အအေးမိတဲ့အခါ

in #esteem6 years ago (edited)

အအေးမိတဲ့အခါ
အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပေါင်းများစွာ ရှိပါတယ်။ အများစုကတော့ ရောဂါလက္ခဏာတွေ ဆင်တူကြပါတယ်။
လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသော်လည်း အများစုကတော့ ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး 2-၃ ရက်အကြာမှာ ရောဂါလက္ခဏာ စပြတတ်ပြီး ၄ ရက်မြောက်နေ့မှာတော့ အမြင့်ဆုံးရောက်ကာ ၇ ရက်မြောက်လောက်မှာ တဖြည်းဖြည်း သက်သာလာပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေကတော့ လည်ချောင်းနာခြင်း၊ ယားယံခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ကြပါတယ်။ နှာချေခြင်း၊ ဖျားခြင်း၊ မောပန်းခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

     အအေးမိရောဂါရဲ့ ကူးစက်ခံရတဲ့အချိန်ကနေပြီး ပျောက်ကင်းသွားချိန်အထိဆိုရင် ၇-၁၀ ရက်လောက် ကြာတတ်ပါတယ်။ ကိုယ်ခံအားကျနေသူနဲ့ အခြားရောဂါရှိသူတွေမှာဆိုရင် ၁၀ ရက်ထက် ပိုပြီးကြာနိုင်ပါတယ်။ ရောဂါလက္ခဏာမပြမီ ရက်အနည်းငယ်ကနေ ရောဂါပျောက်ကင်းပြီး ရက်အနည်းငယ်ကြာတဲ့အထိ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။

♦ ပထမနေ့နှင့် ဒုတိယနေ့ - ပင်ပန်းနွမ်းနယ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း

အအေးမိရောဂါ လက္ခဏာတွေက ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်။ ပထမဆုံးအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်းစတဲ့ လက္ခဏာတွေ စတင်ပြီး ခံစားလာရပါတယ်။ ဒုတိယနေ့လောက်မှာဆိုရင် လည်ချောင်းထဲမှာ တစ်ခုခုရှိနေသလို ယားသလို နေပါလိမ့်မယ်။ ပြီးရင် ပုံမှန်ထက် ပိုပြီး နှာတွေချေပါလိမ့်မယ်။ ဒီအချိန်မှာ ပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေဖို့နဲ့ အအေးမိတာ ပိုမဆိုးစေဖို့အတွက် ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုပါတယ်။ ရက်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာတွေလည်း သက်သာလာပါလိမ့်မယ်။

♦ ၃ ရက်မြောက်မှ ၅ ရက်မြောက်နေ့ - နှာခေါင်းလက္ခဏာများနှင့် ချောင်းဆိုးခြင်း

တတိယနေ့နဲ့ စတုတ္ထနေ့တွေမှာတော့ နှာစေးခြင်း၊ နှာပိတ်ခြင်းတွေကို ခံစားရပါလိမ့်မယ်။ နှာစေးပြီး အဝါရောင် နှာရည်ပြစ်ပြစ် (သို့) အစိမ်းရောင်တွေ ထွက်ပါလိမ့်မယ်။ လည်ချောင်းနာပြီးရင် ချောင်းစဆိုးပါမယ်။ နှာပိတ်ခြင်းနဲ့ အခြားလက္ခဏာတွေ ပျောက်သွားပြီးတဲ့နောက်မှာတော့ ချောင်းဆိုးကျန်ခဲ့တတ်ပါတယ်။
image
♦ ၆ ရက်မြောက်နှင့် ၇ ရက်မြောက်နေ့ - ရောဂါလက္ခဏာများ ပျောက်ကင်းလာ

လူအများစုကတော့ ဆေးသောက်စရာမလိုဘဲ တစ်ပတ်အတွင်း အလိုလို ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်ရင်၊ ကြာရင် (သို့) ပိုဆိုးလာတယ်ဆိုရင်တော့ ကုသမှုခံယူရပါမယ်။

♦ အအေးမိခြင်းနဲ့ တုပ်ကွေး ဘာကွာသလဲ?
image
ဒီနှစ်ခုက ခွဲခြားရတာတော့ ခက်ပါတယ်။ တုပ်ကွေးက အအေးမိတာထက် ရောဂါလက္ခဏာ ပိုဆိုးပြီး ပိုကြာတယ်လို့ ဆိုပါတယ်။ တုပ်ကွေးရဲ့လက္ခဏာတွေက ရုတ်တရက် ထဖြစ်တတ်ပြီး အပူကြီးခြင်း၊ ကိုယ်လက်များ ကိုက်ခဲခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ တုပ်ကွေးကနေပြီး အဆုတ်ရောင်ခြင်းနဲ့ အခြားရောဂါပိုးဝင်ခြင်းတွေနဲ့ ဆက်စပ်သွားနိုင်ပါတယ်။

ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် လက်ဆေးခြင်းက ရောဂါပိုးများ ပျံ့နှံ့ခြင်းကို ကာကွယ်ရာမှာ အရေးပါပြီး တုပ်ကွေးကာကွယ်ဆေးကတော့ တုပ်ကွေးမဖြစ်အောင် ကာကွယ်ရာမှာ အရေးပါပါတယ်။
image
when cold
There are several cold disease-causing virus. Most of the symptoms are similar.
The majority of these symptoms is different from each other, but viral infection 2-3 days after symptoms show to fall back to 4 days maximum comfort for about 7 days gradually. The most common symptoms include sore throat, Irritation, To turn a blind eye, Sneezes, Cough, among others. Sneezes, Hence, Fatigue can also feel.
image
Cold cure disease infected from time to time အထိဆိုရင် often takes 7-10 days. Immune diseases and other ones where it can take more than 10 days. A few days before showing symptoms, cure and can infect others up to a few days later.

♦ On the first and second day - fatigue, Sneezes, Sore throat

Cold symptoms often appear gradually. First of all, fatigue, Sneezes, Since symptoms of a sore throat well. In a second day in the throat, you are away. Now page will be paid more than usual. Meanwhile, to be rather tired and cold do not need to fully retire. Over days will alleviate symptoms.

♦ 3 days to 5 days - nose and cough symptoms

The third and fourth days to turn a blind eye, Will experience nasal congestion. Turn a blind eye and yellow snivel entirely or emerald green coloring will be out. Sore throat then cough. Nasal congestion and other symptoms often disappear after coughing left.
image
♦ 6 days and 7 days to cure the symptoms of the disease
I noob
Most people usually recover automatically without drinks a week. If severe symptoms, If lost or worse treatment.

♦ the difference between flu and a cold?

Of course, it is difficult to distinguish between the two. The flu is worse than cold symptoms said. The symptoms of influenza, suddenly, the self-heating loftiness Physical aches, Extreme tiredness, And a dry cough. Lung inflammation from flu or other infection may be associated with the disease.

Wash the spread of infection in order to safeguard these important protecting flu vaccine to prevent influenza is critical to protecting.