အမည်​မဲ့

in #esteem5 years ago

ကျွန်​မတို့က ရုပ်​ဝတ္ထု​လောကနဲ့ ကင်းကွာဖို့ သင်​ကြားမခံခဲ့ရဘူး။ကိုယ်​တိုင်းလည်း မသင်​ယူခဲ့ဘူး။
လူ့ပတ်​ဝန်းကျင်​ဖြစ်​စဉ်​တစ်​ခုထဲမှာ ရုပ်​ဝတ္ထု​တွေကို ရှာ​ဖွေဖို့​တွေပဲ သင်​ကြားခံခဲ့ကြရတာ။
အဲ့ဒါကိုပဲ တတ်​​မြောက်​ခဲ့တယ်​ပဲ ဆိုပါစို့။
ဒါဟာ လူတစ်​​ယောက်​အတွက်​​တော့ အညမညဖြစ်​စဉ်​တစ်​ခုပါပဲ။
လူတစ်​​ယောက်​ဖြစ်​မယ်​..။
ရှင်​သန်​မယ်​..
လူ့​လောကထဲက လူတိုင်း စိတ်​ဝင်​စားကြတဲ့အရာ​တွေကို လိုက်​ပြီးစိတ်​ဝင်​စားမယ်​။အဲ့ဒီစိတ်​ဝင်​စားခံဖြစ်​ဖို့ ကြိုးစား​ကောင်း ကြိုးစားဖြစ်​မယ်​။
ဒါက ဖြစ်​စဉ်​တစ်​ခုပါပဲ။
ပြီး​တော့ ​ရှောင်​လွှဲလို့မရနိုင်​တဲ့ ရှင်​သန်​မှုအတွက်​လည်း ကိုယ်​တိုင်​ပဲ ရှာ​ဖွေတည်​​ဆောက်​ကြရ​သေးတယ်​။
ရုပ်​ဝတ္ထု​တွေကို ကင်းကွာဖို့ ကြိုးစား​နေပါတယ်​လို့ ဘယ်​​လောက်​ပဲ​ပြောပါ​စေ..။ဒီ စားဝတ်​​နေ​ရေးဆိုတဲ့ အ​​ခြေခံအကျဆုံး ရှင်​သန်​မှုအတွက်​က​တော့ မဖြစ်​မ​နေ အချိန်​​ပေးကြရတာချည်းပါပဲ။
စားဝတ်​​နေ​ရေးက​နေ လုံ​လောက်​ဖို့ ကြိုးစားရတယ်​..။
လုံ​လောက်​ပြီးရင်​ ဖူလုံဖို့ ကြိုးစားကြတယ်​။
ဖူလုံပြီဆိုရင်​ တိုးပွားများပြားဖို့ ကြံဆကြပြန်​တယ်​..။
အဲ့ဒီက​​နေ ရုပ်​ဝတ္ထု​တွေအ​ပေါ် အ​လေး​ပေးမှုက​တဆင့်​ ရုပ်​ဝတ္ထု​တွေက ကျွန်​မတို့ဘဝ​တွေ အ​ပေါ် ပိုပြီး လွှမ်းမိုးလာကြ​တော့တာပဲ..။
ပြီး​တော့ တဆင့်​ချင်းဖြစ်​လာတဲ့ ဆင့်​ကဲ မျိုးဆက်​​တွေအ​ပေါ် သက်​​ရောက်​​နေ​တော့တာပါပဲ..။
ရုပ်​ဝတ္ထု​တွေ..
ရုပ်​ဝတ္ထု​တွေအ​ပေါ် မက်​​မောစိတ်​​တွေနဲ့ ကင်းကွာ​နေတဲ့လူဆိုတာ​တော့ မရှိသ​လောက်​ရှားပါတယ်​။
သူတို့ကိုက​တော့ ​ရောင့်​ရဲ​ကျေနပ်​သူ​တွေလို့ အမည်​တပ်​လိုက်​ကြတာ​ပေါ့..။
တကယ်​​တော့သူတို့က လုံ​လောက်​မှုအဆင့်​မှာ ရပ်​တန့်​ပစ်​လိုက်​သူ​တွေပါ..။
ပြီး​တော့ အဲ့ဒီအချိန်​​တွေကို အခြား​နေရာ​တွေမှာ အသုံးချကြတယ်​လို့ပဲ ရှင်းရှင်း​လေး ဆိုကြပါစို့​လေ..။
ရုပ်​ဝတ္ထု​လောကကြားထဲမှာ မူကွဲရှာ​ဖွေသူ​တွေ အဖြစ်​ သူတို့က ထူးဆန်းကြတယ်​။ပြီး​တော့ ရူးနှမ်းကြတယ်​လို့လည်း အမည်​တပ်​ခံရနိုင်​တာ​ပေါ့..။
အဲ့ဒီအထဲက ရုပ်ဝတ္ထုဝန်းကျင်​​အ​​ပေါ် ရပ်​တန့်​ခြင်းကို ​ကောင်း​ကောင်းသိသူ​တွေက​တော့ တကယ့်​ကိုပဲ ​ပြောင်​​မြောက်​သူ​တွေ ဖြစ်​လာကြ​တော့တာပါပဲ..။ image