်းကို ပြောဆိုရင်ဖွင့်ခြင်းမရှိခဲ့သည့်မှာ ဒီနေ့ထိတိုင်အောင်ပါပဲခင်ဗျာ။

ဒီနေရာမှာ ကျွန်နော်တို့ရဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားတွေကို ကျေးဇူးစကားဆိုတာနဲ့ပတ်သတ်ပြီး အနည်းငယ် ပြောပြချင်မိပါတယ်။
ကျေးဇူးတင်ပါတယ်လို့ ပြောဆိုတဲ့စကားဟာ ကမ္ဘာလောကမှာ နေထိုင်ကြတဲ့ လူသားတွေနေ့စဥ် ပြောဆို သုံးနှုန်းနေတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။
လူတစ်ယောက်က အခြားတစ်ယောက်ကို ကျေးဇူးတင်ပါတယ်လို့ ပြောဆိုလိုက်သည်နှင့် ခင်မင်ရင်းနှီးမှုဟာ ယခင်ကထက် ပိုပြီး ဆက်ဆံရေးအဆင်ပြေလာနိုင်ပါတယ်။
ကျေးဇူးတင်စကား ပြောဆိုခြင်းဟာ မဂ်လာရှိသော စကားပါ။
ဒါပေမယ့် ကျွန်နော်တို့ မြန်မာလူမျိုးအများစုဟာ ကျေးဇူးတင်စကားပြောတာကို အလေးအနက်ထားပြီး တန်ဖိုးမထားတက်ကြပါဘူး။
ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရင် လူကို ခနဲ့တယ် ဟန်ဆောင်ပြီး ကျေးဇူးတင်စကားပြောတယ် အပိုစကားတွေပါလို့ ထင်မြင်ယူဆတက်ကြပါတယ်။
ထိုအယူအဆဟာ လွဲမှားနေတဲ့ အယူအဆဆိုတာကို မြန်မာအများစုဟာ မသိကြပါဘူး။
မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားတွေကို ဒီလောက်ပဲ ရေးသားရင်ဖွင့်လိုက်ပါတယ်။

ကျွန်နော်အနေဖြင့် ကျေးဇူးရှင်ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောလိုက်ပါရစေ။
ဘာကြောင့် ကျေးဇူးတင်ရသလဲဆိုတော့ ကျွန်နော်ယခုလို စာတွေရေးပြီး ပို့စ်တွေအမြဲတင်နိုင်အောင် အပ်ဘုတ်ပေးခြင်းဖြင့် ကူညီးထိန်းကြောင်းပေးနေခြင်းကြောင့်ဟု ရင်ဖွင့်ရေးသားလိုက်ပါရစေ။
ကျွန်တော်၌ ယခုလို စာရေးခြင်းဖြင့် အလုပ်လုပ်ကိုင်နေရတဲ့ လမ်းကြောင်းပေါ်၌ မိတ်ဆွေအရင်းအခြားဆိုတာ မရှိသလောက် အလွန်ရှားပါးပါတယ်။
စာရေးနေရတာကို ဝါသနာပါသောကြောင့် ကိုယ့်ကိုကိုယ်သာ အားကိုးနေရတဲ့ လူတစ်ယောက်ပါ။
ကျေးဇူးရှင်နဲ့မတွေ့ဆုံရခင်က ကျွန်နော်ဟာ စာရေးပို့စ်တင်နိုင်ဖို့အတွက် လမ်းစပျောက်ဆုံးနေတဲ့လူတစ်ယောက်ပါ။
ကျေးဇူးရှင်က ကျွန်နော်ရေးသားတင်ပြလာသော ပို့စ်များကို လိုက်ကြည့်ပြီး အားပေးနေတဲ့အတွက် စာတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် ရေးတင်လာနိုင်ခဲ့ပါပြီခင်ဗျာ။
ကျေးဇူးရှင်ကြီးရဲ့ အကူအညီဖြင့် အမြဲ စာရေး ပို့စ်တက်နိုင်အောင် ကြိုးစားသွားပါ့မယ်။
အမြဲ လာရောက်ပြီး အားဖြည့်ပေးပါလို့လည်း ကျွန်နော်အနေဖြင့် ဒီနေရာကနေ မျှော်လင့် တောင်းခံလိုက်ပါတယ်ခင်ဗျာ။
ကျေးဇူးရှင်ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ နှုတ်ဆက်စကားပြောကြားရင်း စာကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာ။
@thura

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @thura.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

Congratulations @thura! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 4 years!

You can view your badges on your board and compare yourself to others in the Ranking

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 20