ရိုးသားဖြောင့်မတ်ခြင်း

in #esteem6 years ago

တော်ထက် တဲ့ လူတစ်ယောက်က ရိုးသားဖြောင့်မတ်ခြင်း ကို ရေထဲလွှတ်ချစွန့်ပစ်ခဲ့တယ် ။ ရိုးသားဖြောင့်မတ်ခြင်း ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ်ရောက်လာခဲ့တယ် ။ ရိုးသားဖြောင့်မတ်ခြင်း ဟာ သဲသောင်ပြင်မှာ အနားယူရင်း တစ်ယောက်ယောက်လာရင် အကူညီတောင်းဖို့ စောင့်နေခဲ့တယ် ။

image
photo - google

တစ်အောင့်ကြာတော့ အဝေးကနေ သီချင်းသံလွင့်လာတာကို သူကြားလိုက်မိတယ်။ သူ ချက်ချင်းထရပ်ပြီး အသံလာရာဆီ ကြည့်လိုက်တော့ လှေငယ်လေး တစ်စီး သူ့ဘက်ကို ဦးတည်ပြီး လှော်ခတ်လာနေတာကို တွေ့လိုက်တယ် ။
လှေရဲ့ အလံပေါ်မှာ ပျော်ရွှင်ခြင်း လို့ ရေးထားတာကိုတွေ့တော့ ရိုးသားဖြောင့်မတ်ခြင်း က လှမ်းအော်တယ် ။

ပျော်ရွှင်ခြင်း ရေ ငါ ရိုးဖြောင့်ခြင်း ပါ ။
ငါ့ကို လှေကြံုစီးခွင့်ပြုပါ

ရိုးဖြောင့်ခြင်းက အကူညီတောင်းတာကို ပျော်ရွှင်ခြင်းက ကြားတော့ ရယ်ပြီး ။

ဟား ဘယ်ဖြစ်မလဲ ။
ရိုးသားဖြောင့်မတ်ခြင်း ရှိရင် ငါ ဘယ်ပျော်တော့မလဲ ။
ဒီလောကမှာ ကြည့်စမ်း အမှန်တရားတွေပြောလို့ မပျော်ရွှင်ရတဲ့ လူတွေ အများကြီး ။
ဆောရီးပဲ ငါ နင့်ကို မကယ်နိုင်ဘူး ။

ပြောပြောဆိုဆို ပျော်ရွှင်ခြင်း ထွက်သွားခဲ့တယ် ။ ပျော်ရွှင်ခြင်း ထွက်သွားတော့ နေရာ ဆိုသူ ရောက်လာပြန်တယ် ။
နေရာကို တွေ့တော့ ရိုးဖြောင့်ခြင်းက

နေရာ ရေ ငါ ရိုးဖြောင့်ခြင်း ပါ ။
ငါ့ကို နင့်လှေနဲ့ အတူ ကမ်း ကပ်ခွင့်ပေးပါလို့ တောင်းဆိုလိုက်ပြန်တယ် ။

နေရာက လှေကို အဝေးကြီး လှော်သွားပြီး မဖြစ်ဖူး မဖြစ်ဖူး နင့်ကို ငါ့လှေပေါ် မတင်နိုင်ဘူး ။
အခုလို ငါ့နေရာ ရဖို့ မလွယ်ခဲ့ဖူး ။
နင့်ကိုသာ ခေါ်သွားရင် ငါ့နေရာကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ် ။

ရိုးဖြောင့်ခြင်းဟာ စိတ်ပျက်လက်ပျက်နဲ့ နေရာရဲ့ ကျောပြင်ကို ငေးကြည့်နေခဲ့တယ် ။
သူ့ရဲ့ အကြည့်မှာ နားမလည်မှုတွေ ။
တွေဝေမှုတွေ ရောယှက်နေခဲ့တယ် ။
ဒီလိုနဲ့ သူဆက်စောင့်နေခဲ့တယ် ။

တစ်အောင့်ကြာတော့ စည်းချက်မညီတဲ့ အသံနဲ့အတူ ယျှဥ်ပြိုင်ခြင်း ရောက်လာခဲ့တယ် ။ ရိုးဖြောင့်ခြင်းက ဝမ်းသားအားရ လှမ်းခေါ်တယ် ။

ယှဥ်ပြိုင်ခြင်း ရေ နင့်လှေနဲ့အတူ ငါ လိုက်ခဲ့လို့ရမလား

မင်း ဘယ်သူလဲ မင်းက ငါ့တွက် အကျိုးမြတ် ဘယ်လောက်ပေးနိုင်မလဲလို့ ယျှဥ်ပြိုင်ခြင်းက ပြန်မေးတယ် ။

ရိုးဖြောင့်ခြင်းက သူဘယ်သူလဲ ဆိုတာ မပြောချင်ဘူး ။
ပြောလိုက်ရင် သူ့ကို လှေနဲ့ မခေါ်သွားမှာလည်းစိုးတယ် ။
ဒါပေမဲ့ ရိုးဖြောင့်ခြင်းက ရိုးဖြောင့်ခြင်းပါပဲ ။ နောက်တော့လဲ ကျွန်တော်က ရိုးဖြောင့်ခြင်း ပါလို့ သူ ပြောလိုက်တယ် ။

အော် . . . မင်းက ရိုးဖြောင့်ခြင်းကိုး ။
မင်းက ငါ့ကို သက်သက် ဒုက္ခ ပေးတာနဲ့ တူမနေဘူးလားကွ ။
ယှဥ်ပြိုင်မှုတွေ များနေတဲ့အချိန်မှာ မရိုးသားတဲ့ ယှဥ်ပြိုင်မှုထဲ မင်းပါလာလို့ ဘယ်ဖြစ်မလဲ

ပြောပြောဆိုဆို ယျှဥ်ပြိုင်ခြင်း ထွက်သွားခဲ့တယ် ။ ရိုးဖြောင်းခြင်းက မျော်လင့်ချက်မဲ့ရင်း ၊ မဲ့နေချိန်မှာ အဝေးက အသံတစ်သံ ကြားလိုက်ရတယ် ။

လူလေး . . .လာ လှေပေါ်တက်ပါ

ဆံပင်ဖြူဖြူနဲ့ အဘိုးအိုတစ်ဦးက သူ့ကို လှမ်းခေါ်တယ် ။

အဘိုးက ... အချိန်ပါ

ဘာ့ကြောင့် ကျွန်တော့်ကို ကယ်ရတာလဲ

ရိုးသားဖြောင့်မတ်ခြင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ အချိန်ကပဲ သိလို့ပါ

image
photo - google

အပြန်လမ်းမှာ လှေမှောက်နေတဲ့ ပျော်ရွှင်ခြင်း ၊ နေရာ ၊ ယျှဥ်ပြိုင်ခြင်း တို့ကို တွေ့တော့ အဘိုးအိုက သက်ပြင်းရှည်ကြီး ချပြီး

အင်း ... ရိုးသားဖြောင့်မတ်ခြင်း မရှိရင် ပျော်ရွှင်ခြင်း ကလည်းကြာရှည်မမြဲဘူး ။ နေရာလည်း မမြဲဘူး ။
ယျှဥ်ပြိုင်ခြင်းကလည်း ကျရံှုးမှာပဲလို ရေရွတ်လိုက်ပါတယ် ။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here