ရခိုင်
ဝေသာလီိ
ဝေသာလီခေတ် ဘယ်အချိန်ကစတယ်ဆိုတာနဲ့ပက်သက်ပြီးသမိုင်းဆရာတွေမှာအမြင်တွေကွဲသလို ဝေသာလီခေတ်နဲ့ပက်သက်ပြီးအချို့သောအကြောင်းအရာတွေဟာလည်းသမိုင်းဆရာတို့ထံမှာ ကွဲပြားခြားနားတဲ့အမြင်တွေကိုဖြစ်ပေါ်စေခဲ့တယ်။ဝေသာလီခေတ်ကိုအကြမ်းမျဉ်းပြောရရင် အေဒီ၎ရာစုကနေ ၁၁ရာစုအထိလို့ဆိုနိုင်မယ်။အဲ့ဒီအချိန်တုန်းကမြို့တော်ဟာဓညဝတီဖြစ်ပြီးအေဒီ၆ရာစုကနေစတင်ကာ ဝေသာလီဖြစ်လာတယ်လို့ကျောက်စာမှတ်တမ်းအရ ခိုင်မာစွာပြောနိုင်မယ်။မြို့တော်နှစ်ခုစလုံးဟာ ရခိုင်ပြည်မြောက်ပိုင်းကုလားတန်မြစ်နဲ့လေးမြို့မြစ်ကြားလွင်ပြင်မှာ တည်ရှိတယ်။ဝေသာလီဟာဓညဝတီအရှေ့ တောင်ဘက် ၈မိုင်အကွာမှာတည်ရှိတယ်။ဒီအမည်ဟာအိန္ဒိယမှာလည်းရှိတယ်။ရခိုင်စစ်လျှင်ဗုဒ္ဓဘာသာဝင်များသာဖြစ်တယ်လို့ ယနေ့ပြောဆိုနေကြတာကိုမြင်ရတယ်။ဒေါက်တာသန်းထွန်းကအခြားဘာသာကိုးကွယ်မှု့ ရှိခဲ့တယ်လို့ ရှင်းလင်းထားတယ်။
ရခိုင်ပြည်လူနည်းစုတွေဖြစ်တဲ့ မြို ၊ခမီ၊ချင်း၊သက်စတဲ့လူမျိုးတွေဟာ တိဗက်-မြန်မာအနွယ်ဝင်တွေဖြစ်တယ်။အနောက်ဘက်အာသံ(Assam) ၊မဏိပူရဘက်ကဝင်လာတဲ့တိဗက်-မြန်မာအနွယ်ဝင်တွေလို့ဆိုတယ်။သူတို့ရခိုင်ပြည်ရောက်တာဟာ ရခိုင်တွေထက်စောတယ်။(Pamela Gutman 1976 page 5)
အေဒီ၁၀ရာစုကနေစတင်ပြီး ဝေသာလီနိုင်ငံဟာ အင်အားချိနဲ့လာပြီးပျက်သုဉ်းသွားရာမှာ ၎င်းလူမျိုးတို့၏ပုန်ကန်ခြားနားမှု့ များလည်းပါဝင်သည်..Pamela Gutman....
ရခိုင်နဲ့ဗမာဆက်စပ်မှု့ အတွက်သမိုင်းပညာရှင်တွေထံမှာအမြင်တွေကွဲကြပြန်တယ်။ရခိုင်သမိုင်းပညာရှင်တွေကြားထဲမှာလည်းကွဲကြတယ်။မြန်မာနိုင်ငံမှာအားလုံးလေးစားခံရတဲ့ပညာရှင်တစ်ပါးဖြစ်တဲ့ဒေါက်တာသန်းထွန်းက
ရခိုင်ဟာ ရခိုင်ပဲလား။မြန်မာခွဲလားဆိုတာအထောက်ထားမရှိဘဲပြောလို့မရပါ။ယခုတွေ့ထားတဲ့သက္ကဋကျောက်စာ၊ဗြဟ္မီကျောက်စာတွေနဲ့မလုံလောက်ပါ။ကျနော်ကရခိုင်စာပေစစ်စစ်ကိုမတွေ့ခဲ့ပါ။ရခိုင်စာပေသည် ပုဂံခေတ်မြန်မာစာပေမှတစ်ဆင့်ဆင်းသက်ခြင်းဖြစ်တယ်။
ဒေါက်တာသန်းထွန်း..ကျနော်လည်းအဖြေမသိပါ...ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း စာမျက်နှာ၄၅.....
ဖော်ပြပါဒေါက်တာသန်းထွန်း၏အငြင်းအခုံရှောင်ပြီးပရိယာယ်အပြည့်နဲ့ဖြေထားတဲ့စာသားတွေဟာစဉ်းစားစရာဖြစ်စေတယ်။
တစ်ခါ ဒေါက်တာအေးချမ်းက
*** လေးမြို့ခေတ် မတိုင်ခင်ကဖြစ်သောဝေသာလီတစ်ခေတ်လုံးသည် စာပေရေးသားရာတွင်၊သက္ကဋဘာသာစကား၊နဂရီအက္ခရာဖြင့်ရေးသားခဲ့ကြောင်းတွေ့ရသည်။ဤကာလအတွင်းကျွန်ုပ်တို့ယနေ့ပြောဆိုနေသော ရခိုင်ဘာသာစကားဖြင့်ရေးသားထားသည့်ကျောက်စာ၊ခေါင်းလောင်းစာစသည့်တို့ကိုတစ်စုံတစ်ရာမျှမတွေ့ရပါ။လေးမြို့ခေတ်မှာသာတွေ့ရသည်။***
ဒေါက်တာအေးချမ်း...ရခိုင်တန်ဆောင်မဂ္ဂဇင်း ၁၉၇၄.၇၅.အမှတ်စဉ်၁၄
ရခိုင်စာပေကိုလေးမြို့ခေတ်မှာသာတွေ့ရတယ်လို့ ဆိုခြင်းဟာ ရခိုင်ဟာ၁၀ရာစုကနေစတင်ပြီးဝင်ရောက်တယ်ဆိုတဲ့အယူအဆအတွက်ထောက်ခံချက်ဖြစ်နေတယ်။ဝေသာလီခေတ်ကလူတွေဟာ အိန္ဒိယသားတွေလား?
ကျွန်ုပ်တို့အနေဖြင့် ဖြေရှင်းရမည့်အဓိကအရေးအကြီးဆုံးပြဿ နာတစ်ရပ်မှာ ဝေသာလီခေတ်ကုန်သည်အထိ ရခိုင်ပြည်နယ်တွင်နေထိုင်သွားကြသော ပြည်သူမျိုးနွယ်များသည် ရခိုင်လူမျိုး ဟုတ်သည် မဟုတ်သည် ဆိုသည့်ပြဿ နာပင်ဖြစ်သည်။ဤပြဿ နာကို ကိုင်တွယ်ဖြေရှင်းရန်မှာလွယ်ကူမည်မဟုတ်ချေ။
ဒေါက်တာအေးချမ်း....စာမျက်နှာ၅၁...
ဖော်ပြပါခဲ့တဲ့အတိုင်းရခိုင်သမိုင်းပညာရှင်ဒေါက်တာအေးချမ်းကဆိုထားတယ်။သူဘာကြောင့်ခုလိုဆင်ဝှေ့ ရန်ရှောင်ဆိုရသလဲဆိုတဲ့အချက်ကိုစဉ်းစားကြည့်ရင် အမှန်ကိုပြောခဲ့ရင် သူ့ပတ်ဝန်းကျင်နဲ့သူ့လူမျိုးက သူ့ကိုရန်စောင်မယ်။ကဲ့ရဲ့ ပြစ်တင်ဝေဖန်ရှုံ့ ချမယ်။ရခိုင်မှာ ရှေးဟောင်းသမိုင်း၊ခေတ်လယ်သမိုင်းစတာတွေမှာ တခြားဘယ်သူနဲ့မှမဆိုင်ဘူးလို့ပြောဆိုရေးသားမှသာလျှင် အမျိုးသားရေးတာဝန်ကျေမယ်လို့ခံယူအစွန်းရောက်နေတဲ့ရခိုင်တွေလည်းမနည်းမနှောမဟုတ်ပါလား။
အဲ့တော့ဝေသာလီခေတ်လူမျိုးတွေနဲ့ပက်သက်ပြီး၊ပြည်သူပြည်သားတွေနဲ့ပက်သက်ပြီးအဖြေကရှင်းနေတယ်။ကျောက်စာ၊ပေစာ၊ရှေးဟောင်းသုတေသနပစ္စည်းတွေအရဝေသာလီခေတ်ဟာကုလားခေတ်ဖြစ်ပြီးကုလားလူမျိုးတွေနေထိုင်ခဲ့တယ်။အနောက်တိုင်းသမိုင်းပညာရှင်တွေအပြင် မြန်မာ့သမိုင်းပညာကျော်တွေဖြစ်တဲ့ ဒေါက်တာသန်းထွန်း၊ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်၊ဒေါက်တာကျော်သက်တို့က ရခိုင်ဟာ မြန်မာပြည်မဘက်က ၁၀ရာစုနောက်ပိုင်းဝင်ရောက်လာသူမြန်မာအုပ်စုတစ်စုဖြစ်တယ်လို့ ဆိုတယ်။
ဒေါက်တာကျော်သက်က
°°° တိဗက်-မြန်မာ အုပ်စုတွင် အနောက်ဘက်တိဗက်-မြန်မာနှင့် အရှေ့ ဘက်တိဗက်-မြန်မာဟူ၍ရှိပြီး အရှေ့ အုပ်စုတွင်ရခိုင်၊ထားဝယ်၊တောင်ရိုး၊အင်းသားများပါဝင်သည်။မြန်မာတို့သည်ပုဂံကိုအေဒီ၈၅၀ခန့်ကတည်းကတည်ခဲ့ပြီးအခြားအရပ်များသို့ ပျံ့နှံ့ခဲ့သည်။ရခိုင်တို့သည်အနောက်ဘက်အရပ်သို့ပြောင်းရွှေ့ ပျံ့နှံ့သူတို့၏ရှေးဦးချီတပ်ဦးဖြစ်သည်။၎င်းတို့သည် ခရစ်သက္ကရာဇ်၉၅၇ခုနှစ်လောက်တွင် ဧရာဝတီမြစ်ဝှမ်းကိုဖြတ်ကျော်၍ အမ်းတောင်ကြားလမ်းကိုကျော်လွှားဖြတ်သန်းကာရခိုင်ဒေသကိုရောက်ရှိခဲ့သည်။၎င်းနောက်ပိုင်းရခိုင်သမိုင်းသည်မြန်မာ့သမိုင်းနှင့် ပို၍ဆက်စပ်နေခဲ့သည်။၎င်း၁၀ရာစုနောက်ပိုင်းကာလကို ရခိုင်ပြည်တွင်လေးမြို့ခေတ်ဟုခေါ်ပြီးအေဒီ၁၅ရာစုအထိ တည်တံ့ခဲ့သည်။
ရခိုင်ပြည်သို့မြန်မာအုပ်စုတစ်စုမရောက်မီ ရှေးရာစုနှစ်ပေါင်းများစွာကပင် အိန္ဒိယမင်းဆက်များစိုးစံခဲ့ကြောင်းတွေ့ရသည်။ကျောက်စာအထောက်ထားအရ မြန်မာများမရောက်ခင်အုပ်စိုးခဲ့သော သူများ၏ယဉ်ကျေးမှု့ သည်၊အိန္ဒိယယဉ်ကျေးမှု့ နှင့်နီးစပ်ပြီးဘင်္ဂလားလွှမ်းမိုးမှု့ ရှိခဲ့သည်။အိန္ဒိယမင်းဆက်များကိုအဆုံးတိုင်နှိပ်ကွပ်ခဲ့ခြင်းမှာ ရခိုင်သားတို့သည်လျင်မြန်ဖျတ်လတ်၍ ရဲရင့်တက်ကြွသော မြန်မာအဆက်အနွယ်များဖြစ်သောကြောင့်ဖြစ်သည်°°°
...ဒေါက်တာကျော်သက်...ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်း...
အထက်ပါစာပိုဒ်ဟာ ဒေါက်တာအေးချမ်းရဲ့ ရခိုင်ဟုတ်၏ မဟုတ်၏မေးခွန်းအတွက် လုံလောက်တဲ့အဖြေပဲဖြစ်တယ်။အလားတူ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် ကျမ်းပြု အရာရှိ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် က
*** ဝေသာလီနိုင်ငံမည်သည့်အချိန်ကစတင်ခဲ့သည်ကို ပြောရန်ခဲယဉ်းပေသည်။၎င်းသည် အိန္ဒိယမြောက်ပိုင်းမှလူမျိုးများ၏မင်းဆက်ဖြစ်ပြီး၁၀ရာစု၊၁၁ရာစုမြန်မာရခိုင်များဝင်ရောက်လာသည့်ကာလအထိတည်တံ့ခဲ့သည်။***
ဗိုလ်မှူးဘရှင်.....အနော်ရထာအရင်ကမြန်မာနိုင်ငံတော်သမိုင်း..စာ..၇၀..၇၁
ရခိုင်ပြည်နဲ့ရခိုင်သမိုင်းကိုကျောက်စာ၊ပေစာ၊ရှေးဟောင်းသုတေသနပစ္စည်းတွေကိုအခြေခံပြီးလေ့လာကာစာတမ်းပြု စုခဲ့တဲ့သြစတေးလျက ဒေါက်တာပမလာဂတ်မန် Dr.Pamela Gutman က
*** We cannot be sure who the earliest inhabitants of Arakan were .Most probably they included some minority groups, still surviving in the remoter areas the Chin,the Mro, the Sak.The domainant group today,the Rakhing appear to have been advance-guard of Burmas who began to cross the Rakhaing Yoma in the ninth centuries. ***
ရခိုင်၏ရှေးဦးလူမျိုးများနှင့်ပက်သက်ပြီး ကျွန်ုပ်တို့၌မသေချာပါ။ဖြစ်နိုင်ခြေအများဆုံးက၎င်းတို့ထဲတွင် ယနေ့ဝေးလံခေါင်ဖျားရောက်နေသူ လူနည်းစုများဖြစ်ကြသော ချင်း၊မြို ၊သက်တို့ပါဝင်မည်ဖြစ်သည်။ယနေ့အင်အားများနေသောရခိုင်များသည် မြန်မာတို့၏ရှေ့ ပြေးချီတပ်ဦးဖြစ်ပြီး အေဒီ၉ရာစုတွင် ရခိုင်ရိုးမတောကိုဖြတ်ကျော်လာခဲ့ကြသည်။
အပိုင်း ၂ ဆက်ရန်
Credit# Min Kyaw Swar / Google
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.