အချစ်စစ်နဲ့ အလေ့အကျင့် လွဲမှားနေတဲ့သူတွေတွက်ပါ

in #esteem6 years ago

image
အချစ်နှင့် အလေ့အကျင့် ဆိုတာ မတူပါ......။
သို့ သော်ငြား ရံဖန်ရံခါ ခံစားချက်များလွဲမှား မှားယွင်းတတ်သည်.....။ကျွန်တော်ပြောတာ မဖြစ်နိုင်ပါဘူးလို့  တွေးနေကောင်း တွေးနေကြလိမ့်မည်...။
ကျွန်တော်တို့  ပတ်ဝန်းကျင်တွေမှာ
တွေ့ မြင်နေလေ့ရှိတဲ့ မသေချာမှု တစ်ချို့ နဲ့  စွဲလမ်းမှု တစ်ချို့  ဒါကို တစ်ချို့  သူများက သေချာရေရာမှု မရှိပဲ အချစ်လို့ အမည်တတ်ခဲ့တာတွေကြောင့် နောက်ဆက်တွဲက ကြေကွဲခြင်းများစွာနဲ့  ခံစားမှုပါပဲ..။
လူတစ်ယောက်ကို နေ့ စဉ် ပုံမှန် သတိရနေတာ၊
တွေ့ နေ မြင်နေချိန်မှာ မတွေ့ ရရင် ရင်ထဲမှာ သတိရစိတ်တွေနဲ့  တမ်းတနေတာ အချစ်လား..?????
၁oo% ရာခိုင်းနှုန်းအချစ်မဟုတ်ပါ..။
သတိရတာလေးတစ်ခုနဲ့  တွေချင်မြင်ချင်တာလေး တစ်ခုနဲ့  ငါတော့ သူ့ ကို ချစ်နေပြီးလို့  တွေးမိပြီး ချစ်ခွင့် တောင်းလိုက်မိလို့ ၊ ချစ်အဖြေပေးမိလို့  နောက်မှ မှားမှန်းသိတဲ့ သူတွေ အများကြီးရှိနေနိုင်ပါတယ်..။
နေ့စဉ်နီးပါးကိုယ်မြင်တွေ့ နေကြလူကို (ကိုယ့်စိတ်ထဲကလဲ ခင်နေတယ် ) ရက်အတော်ကြာ မတွေ့ ဖြစ်ခဲ့ရင် သတိရ တမ်းတစိတ်လေးတွေ ရှိနေမှာပါပဲ..။
ဒါဟာ တမ်းတစိတ်လေးပါ..သတိရစိတ်လေးပါ.. အချစ်မဟုတ်ပါ..။
ကိုယ်နဲ့  နေ့ စဉ် ဖုန်းပြောနေတဲ့ သူတစ်ယောက်နဲ့ ရက်အတန်ကြာဖုန်းပြောမှုတွေ ရပ်တန့် လိုက်ရရင် လွမ်းဆွတ် သတိရစိတ်တစ်ချို့ နှင့် သူမရှိတော့မှ သူနဲ့  အဆက်အသွယ်တွေ ပြတ်မှ သူ့ ကို ငါ ချစ်မိနေမှန်း သိတော့တယ်လို့ ထင်ယောင်ထင်မှား တွေးမိတတ်ပါတယ်..။
တစ်စုံတစ်ယောက်သောသူနဲ့  ဂျီတော့ထဲမှာ ညတိုင်းစကားပြောဖြစ်တယ် ဆိုပါစို့ ..။ ထိုသူမလာတော့တာနှင့် သတိရနေမိမယ် ...။ တိတ်တဆိတ် မျှော်လင့်နေမိရင်းနဲ့  ကိုယ့်ကိုကိုယ် မတွေးမိဖို့ က သူ့ ကို ငါ ချစ်မိသွားပြီးဆိုတာပါပဲ..။
အမှန်တော့ သင်သူ့ ကို ချစ်မိတာ မဟုတ်ပါဘူး..။ ပုံမှန်လုပ်ဆောင်နေကြ အလုပ်လေး တစ်ခု ပျက်ကွက်နေလို့  စိတ်ထဲမှာ လိုအပ်မှုလေး ဖြစ်ပေါ်လာတာပါ..။ ဒီလုပ်ဆောင်မှုလေးကိုသာ အချစ်လို့  သတ်မှတ်ခဲ့ရင် ဥပမာ- သင်ဟာ ထမင်းစားပြီးတိုင်း လမ်းလျှောက်လေ့ ရှိတာမျိုး ၊ ထမင်းစားပြီးတိုင်း အချို တစ်ခုခုစားမှ တင်းတိမ်တာမျိုး ၊ ပုံမှန်လဘ္ဘက်ရည်ဆိုင်ထိုင်လေ့ရှိတာမျိုး အခြားသော လုပ်နည်းလုပ်ဟန်လေးတွေကို မလုပ်ဖြစ်ခဲ့ရင် သင့်စိတ်ထဲက လစ်ဟာမှု တစ်ချို့ ကို ဘယ်လို သတ်မှတ်မှာလဲ..။၊
အရာတစ်ခုခုကို ပုံမှန်လုပ်ဆောင်နေသူအတွက် ဒါဟာ ငါ့အလေ့အကျင့် ၊ ငါ့ ပုံမှန်လုပ်ဆောင်ချက်လို့ ပဲ ပြောကြမှာ မဟုတ်လား..။ ထိုသို့ ဆိုလျှင် သင်တွေးရမည်က ပုံမှန်တွေ့ ဆုံနေသူ တစ်ဦးအား ရုတ်တရက် မတွေ့ တော့ပဲ တမ်းတနေမိလျှင် အချစ်ဖြစ်ပေါ်လို့ လား မှားယွင်းနေတဲ့ ခံစားချက် ၊ တွေ့ နေကြ မတွေ့ တော့တဲ့ လစ်ဟာမှုလားဆိုတာပင်...။
မှားယွင်းတတ်တဲ့ အတွေးတစ်ချို့ ကြောင့် ခဏတာယာယီ ကိုယ့်ချစ်သူထက် တစ်ဦးတစ်ယောက်ပိုစွာ စွဲလမ်းမိလို့  စိတ်ညစ်ခဲ့ရသူတွေ ၇ှိခဲ့သလို အချိန်လွန်မှ အသိနောက်ကျခဲ့သူတွေလဲ ၇ှိတတ်ပါတယ်..။
အထူးသဖြစ် ညီမလေးတွေကို ပြောချင်တာက မာယာများတဲ့ ဦးဦး၊ကိုကို၊မောင်မောင် တစ်ချို့ က ဒီနည်းလေးတွေ အသုံးပြုပြီး နေ့စဉ် ရင်းနှီးမှုယူကာ ရင်နှီးမှု ခိုင်မာလာပြီး ဆိုတာနှင့် ရုတ်တရက် အဆက်အသွယ်ဖြတ် ပြီး ချစ်အဖြေလေးတောင်း ဒါလေးတွေကို ရှောင်ရှားနိုင်ဖို့ ပင်....။
ညီမလေးတွေ အတွက် အချစ်နှင့် အလေ့အကျင့် ခွဲခြားနားလည်တတ်ဖို့  ဆန္ဒတစ်ခု ပြုလိုက်ပါတယ်..။ 😄😄