မိုး

🎀🎀🎀🎀🎀🎀🎀🎀
လွမ်းရိပ်တွေ ....ဆင်
ကောင်းကင်မှာ
ငိုမိမှာ.. စိုး။
အလွမ်း..နွေ ပြေလိမ့်နိုး
ရွာလိုက်ပါ .. မိုး။
![image]()
လွမ်းမိပြီ မေ
မျှော်တွေးနောင် အဖြေဝေးခဲ့
ပူဆွေးမှာ.. စိုး။
ဝေးနေစဉ် ပြန်ဆုံနိုး
တမ်းတမျှော်ကိုး။
![image]()
လွမ်းလွန်းတယ် .. မေ
အရိပ်ယောင် မြင်နေသေးသမျှ
ဝေးကြမှာ.. စိုး။
တွေးဆကာ ရင်မှာညိုးလျှက်
သောကတွေ.. တိုး။
![image]()
မိုး ရွာပေါ့
ဝသန်ခါ ၊ ပွင့်မာလာ
ပန်းတွေ လန်းပေမယ့်
နွမ်းရဆဲပါ။
ခွဲနေချိန်
အသေအချာ လာကြည့်
အသည်းအိမ် ရင်မှာ
ဝေဒနာသာ ရှိ
မေရယ်•••
ချစ်ရသူ ဝေးနေဆဲ
မိုးသည်းရွာ၏ ။ ။
![image]()
မိုး

🎀🎀🎀🎀🎀🎀🎀🎀 လြမ်းရိပ်တြေ ....ဆင် ကောင်းကင္မွာ ငိုမိမွာ.. စိုး။ အလြမ်း..နြေျေပလိမ့်နိုး ရြာလိုက္ပါ .. မိုး။ 


