Zaloon Hill (Myanmar)

in #esteem6 years ago

image
image

သလွန်တောင်(သို့မဟုတ်)
စန့်လုံတောင်(သို့မဟုတ်)
ဇလုံတောင် သို့ သွားရောက်ရန် လမ်းညွှန်
========================

သလွန်တောင်(သို့မဟုတ်)
စန့်လုံတောင်(သို့မဟုတ်)
ဇလုံတောင် သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်တွင် တည်ရှိပါသည် ။

ဗန်းမောက်မြို့မှ မြေပြန့် ၅ မိုင် ၊ တောင်အတက်/အဆင်း ၁၂ မိုင် နှင့် ကျောက်မဏ္ဍပ်လမ်းခွဲ ၁ မိုင် ၊
စုစုပေါင်း ၁၈ မိုင်ခန့် ကွာဝေးပါသည်။

သလွန်တောင်သို့ သွားရောက်ရာတွင် ဗန်းမောက်မြို့မှနေ၍ တောင်တက်ကားအသင်း၏ ကားများဖြင့်သာ သီးသန့် တက်ရောက်ရပါသည် ။ ကားများမှာ ဟိုင်းလပ် ၊ အီဇူဇူး ၊ ရိမ်းဂျားဖို့ဒ် ၊ ချက်ဗလက် စသော(4×4) ကားအများစုဖြစ်ပါသည် ။ ပြင်ပဧည့်သည်ယာဉ်များအား
တက်ရောက်ခွင့် မပြု ပါ ။

တောင်တက်ကားခနှုန်းထားများမှာ တစ်ဦးလျှင် အတက်ခရီးအတွက် ၃၅၀၀ိ/- နှင့် အဆင်းခရီးအတွက် ၂၅၀၀ိ/- ဖြစ်ပါသည် ။ စင်းလုံးငှားရမ်း၍လည်း ရပါသည် ။

ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းအထိ ကား သွားလာ၍ ရပါသည် ။ တောင် အတက်/အဆင်း ၊ ဘုရားဖူး ၊ ဓာတ်ပုံရိုက် ၊ မုန့်စား ၊ သစ်ခွပန်းဝယ် စုစုပေါင်း ၄ နာရီမှ ၅ နာရီအထိ ကြာမြင့်ပါသည် ။

သလွန်တောင်ရှိ နတ်ရေတွင်းမှ ရေကို သယ်ဆောင်ပြီး မိမိတို့နေအိမ်တွင် အလိုရှိသလို သုံးစွဲနိုင်ပါသည် ။

ကားလမ်းတွင် ဖုန်ထူထပ်သဖြင့် နှာခေါင်းစည်း ၊ ခြုံ ထည်ပုဝါများ အသုံးပြု သင့်ပါသည် ။
မိုးရွာလျှင် မည်သည့်ယာဉ်မျှ သွားလာ၍မရပါ ။

ဗန်းမောက်မြို့တွင် တည်းခိုခန်း ၆ ခု ရှိပါသည် ။
အင်းတော်မြို့တွင်လည်း တည်းခိုနိုင်ပါသည် ။ အင်းတော်နှင့် ဗန်းမောက် ၄၉ ကီလိုမီတာခန့် ကွာဝေးပြီး ယာဉ်မောင်းချိန် ၅၀ မိနစ်ခန့်သာ ကြာမြင့်ပါသည် ။

ကျွန်တော်သိသလောက် ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပတ်များမှာ -
တောင်တက်ကားအသင်း(၀၉၄၄၂၂၂၈၆၈၆ / ၀၉၂၅၈၇၁၂၆၃၅ / ၀၉၂၅၀၈၀၂၆၅၅) ၊ အောင်သရဖူတည်းခိုခန်း(ဗန်းမောက်)
၀၉၂၆၁၂၅၅၅၁၃ ၊ ချင်းတွင်းသားတည်းခိုခန်း(ဗန်းမောက်)
၀၉၂၆၅၈၈၁၆၁၆ ၊ အင်းတော်ဟိုတယ်(အင်းတော်)၀၇၅၂၉၂၆၁ ၊ ကံ့ကော်မြိုင်တည်းခိုခန်း(အင်းတော်)
၀၇၅၂၉၂၂၈ တို့ဖြစ်ပါသည် ။

ဗန်းမောက်မြို့သို့ သွားရောက်နိုင်သော မော်တော်ကားလမ်းများမှာ -
လမ်းကြောင်း (၁)
(ဒေသအခေါ် - အရှေ့လမ်း)
ရန်ကုန် - မန္တလေး -
မတ္တရာ - လက်ပံလှ(စဥ့်ကူးလမ်းဆုံ) - လက်ခုပ်ပင် - ချောင်းကြီး -
ဇရပ်ကွင်း - ဖော့တော -
ဝါးဖြူ တောင်(မိုးကုတ်လမ်းဆုံ) -
၇ မိုင်(သပိတ်ကျင်းလမ်းဆုံ) - ကျောက်ကြီး -
တွင်းငယ်/စံပါယ်နဂို(မိုးမိတ်လမ်းဆုံ) - လက်ပံကုန်း - မကျီးကုန်း - တကောင်း -
မြတောင်(ဗန်းမော် - ရွှေကူလမ်းဆုံ) -
ထီးချို င့် - ကျောင်းကုန်း(ထီးချို င့်လမ်းဆုံ) - ဗုဓလက် - နတ်မဟုတ်ကြီး -
လယ်ပြင် - အင်းတော်(မြစ်ကြီးနား/ကသာလမ်းဆုံ) - ဗန်းမောက် သို့လည်းကောင်း (စုစုပေါင်း ကီလိုမီတာ ၉၉၀ ကျော်) ။

လမ်းကြောင်း (၂)
(ဒေသအခေါ် - အနောက်လမ်း)
ရန်ကုန် - ရွှေဘို - ကျောက်ပြင်သာ(ကျောက်မြောင်း/စဥ့်ကူးလမ်းဆုံ) -
ဇီးကုန်း(ခင်ဦးလမ်းဆုံ) - ငှက်ပျောတိုင် - စံပါယ်နံ့သာ(ကန့်ဘလူ-ကျွန်းလှလမ်းဆုံ) - လွှဲဆိပ် - ဘော - ဇင်း(ချပ်သင်းလမ်းဆုံ) - ဟင်သော် - တောင်ပုံ - ကျောက်တန်း(ကောလင်း - ဝန်းသို လမ်းဆုံ) - ပိန္နဲကုန်း - ကျောင်းကုန်း(ထီးချို င့်လမ်းဆုံ) - ဗုဓလက် - နတ်မဟုတ်ကြီး - လယ်ပြင် - အင်းတော်(မြစ်ကြီးနား/ကသာလမ်းဆုံ) - ဗန်းမောက် သို့လည်းကောင်း (စုစုပေါင်း ကီလိုမီတာ ၁၀၀၀ ကျော်) ။

လမ်းကြောင်း (၂) မှ (၁) သို့ ဖြတ်သန်းသွားရောက်လိုပါလျှင် -
ရွှေဘို - ကျောက်ပြင်သာ - ကျောက်မြောင်း - စဥ့်ကူး - လက်ပံလှ လမ်းအတိုင်း အပြန်အလှန် သွားရောက်နိုင်ပါသည် ။

လမ်းကြောင်း(၁)နှင့်(၂)သည် ကျောင်းကုန်းတွင် ပေါင်းဆုံပါသည် ။
မန္တလေး - ဗန်းမောက် တိုက်ရိုက်ပြေးဆွဲသော ခရီးသည်တင်ယာဉ်(အောင်နိုင်သူယာဉ်လိုင်း)များဖြင့်လည်း သွားရောက်နိုင်ပါသည် ။

မိတ်ဆွေ သူငယ်ချင်းများအတွက် သလွန်တောင်သို့ အဆင်ပြေစွာ သွားရောက်ဖူးမျှော်နိုင်စေရန် ရည်ရွယ်၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည် ။

အားလုံး ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒများလည်း ပြည့်ဝကြပါစေခင်ဗျာ ။

ကျေးဇူးတင်စွာဖြင့် -

image
image
image
image
ကိုလင်း

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 2.08 % upvote from @drotto thanks to: @deeplove.