တန်ဖိုး or value

in #esteem5 years ago

တန်ဖိုး
လူတိုင်း လူတိုင်းမှာ တန်ဖိုး ဆိုတာရှိခဲ့တယ်။ကျွန်တော်
ကတော့အသိစောပေမယ့် အမှတ်မထားတော့ နောက်ကျ
ခဲ့သလိုလိုပေါ့။တကယ့်တကယ် အဆင်မပြေမှလဲ လူဆို
တာဟာလဲ အမှတ်သားကြီးတတ် ကြသူတေဖြစ်နေတော့။
သူများတွေကိုမရည်ရွယ်ပါဘူး ကိုယ့်စိတ်နဲ့ ပြောခြင်းတစ်
ခုသတ်သတ်ပါ။တကယ်တော့ ကျွန်တော်လဲအဆင်ပြေနေ
တာတော့မဟုတ်ပါဘူး။ သို့သော် ကျွန်တော့်ကို တန်ဖိုး
ထားတဲ့သူနဲ့တွေ့လိုက်ရတဲ့အချိန်မှာ လူတစ်ယောက်မှာလဲ
တန်ဖိုးရှိနေပါ့လား လို့ ကျွန်တော်သိသွားခဲ့ရခြင်းတစ်ခုဘဲ
ဖြစ်ပါတယ်။

လူတိုင်း တန်ဖိုးရှိခဲ့သလား။သေချာတာပေါ့ လူတိုင်းမှာ
သူ့တန်ဖိုးနဲ့သူတော့ရှိ နေကြပါလိမ့်မယ်။ကိုယ်တိုင်မသိ
ကြတာမျိုး ဖြစ်နိုင်သလို တစ်ချို့ ကပေးမသိချင်ကြတာ
မျိုးလဲရှိတတ်ပါတယ်။ ကျွန်တော်သေချာပြောနိုင်တာက
တော့ လူတိုင်းသူ့နေရာနဲ့သူ တန်ဖိုးရှိနေကြပါတယ်။

Sort:  

Sorry , Which country's language is it?😁