ဟို့...............ရှေ့ခေတ်ကာလများစွာ၌ ကျွန်တော်တို့ နေထိုင် ရှင်သန်နေကြသည့် ကမ္ဘာလောကပေါ်ရှိ လူသားမျိုးနွယ်စုတို့သည် ရိုးသားပြီး စိတ်သဘောထားဖြူစင်ကာ အမှန်တရားကို ချစ်မြတ်နိုးကြသောသူများ ဖြစ်ကြပါတယ်။
အဲ့ဒီခေတ်တုန်းက ပုထုဇဥ်လူသားတွေနဲ့ အရိယာ သူတော်စင်တို့ဟာ တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ကြပြီဆိုလျှင် ပုထုဇဥ်လူသား အချင်းချင်းများကဲ့သို့ နှုတ်ဆက်စကားပြောခြင်း သွားလာ နေထိုင်ခြင်း တစ်ဦးအခက်အခဲကို တစ်ဦးက ကူညီးပေးကာ ပုထုဇဥ်လူသားတွေ ကြားထဲတွင် အရိယာ သူတော်စင်များအား မြင်တွေ့ခဲ့ကြရပေသည်။
ယခုခေတ်နှောင်းပိုင်ကာလမှာတော့ ပုထုဇဥ်လူသားတွေဟာ အရိယာသူတော်စင်များကို မြင်တွေ့နိုင်ခြင်းမရှိရတော့ပေ။
မည်သို့ပင်ဆိုစေကာမှု အဘယ်ကြောင့် အရိယာသူတော်စင်များအား လူသားတွေနေထိုင်သည့် အရပ်ဒေသများတွင် မမြင်တွေ့ရနိုင်တော့သည့် အဓိက အကြောင်းရင်းကတော့.............
ရှေ့အခါက ရွာကြီးတစ်ရွာ၌ အဖိုးအိုတစ်ယောက်ရှိခဲ့သည်။
ထိုအဖိုးအိုသည် တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသောသူတစ်ယောက်ဖြစ်လေသည်။
အဖိုးအိုသည် စပါးစိုက်ပျိုးချိန်မှအစပြု၍ စပါးရိတ်သိမ်းသောအချိန်အထိ တောထဲမှာရှိသည့် သူ၏တောင်ယာစပါးစိုက်ပျိုးသောနေရာတွင်ရှိသည့် တဲအိမ်ကလေး၌သာ နေထိုင်လျက်ရှိလေသည်။
တစ်နေ့မှာတော့ အဖိုးအိုဟာ သူစိုက်ပျိုးထားသော စပါးများကို ရိတ်သိမ်းရန် အချိန်ကျရောက်လာပါသဖြင့် ရိတ်သိမ်းရန်အတွက် ပြင်ဆင်နေလေသည်။
ထမင်းချက်ချိန်ရောက်သောအခါ သူ၏ တောင်ယာအနီးအနား၌ရှိနေသော စမ်းချောင်းလေးသို့ သွား၍ ငါးဖမ်းနေတာပေါ့ဗျာ။
အဖိုးအိုရဲ့ မလှမ်းမကမ်းတွင် လူတစ်ယောက်ကလည်း သူလိုပဲ ငါးဖမ်းရန်အတွက် ပြင်ဆင်တယ်တာပေါ့ဗျာ။
အဖိုးအိုဟာ ငါးများရရှိလို့ သူ၏တောင်ယာ စိုက်ခင်းသို့ ပြန်လာချိန် တစ်နေရာအရောက်တွင် စမ်းချောင်းမှာ တွေ့ရှိလိုက်သော လူနဲ့ လမ်းတစ်နေရာ၌ တွေ့ဆုံမိကြတာပေါ့ဗျာ။
အဖိုးအိုနဲ့ ဆုံတွေ့ခဲ့ရသည့် ပုဂ္ဂိုလ်သည် ပုထုဇဥ်လူသားမဟုတ် အရိယာ သူတော်စင်ဖြစ်လေသည်။
https://www.istockphoto.com/photo/illustration-abstract-white-angel-sky-clouds-with-bright-light-rays-gm1140295094-305085726
အဖိုးအိုက သူတော်စင်အား စတင်နှုတ်ဆက်စကားဆိုလေသည်။
အဖိုးအိုက မိတ်ဆွေကြီး ငါးဖမ်းတာ ရရှိခဲ့ရဲ့လားဟု သူတော်စင်အားမေးလေသည်။
သူတော်စင်က တစ်ခါချက်စာလောက်တော့ရရှိခဲ့ကြောင်း အဖိုးအိုအား ဖြေလိုက်လေသည်။
သူတော်စင်က အဖိုးအိုအားဆက်ပြောလေသည်။
မိတ်ဆွေက စပါးဘယ်နေ့ရိတ်သိမ်းမှာလဲ။
ွကျုပ်ကတော့ မနက်ဖန် ရိတ်သိမ်မည်ဟု အဖိုးအိုးအား ပြောလိုက်လေသည်။
အဖိုးအိုက ကျုပ်က တစ်ပတ်ခါမှာ ရိတ်သိမ်းမယ်ဟု သူတော်စင်အား ပြောလိုက်သည်။
သူတော်စင်က ဒါဆိုရင် ကျုပ်စပါးခင်းကို မနက်ဖန်ရိတ်သိမ်းဖိုးအတွက် ကူညီပေးပါ့လား
တစ်ပတ်ခါရောက်ရင် ခင်ဗျာကို ကျုပ်က ခင်ဗျာစပါးခင်းကို ရိတ်သိမ်းဖို့အတွက် ပြန်ပြီးကူညီပေးမယ်ဟု အဖိုးအိုအားပြောလိုက်လေသည်။
အဖိုးအိုနဲ့ သူတော်စင်တို့နှစ်ဦးသည် သဘောတူညီမှုများရရှိချိန်မှာတော့
သူတော်စင်က အဖိုးအိုးအား သူ၏ စပါးခင်းရှိသော နေရာကို ပြသပြီး မနက်ဖန်လာရင် စပါးရိတ်သိမ်းရန် ယောက်ျားလေးများကိုသာ ခေါ်လာခဲ့ပါဟု မှာကြားလိုက်လေသည်။
မနက်ဖန်သို့ရောက်ရှိလာခဲ့သောအခါ
သူတော်စင်၏ စပါးခင်းသို့ အဖိုးအိုနဲ့ စပါးရိတ်သိမ်းရန်အတွက် ယောက်ျားသားလေးများသည် ရောက်ရှိလာခဲ့လေသည်။
သူတော်စင်က အဖိုးအိုကို မြင်တွေ့လိုက်ရတော့ အားရဝမ်းသားစွာဖြင့် ကျုပ်ရဲ့ ကလေးမလေးတွေနဲ့ မိတ်ဆွေရဲ့ယောက်ျားသားလေးတွေကို စပါးရိတ်သိမ်းခိုင်ပြီး ကျုပ်နဲ့ မိတ်ဆွေကတော့ ထမင်းသွားချက်ရင် စကားပြောကြရအောင်ဟု အဖိုအိုအားပြောလိုက်လေသည်။
ထိုအချိန်တွင် စပါးရိတ်သိမ်းနေကြသော သူတော်စင်၏ သမီးပျိုများနဲ့ အဖိုးအို၏သားလူပျိုတို့သည် စပါးရိတ်သိမ်းရင်းဖြင့် ရင်းနှီးကျွမ်းဝင်သွားခဲ့ကြသည်။
၎င်းအဖြစ်အပျက်ကို တဲထဲ၌ ထမင်းချက်၍ စကားပြောနေကြသော သူတော်စင်နဲ့အဖိုးအိုဟာ ကြည့်ရှုမိရင်း စိတ်နှလုံးချမ်းမြေ့နေလေသည်။
ထိုအချိန်မှာပဲ သူတော်စင်ဟာ စိတ်ကူးပေါက်ကာ အဖိုးအိုအားပြောလေသည်။
သူတော်စင်က မိတ်ဆွေသားလူပျိုများနဲ့ ကျုပ်ရဲ့သမီးပျိုတွေကို သဘောတူမိတယ်။
မိတ်ဆွေနဲ့ကျုပ် ခမည်းခမက်တော်ကြရအောင်ဟု အဖိုးအိုအားပြောလေသည်။
အဖိုအိုကလည်း သဘောတူလက်ခံလိုက်လေသည်။
ထမင်းစားချိန်ရောက်တော့ အဖိုးအိုနဲ့ သူတော်စင်တို့ဟာ စပါးရိတ်သိမ်းနေသော သမီးပျိုများနဲ့ သားလူပျိုများအား တဲထဲသို့လာရန် လှမ်းအော်ခေါ်လိုက်လေသည်။
သူတော်စင်၏ သမီးပျိုနဲ့ အဖိုအို၏ သားလူပျိုတို့ဟာ ထမင်းစားသောက်ရင်း ပျော်ရွှင်နေကြလေသည်။
ညနေမိုးချုပ်လို့ အဖိုအိုဟာ အိမ်ပြန်ရန် သူ၏သားလူပျိုများကို ပြောလေသည်။
ထိုအချိန်မှာ သူတော်စင်က အဖိုးအိုအား နောက်တစ်ရက်ရောက်ရင် မိတ်ဆွေရဲ့ စပါးခင်းကို လာရောက်ကူညီရိတ်သိမ်းပေးမည်ဖြစ်ကြောင်း
စပါးရိတ်သိမ်းချိန်၌ အဖိုအို၏သမီးပျိုများကို ခေါ်ဆောင်လာပါ
ကျုပ်က ကျုပ်ရဲ့ သားလူပျိုများအား ခေါ်ဆောင်လာခဲ့မည်ဖြစ်ကြောင်းကို အဖိုအိုအား အိမ်ပြန်ချိန်၌ မှာကြားလိုက်လေသည်။
ထိုစကားကို အဖိုအိုးလည်း လက်ခံပြီးနောက် အိမ်သို့ပြန်လာခဲ့လေသည်။
နောက်တစ်နေ့တွင် သူေတာ်စင်နှင့်သူ၏သားလူပျိုများသည် အဖိုးအို၏ စပါးခင်းသို့ စပါးများရိတ်သိမ်းရန် ရောက်ရှိလာကြလေသည်။
သူတော်စင်၏သားလူပျိုများသည် ရုပ်ကပုကွကွ ဗိုက်ကပူပူ အသားအရည်က မဲပြာပြာ နှာခေါင်းကပြားပြား မျက်လုံးကပြူးပြူး ကုန်အောင်ပြောရလျှင် မိန်းကလေးများ နည်းနည်းလေးမှ စိတ်ဝင်စားနိုင်သည့် အနေအထားမျိုးမရှိပေ။
သူတော်စင်၏သားလူပျိုများနဲ့ အဖိုအို၏သမီးပျိုတို့သည် စပါးရိတ်သိမ်းရန် စပါးခင်းရှိရာသို့ ထွက်လာခဲ့ကြသည်။
ထိုသိုထွက်လာရင်း အဖိုးအို၏သမီးပျိုများက သူတော်စင်၏သားလူပျိုးများအား လှောင်ပြောင်စနောက်ပြီး အပြစ်တင် ကဲ့ရဲ့ သရော်လှောင်ပြောင်းသောစကားများကို တဲထဲ၌ရှိနေသော သူတော်စင်က ကြားသိမြင်တွေ့နေသောအခါ အဖိုအိုအားပြောလိုက်လေသည်။
သူတော်စင်က ကျုပ်ရဲ့ သားလူပျိုများကို မိတ်ဆွေ၏ သမီးပျိုများက သရော်လှောင်ပြောင်ပြီး ကဲ့ရဲ့အပြစ်တင်နေကြတယ်။
ထို့အတွက်ကြောင့် မိတ်ဆွေနဲ့ ခမည်းခမက်မတော်တော့ဘူး ကျုပ်ရဲ့သားလူပျိုတွေကို ပြန်ခေါ်သွားတော့မည်ဟု အဖိုးအိုအား ပြောလိုက်လေသည်။
ဲ
အဲ့ဒီအဖြစ်အပျက်ပြီးဆုံးသွားပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပုထုစင်လူသားများသည် အရိယာသူတော်စင်တို့အား ယနေ့အချိန်အထိ မမြင်တွေ့ကြရတော့ပေ။
အရိယာသူတော်စင်ဆိုသည့် နာမဝိသေသနအတိုင်း ရိုးသားမှုကို မြတ်နိုးတယ်။အမှန်တရားကို ချစ်တယ် တန်ဖိုးထားတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူသားတွေကတော့ အများတကာနဲ့မတူပဲ ထူးခြားစွာ ချို့ယွင်းချက်တွေ ရှိနေတက်တဲ့သူကို တွေ့မြင်မိရင်
ကဲ့ရဲ့ကြမယ်
လှောင်ပြောင်ကြမယ်
အတင်းပြောမယ်
အဖျင်းစကားတွေဆိုမယ်
ဝေဖန်ပြီး ခွဲခြားပြီး ဆက်ဆံမယ်
လူထဲက လူတစ်ယောက်ပါလားဆိုပြီး မတွေးတက် မမြင်တက်ကြတော့ပါဘူး။
အထက်ပါသောအချက်များစွာသောကြောင့် အရိယာသူတော်စင်တို့ဟာ ညစ်နွမ်းတဲ့ ပုထုစင်လူသားတွေနဲ့ လုံးဝနေထိုင်ပြီး ဆက်ဆံနိုင်ဖို့မဖြစ်တော့တာကြောင့် လူသားတွေနဲ့အဝေးဆုံးမှာ နေထိုင်လိုသောကြောင့် ကျွန်နော်တို့ဟာ ထိုအချိန်မှစ၍ သူတော်စင်တို့အား မြင်တွေ့နိုင်ခြင်းမရှိတော့ပါကြောင်း ပုံပြင်လေးအသွန်ဖြင့် ရေးသားတင်ပြလိုက်ပါသည်...............။
@thura
Yay! 🤗
Your content has been boosted with Ecency Points
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more, by @thura.