😂😂 အပျင်းပြေ အပျော်ပြုံး 😂😂

in #esteem6 years ago

😂😂 အပျင်းပြေ အပျော်ပြုံး 😂😂
image

ကျွန်တော်ဘယ်သူလဲ

      ရဲစခန်းတစ်ခုသို့ တယ်လီဖုန်းသံ မြည်လာ၏။
    " ကယ်တော်မူပါ ၊ ကယ်တော်မူပါ "
    " ဟုတ်ကဲ့ ၊ အခုပဲလာခဲ့ပါ့မယ် ၊ ဒါနဲ့ ဘာဖြစ်လို့ပါလဲ"
     " အ ခန်း ထဲ ကို ကြောင်တစ်ကောင် ဝင်လာလို့ပါ "
      "ဒီလို အသေးအမွှားကိစ္စတွေနဲ့ ရဲစခန်းကို ဒုက္ခမပေးပါနဲ့ ၊ ဒါနဲ့ ခင်ဗျားဘယ်သူလဲ "
     " ကျွန်တော်လား၊ ကျွန်တော် ကြက်တူရွေးလေ "

image

သစ္စာရှိအိမ်ဌား

တိရ စ္ဆာန်များ အရောင်းဆိုင်တစ်ခု၌.....
" ကြမ်းပိုး ၂၇၆ - ကောင်၊ ပိုးဟပ် ၅၂၄-ကောင် ၊ ကြွက် ၁၅- ကောင် လိုချင်ပါတယ် "
" ဘာလုပ်မလို့လဲဗျ "
"အိမ်ရှင်က အိမ်ကို ယခင်က အခြေအနေအတိုင်း ထားပြီး တစ်ပတ်အတွင်း ပြောင်းပေးရမယ် ဆိုလို့ပါ "
image

စိတ်ချပါ

တက္ကစီပေါ်တွင်--
ခရီးသည် ။ ။ ကားရှေ့မှန်က ညစ်ပတ်လှချည်လား၊ နည်းနည်းသုတ်လိုက်ပါအုံးလားဗျာ ၊ ဒါမှ လမ်းကိုမြင်ရမှာပေါ့ ။
ဒရိုင်ဘာ ။ ။ မှန်ကိုစင်အောင်သုတ်လည်း မထူးပါဘူးဗျ ၊ ကျွန်တော့မျက်မှန်က အိမ်မှာမေ့ကျန်ခဲ့တော့ ဘာပဲလုပ်လုပ် မြင်ရတာမှ မဟုတ်ဘဲ ။

Smt-66

Sort:  

SMT-59
Nice

သေရောပဲ ဘုရားတပြီးသာ ကားလိုက်စီးကြပေတော့ :D
smt63

😂😂😂