ကောင်မလေးရေ…
သိပ်ချစ်ခဲ့ပါတယ် …ရူးမလောက်ပါပဲ
နင့်ရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့လို့
ငါ့မာနတွေလည်း အရည်ပျော်ကုန်ပါပြီ
ဒါတောင်နင်က ထားရက်ခဲ့တယ်…
နင့်ကိုချစ်မိခဲ့တဲ့အချစ်တွေအတွက်
ငါ ဝမ်းမနည်းပါဘူး …လွမ်းရဲပါတယ်…
ဒါပေမင့်…လမ်းခွဲဖို့အထိ မတွေးခဲ့မိဘူး။

အခုတော့နင်ရဲ့အဆုံးအဖြတ်က…
ငါ့ကို… အမုန်းဇာတ်မှာ… က စေ… တဲ့
ငါ့ကိုယ်ငါ အဆုံးသတ်ချင်ပေမယ့်…
သံသရာမှာ အဖန်ငါးရာ ငါးကမ္ဘာတဲ့။
ငရဲလား… ငါမကြောက်ပါဘူး……
ငါကြောက်တာက… … …
နင်နှင့်ငါ …ငါးကမ္ဘ္ဘာထပ်ပီးဝေးရမှာကိုပဲ။
အဲဒီလောက်အထိချစ်ခဲ့ပါတယ်။
ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင်
ငါဆုတစ်ခုတောင်းချင်တယ်ဟာ…
နောင်ဘဝဆိုတာရှိခဲ့ရင် …
ဒီဘဝလိုအဖြစ်မျိုး… …
မကြုံပါရစေနှင့် …လို့… … ။

ဲ