စူပါဖြစ်လိုလျှင်ပါဝါကိုမြှင့်ပါ

in #ecency3 years ago

လူတွေဟာ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးသေးသည့် အလုပ်တစ်ခုခုကိုစတင်လုပ်ကိုင်တော့မယ်ဆိုလျှင် ကြောက်စိတ်သည် ဦးစွာဖြစ်ပေါ်လာတက်ပါတယ်။ကြောက်စိတ်တို့ကို အရဲစွန့်ပြီး လုပ်ကိုင်ကြည့်လိုက်သောအခါ ထိုအလုပ်တွင် ကျွမ်းကျင်လာဖို့အတွက် လွယ်ကူတဲ့ လမ်းစတွေကို ရှာဖွေတွေ့ရှိတက်ကြပါတယ်။
img_0.9716479369259425.jpg
တချို့က အလုပ်ဟုကြားလိုက်ရသည်နှင့် ပုံမှန်ရှိနေသော ခေါင်းသည် ကြီးသွားတက်ကြသလို ကြီးသွားသည်ဟု ထင်မှတ်တက်ကြပါတယ်။တာဝန်ဆိုသည်မှာလည်း မလုပ်လို့ရနိုင်ပေမယ့် ပြေးရှောင်လို့ ကောင်းသောအရာမဟုတ် ခံယူလိုက်မှသာ ယုံကြည်ချက်ပါဝါသည် မြင့်တက်လာတက်သည့်သဘော ရှောင်လွှဲခြင်းသည်က စူပါ ပါဝါကိုရနိုင်လိမ့်မည်မဟုတ် တဖြေးဖြေးနဲ့ ရှိရင်းစွဲပါဝါကိုပါ တဖြေးဖြေးနဲ့ ကျဆင်းသွားနိုင်တယ်။ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ပါဝါဆိုတာ အကြောင်းမဲ့ လွယ်လွယ်ကူကူနဲ့တော့ မြင့်တက်လာလိမ့်မည်မဟုတ် စူပါဆိုသည့် နာမည်ဟာ ဝေးလွန်းလှပေတယ်။
img_0.5613941251054848.jpg
စူပါ ပါဝါရရှိနိုင်ဖို့အတွက် ငွေဆိုသည့်အင်အားတစ်ခုထဲနဲ့မရနိုင်သလို အာဏာဆိုတာနဲ့လည်းမတက်နိုင်ပေ။ရိုးသားဖြောက်မက်သည့်စိတ်ထားနဲ့ တာဝန်ကို ကျေအောင်ကြိုးစားထမ်းရွက်နိုင်ရလိမ့်မည်ဟု အကြမ်းအားဖြင့် ဆိုရပေလိမ့်မည်။ရိုးသားမူကမရှိ ဖြောက်မက်ခြင်းကအဝေးမှာ တာဝန်ဆိုတာ ရှောင်လွှဲတက်မှတော့ စူပါဆိုသည့်နာမည်ကို ပိုင်ဆိုင်ဖို့ရန်မလွယ် ရှိရင်စွဲပါဝါတွေကို တဖြေးဖြေးကျဆင်းကာ ကုန်ခမ်းသွားနိုင်တယ်ဆိုတာ မှတ်သားထားသင့်ပါတယ်။
author: @thurawinkyaw
photo images: unsplash.com

Sort:  

Yay! 🤗
Your post has been boosted with Ecency Points, by @thurawinkyaw.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more