ဘယ်မှာလဲ အထက်တန်း သူဌေး တဲ့

in #esteem6 years ago

image
အထက်တန်းစား လူကြီး
သူဟာ ဘယ်လောက်
ထက်တန်းကျ နေချင်သလည်း ဆိုရင်
သူ့ အနား လူ မရှိရ
သူ့ အထက် လူ မရှိရ ဆိုတဲ့ လူသားမျိုး
image
အိမ်မှာ ဆိုလည်း
အလှူခံ မလာရ
အလှူခံ သူ့အိမ် မဝင်ရ

ရပ်ရေး ရွာရေးမှာလဲ
ရပ်ကွက် ဆွမ်းလောင်းလှူပွဲ ဆိုရင်တောင်
အိမ်ထဲဝင် အလှူခံဖို့ မဝင်ရ တဲ့

သူတောင်စားဆို
ပြောနေစရာ မလိုတော့ဘူးပေါ့

တစ်နေ့
အထက်တန်းစား သူဌေး
သူ၏ ကား အကောင်းစားကြီးနဲ့
စားသောက်ဆိုင် ကို
အစား အသောက် ဝင်စားဖို့
ဝင်ရန် အလို့မှာ

သူဖုန်းစား
အဖိုး တစ်ယောက်က

"ငါတူ အဘကို
ကားစောင့်ခ ပေးပါလား
အဖိုး ထမင်းစားချင်လို့ ထမင်း စရိတ်
တတ်နိုင်သလောက်
သဒ္ဓါ သလောက်သာ ပေးခဲ့ပေါ့ကွာ
အဖိုး ကားစောင့်ပေးပါ့မယ်"

"အာာာ....
ဒီမှာ လူကြီး
ကျုပ်က ဘာလို့ပေးရမှာလဲ
ကျုပ် မပေးနိုင်ဘူး
ခင်များလို လူဆို ပေးဖို့ ဝေလာ ဝေးး "

"ကျုပ်ကားကို
ကျုပ် Lock ချထားခဲ့ရင်
ဘယ် ခွေးသူခိုးမှ မခိုး မယူနိုင်ဘူး "

ပြောပီး ချာခနဲ လှည့်ထွက်
စားသောက်ဆိုင် ပေါ် တက်သွားလေရဲ့
အထက်တန်းစား သူဌေးကြီးလေ

အဲ့ဒီ အဖြစ်အပျက်ကို
အနီးအနား ရှိ လူငယ် နှစ်ယောက်
တွေ့မြင်သွားပြီး ဒီ ငပဲကြီးတော့ ပညာပေးလိုက်ကျစို့ ဆိုပြီး ကားကို Lock ဖြုတ် ဖွင့်ပီး
ကား ဘရိတ်ကြိုးကို ပျက်စီးအောင် ဖျက်ပြီး
အသာလေး ထိုင်ကြည့်နေခဲ့တယ်

ဒါကို
သူဖုန်းစား အဖိုးကြီးကလည်း သိတယ်

များမကြာ
ပြန်လာပါပြီ
အထက်တန်းစား သူဌေး လူကြီး
ကျော့ကျော့မော့မော့နဲ့ ဂျိုင်းကြား
ပိုက်ဆံအိပ်ကြီး ညှပ်လို့ ပေါ့လေ

သူ့ကား
အနားရောက်တော့
အဖိုးကြီးက

"ဒီမယ် လူကလေး
ကားစောင့်ခ ပိုက်ဆံလေး
သဒ္ဓါသလောက် ပေးခဲ့ပါတဲ့ "

"ဟာ...ဒီလူကြီး
အစောကတည်းက မပေးနိုင်ပါဘူးဆိုမှပဲ "

အထက်တန်းစား သူဌေးကြီး
ကားပေါ်တက် စက်နိုးလို့ အပြီးးး...
ကား ထွက်ဖို့ အလုပ်မှာ

အဖိုးက...
စိုးရိမ်းကြီးစွာနဲ့
လှမ်းပြောလိုက်တယ်

"ဒီ ဒီမှာ
လူ လူကလေး
နေ နေပါဦးကွာ "

"လူ
လူ
လူကလေးးး
နေ နေပါဦးကွ
ပိုက်ဆံ တောင်းတာ မဟုတ်တော့ပါဘူးကွ "

"လူကလေးရဲ့ကားကို
ဟိုး ဟိုးမှာ ကြည့်နေတဲ့
လူငယ်လေး နှစ်ယောက် က
ကား ဘရိတ်ကြိုး ဖျက်ထားတယ် တဲ့ကွ "
ကား ဘရိတ်ကြိုး ဖြုတ်ထားတယ် တဲ့.....
စိုးရိမ်မကင်းသော တုန်ရီသံများနှင့်ပေါ့

ဒီလို ပြောနေတာကို
ပြောလို့မှ မဆုံးသေးဘူး
ဟိုလူငယ်လေး နှစ်ယောက်
တွေ့မြင် ကြားသွားပြီး အဖိုးကြီးကို ပြေးလာ
ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားကြတယ်

အဲ့ဒီချိန် ကျမှ
သူဌေးကြီး က
ကားစက်နိုးတာကို ရပ်ပြီး

"အဖိုးကြီးကို ပွေ့
အဖိုးရယ် ကျုပ်ကို ခွင့်လွှတ်ပါ "

"ကျုပ် အသက် အဖိုးကယ်လို့ သာ
အဖိုး မကယ်ရင် ကျုပ် သေရမှာ ဗျာ့ "

" ကျေးဇူးတင်ပါတယ် အဖိုးရယ်
အဖိုးကို ကျေးဇူးဆပ်ပါရစေ
ကျုပ် ကျေးဇူးဆပ်ပါ့မယ် "

အကြိမ်ကြိမ်
ပြောလာတော့မှ

"ဒါဆို
ကောင်းပြီ လူကလေး "

"ကတိ တစ်ခု ပေးပါ အဖိုးကို "

"လူကလေး ကျေးဇူး ဆပ်မယ် ဆိုရင်
နောက်ထပ် လူ သုံးယောက်ကို
တတ်နိုင်သလောက် ကူညီ လှူပေးပါ "

"ကူညီ
လှူဒါန်းတဲ့ အခါမှာလည်း
လှူတဲ့ သူတွေကို ပြောပေးရမှာက "

"သင်တို့လည်း
တတ်နိုင်သမျှ ငွေအားနှင့် မဟုတ်
ကာယအား ဉာဏအားနဲ့ ဖြစ်ဖြစ် "

"လူ သုံးဦးကို ပြန်လည်၍
ကူညီ ပေးလို့ ပြောပေးပါ "လို့
ကတိ တစ်ခု တောင်းလိုက်တယ်
image
သူဌေးလည်း ကောင်းပါပြီ
ပေးပါတယ် အဖိုး ဆိုပြီး
အဖိုးကို ကူညီ စောင့်ရှောက် ပေးကာ

နောက်ထပ် လူ သုံးဦးကို
ကူညီ လှူဒါန်းပေးဖို့ ထွက်သွားခဲ့တယ်
နောက်ထပ် လူ သုံးဦးကို ကူညီပေးပြီး
ထပ်ဆင့် ကူညီ ပေးဖို့ လည်း ပြောခဲ့လေရဲ့.......

ဒါဆို
ဒို့တတွေလည်း
တစ်ယောက်မှ နှစ်ယောက်
စသည် စသည် ထပ်ဆင့်ကဲ
ကူညီ ပေးခဲ့ကြရင်ဖြင့် အားလုံး အေးချမ်း
ပျော်ရွှင်စရာ ကောင်းမှာ အမှန်ပါလို့ ဆိုရင်း...

ကူညီမှု
ပရဟိတ စိတ်ကူးလေး အဆုံးသတ်လိုက်ပါတယ်။

steemit မိသားစုဝင်ချစ်မိတ်ဆွေ များလည်း
ဘယ်လို စိတ်ကူးဖြင့် ထပ်၍ ကူညီ ပေးလို့
ရနိုင်ပါဦးမလဲ ဆိုတာ အကြံပြု ဝေဖန်ပေးပါလို့
တောင်းဆိုပါတယ် ခင်ဗျ။

လေးစားစွာဖြင့်
@myathuaung
MSC- 032

Sort:  

တစ်ဦးနဲ့ရိုင်းပင်းကူညီသင့်ပါကြောင်း

MRTVမှာ သတင်းတင်ပြနေသလိုပဲ😂

လူတိုင်းလူတိုင်းလိုက်​နာကျင့်​သုံကြမယ်​ဆိုသာယာတဲ​လောကြီးဖြစ်​လာမှာပါဗျာ။

ဟုတ်တယ် ကိုကြီးရေ

လူတိုင်းမှာ ပရဟိတစိတ်ဓာတ် ရှိကြမယ်ဆိုရင် အကောင်းဆုံးပါ

ဟုတ်တယ်အစ်မရေ တချို့ကအကောင်းမမြင်တတ်ကျဘူး

ဝေဠုကျော်ကြီးလုပ်တော့မယ်ပေါ့..

ခု ခိုင်နှင်းဝေပါ လုပ်နေပြီ

တစ်​ဦးနှင့်​တစ်​ဦးသာ ရိုင်းပင်းကူညီကြမယ်​ဆိုရင်​ ​ပျော်​စရာ ကမ္ဘာကြီးဖြစ်​လာမှာ

သာယာလှပနေမှာ သေချာတယ်ကိုကြီး

ငွေကြောင့်မာန်တက်
မေတ္တာကြောင့်အသက်ချမ်းသာရ

သင်္ခန်းစာယူစရာပါ ဦးထွေးရေ

သင်္ခန်းစာယူစရာပါ ဦးထွေးယေ

လူတိုင်း ပရဟိတစိတ်ဓာတ်လေးရှိမှပါ

ဟုတ်တယ် အစ်ကို

ဟုတ်တယ် အစ်ကိုရေ

စိတ်ကူးလေးကောင်းတယ်ဗျာ...

ကျေးဇူးပါ ကိုကြီး

pay is forward ထဲကလိုပေါ့

ကောင်းတယ်ဗျာ သရုပ်ဖော်ချက်လေးတွေ ထိတယ်။

ခုလို ဖတ်ရှု့ဝေဖန်ပေးတဲ့ အတွက် ကျေးဇူးပါ