အမှတ်တရအလွဲများ

in #esteem7 years ago

တစ်နေ့တာအတွက် မင်္ဂလာအပေါင်း ခညောင်းကြပါစ။
တစ်နေ့တာသာမက နေ့ရက်တိုင်းမှာ မင်္ဂလာ ရှိပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
အလားတူစွာ သားမောင်လည်း ကိုယ်ရော၊ စိတ်ပါ အဆင်ပြေနေ၏။
image
သားတို့မြန်မာ ငြိမ်းချမ်းရေး ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုသလိုသာ ဖြစ်နေဦးမည်ထင်ပါသည်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်းတက်သူတွေ တက်နေသည့်ကာလ သောင်းကျန်းသူတွေ ကျန်နေသေးသည်လေ။
ယနေ့ညနေပိုင်းက လာရှိုးမှာ ချိန်ကိုက်မိုင်းတစ်လုံးပေါက်ကွဲ၏။
ပေါက်ကွဲမှုအရ ၀န်ထမ်းအချို့ သေကြေ၊ ဒဏ်ရာရကြသည်။
သောင်းကျန်းသူတို့ထုံးစံအရ တောထဲမှာ အနှံခံရတာများသည့်အခါ ယခုလို ပြည်သူကို ဒုက္ခပေးတတ်သလား။
သတ္တိအရ တကယ်ရှိပါက ပြည်သူကို ဒုက္ခမပေးသင့်ဘူးလို့ သားမောင် ထင်မြင်ယူဆမိ၏။
ထိုနှယ် ပြည်သူကိုမှ ဒုက္ခပေးတတ်သည့် သောင်းကျန်းသူများ ထမိန်ဝတ်ထားတာက စတိုင်ကျမည်ထင်ပါသည်လေ။

ငြိမ်းချမ်းရေးဆိုပါမှ မနေ့က သားတို့မာမားပြောစကားလည်း ကြားမိ၏။
မနေ့ဆီက ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ငြိမ်းချမ်းရေးကိစ္စ သားတို့မာမားတက်ပြောခဲ့သည်လေ။
ငြိမ်းချမ်းရေးအတွက် နောက်ထပ် နှစ် ၇၀ ထပ်စောင့်ရန် မဖြစ်နိုင်ဘူးလို့ ကနဦးစကား သူမပြောကြားသည်။
နှစ် ၇၀ ကာလ မစောင့်နိုင်သည့်အတွက် ၀ိုင်းဝန်းကူညီကြပါလို့လည်း ထပ်မံပြောကြားပြန်သေးသလား။
တစ်ခေတ်တစ်ခါက NCA အား အလျင်စလိုမထိုးရန် အကြံပေးသူပေးခဲ့ဖူး၏။
ကိုယ်တိုင်ရင်ဆိုင်အတွေ့မှာကျ အမြန်ရချင်ပါသည်လို့ ထပြောပြန်သည်ပေါ့။
ငြိမ်းချမ်းရေးဆိုတာ ချက်ချင်းခံစားနိုင်သည့် ဆုလာဘ်ကြီးလို့ သားမောင်၏ ဆရာသမားပြောကြားတာ သားမှတ်သားမိပါသည်။

လွန်လေသည့်ကာလ တံတားဦးမြို့နယ်မှာ ရွာလုံးကျွတ်မျှ ခြင်္သေ့ ကြီးပါတီသို့ ၀င်ကြသည်လို့ သတင်းတွေ ကြားခဲ့၏။
ထိုနှယ်ရွာလုံးကျွတ်မျှ ခြင်္သေ့ကြီးပါတီသို့ဝင်သည်ဆိုတာ မဟုတ်မှန်ဘူးလို့ မနက်က သတင်းစာရှင်းကြသည်။
သတင်းစာရှင်းကြပါမှ ပိုလို့တောင် အရှက်ကွဲစရာကြုံလေသလား။
လေး၊ ငါးဆယ်ယောက်လောက်က မ၀င်ကြဘူးလို့ ဆိုကြသည်လေ။
သားကတော့ သဘောအကျကြီး ကျမိသည်လို့သာ ဆိုချင်၏။
၁၂ သန်းမျှက တင်မြှောက်စဉ်က တစ်တိုင်းပြည်လုံးက ၀ိုင်းထောက်ခံကြသယောင်ပြောတာကျ သူတို့မေ့ထားသည်ပေါ့။
ပါတီနှစ်ခုကိစ္စ သားကြားကနေ ထ မပွတာ ပိုကောင်းမည်ထင်ပါသည်။
ငှက်ဆိတ်တာ ခံရပါက စကားဝှက်တွေ ပြောင်းရတတ်ပါသည်လေ။

ထူးထွေသည့်အံ့ရာ တနင်္သာရီတိုင်းဘက်မှာ ကြားရသေးသည်။
သတင်းအရနောက်ကျနေသော်ငြား အခုမှ သားလည်း သိရသည်ပေါ့။
တိုင်းအဆင့်ရှိ ဌာနဆိုင်ရာရုံးခန်းများ နိုင်ငံတော်အလံတွေ ခိုးယူတာခံလိုက်ရသည်မဟုတ်လား။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပျောက်ဆုံးတာဖြစ်ပြီး အချို့မြို့များမှာလည်း ကြုံလိုက်ကြရသေးသည်တဲ့။
အလံဆိုသည့်အမျိုးက အ၀တ်ချုပ်ဝတ်လို့ရတာလည်းမဟုတ်ပါ။
ဟိုကြောင်တောင်ကြောင် အဆိုတော်ဆိုသည့်မောင် ကိုတော့ မပြောလိုဘူးပေါ့။
ပထမတစ်ကြိမ် အလံခိုးအပြီး ဒုတိယအကြိမ်မှာ မကြားဝံ့မနာသာတွေ ဖြစ်မလာပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။

အလံအခိုးခံရတာသာ ထူးဆန်းသည်မဟုတ်တာ ရန်ကုန်မှာကြား၏။
အစိုးရမင်းများ တက်ခါစကတော့ ကလင်းတွေ၊ ဂရင်းတွေ ဆိုဖူးသည်။
ကလင်းဆိုသည့်အထဲမှာ ဂျိုးဖြူရေပိုက်မပါတာ မနေ့ကမှသိရသလား။
ဂျိုးဖြူရေတွေထဲမှာ အဲ့အဲ့တွေ ပါနေသည်လို့ အသည်းပါမောက္ခ ဒေါက်တာကြီးက မိန့်ကြားသည်ပေါ့။
အဲ့အဲ့တွေ ပါနေသည့်ရေကြောင့် အသည်းရောင်အသားဝါ အီးပိုး ကူးစက်နိုင်၏။
ထိုသည့်အတွက် ရေအား ကျိုးချက်သောက်ရန်ဆက်မိန့်ကြားပြန်သည်။
စိမ်းလန်းသာယာသည့်မြို့မှာနေထိုင်သည်ဆိုပြီး ကြွားလို့မှ မ၀ခင် အခုလိုသတင်းကြားရတာ စတိုင်မကျလှပါ။
ထိုအဖြစ်အပျက်အတွက် ကွီးဖြိုးဘက်က ရေတောင် ရွှေဝါရောင် တောက်နေတာ သောက်သည့်မြို့လို့ ကြွားကောင်းကြွားနိုင်ပါသည်။

မန်းဌာနေမှာ မကြာမီမတ်လဆန်းကာလ ဆန္ဒပြရန် တာစူနေကြသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းက အောင်သပြေအမည်ရကျေးရွာက ပြင်ဆင်နေခြင်းဖြစ်၏။
သူတို့ရွာအနီးမှာ တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံဆောက်မည့်ကိစ္စ
ကန့်ကွက်ကြမည်ပေါ့။
စက်ရုံဆောက်လုပ်မှုကြောင့် သူတို့ကျေးရွာပျောက်ပျက်သွားမှာ စိုးရိမ်ကြသည်လို့ သားတို့သိရသည်။
၂၀၁၆ နှင့် ၂၀၁၇ တို့မှာ သမ္မတမင်းထံ တင်ပြခဲ့သော်ငြား ထူးခြားမှုမရခဲ့ဖူးလို့လည်း သိရသေးသည်ပေါ့။
လက်ထက်တော်ကြီး မစတင်မီက ပြည်သူနှင့်အတူဆိုသည့်စာသား အတော်ရေပန်းစားခဲ့ဖူး၏။
လက်ရှိကာလတော့ ဘယ်လိုအခြေအနေလဲဆိုတာ သားမသိရပါ။

သားတို့မြန်မာမှာ မီဒီယာအဖြစ် ရပ်တည်နိုင်ပါက လုပ်ချင်တိုင်းလုပ်ခွင့် ရသွားလေသလား မေးခွန်းထုတ်ရန်အတော်များ၏။
နိုင်ငံတော်အတွက် ထိခိုက်စေနိုင်တာတောင် ပိုက်ဆံရက
ရေးသူတွေ ရေးကြသည်။
အလားတူစွာ အထူးသတင်းထောက်ဆိုပြီး အနိုင်ကျင့်သူတွေလည်း မနည်းလှပါလား။
အထူးသတင်းထောက်အသင်းဆိုပြီး ယူနီဖောင်းတွေတောင် အပွင့်တွေ၊ အခက်တွေတပ်ပြီး လှုပ်ရှားသူတွေလည်း ရှိနေကြ၏။
ထိုသူများအပေါ် နိုင်ငံတော်က အရေးယူတာ လုပ်တော့မည်ဆိုသည်။
နာယကအဖြစ် ပြည်ထဲရေးအရာရှိကြီးဟောင်းများ ပါဝင်ဖွဲ့စည်းထား သည့်အတွက် ပြည်ထဲရေးဘက်ကလည်း အမိန့်ထွက်မည်ပေါ့။
မီဒီယာဆို အကုန်လုပ်လို့ရသည်ထင်နေတာတော့ စတိုင်မကျလှပါလေ။

အဆုံးသတ်အဖြစ် လူတူသတ္တဝါတွေကိစ္စ ထည့်ပြောပြချင်သည်။
လူတူတွေ မြန်မာပြည်မှာ ဂျိုမွှေအပြီး သူတို့နိုင်ငံဘက် ပြန်ထွက်ပြေးကြတာတော့ သိကြသည်မဟုတ်လား။
အနှီသော သူကောင့်သားများ မြန်မာအစိုးရမင်းများက ပြန်လက်ခံရန် အသည်းအသန်ကြိုးစားနေသည်။
ယနေ့တော့ လူတူများဘက်က ဇာနည်နှင့်ထွန်းခင်အမည်ရ ခွေးမသားတွေ အသံထွက်လာသလား။
ခွေးမသား ၂ ကောင်က သားတို့မာမားနှင့် တပ်ချုပ်အား ICC ဆိုတာနဲ့ ဘယ်လိုကိုင်မလဲလို့ စ ဖြဲ၏။
လူတူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတောင် တောင်းဆိုရန် ဟန်ပြင်နေသေးသည်ပေါ့။
အတိုချုပ်အားဖြင့် ဇစ်ဆွဲပြလိုက်တာ နားအေးပါသည်။

ယနေ့သတင်းတင်ဆက်တာ နားချိန်ကျပြီ ထင်ပါသည်။
နောက်နေ့များမှာ ပြန်ဆုံကြပါစို့။
ကောင်းသောညအား ပိုင်ဆိုင်ပါစေကြောင်းလည်း ဆုတောင်းပေးလိုက်သည်ပေါ့။
ကျေးဇူးတင်ပါသည်။
Myo Myint YanNaung
check my facebook at https://www.facebook.com/kaungmyat.htoo.3

Sort:  

မဂ်​လာပါ​နော်​ ဟဟဘဲရမယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by kmmt from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.