စာဖတ်ခြင်း

in #esteem8 years ago

image
*ဘယ်လောက်သိလာဖို့ ဆိုတဲ့ရည်ရွှယ်ချက်နဲ့ 
စာမဖတ်ပါနဲ့ ။
ဘယ်လောက်မသိသေးဘူးလဲဆိုတာ သိဖို့ အတွက်
သာ ဖတ်ပါ။
image
*သူတစ်ပါးဆီက ဘယ်လိုရယူရမယ်ဆိုတာ သိဖို့ 
စာမဖတ်ပါနဲ့ ။
သူတစ်ပါးအပေါ် ဘာလုပ်ပေးနိုင်မလဲဆိုတာ
သိဖို့ အတွက်သာ ဖတ်ပါ။

*သူတစ်ပါးပြောတဲ့ စကားကို ငြင်းခုန်နိုင်ဖို့ အတွက်
စာမဖတ်ပါနဲ့ ။
သူတစ်ပါးရင်ထဲကို နားလည်လာဖို့ အတွက်သာ
ဖတ်ပါ။
image
*အတိတ်ကို မေ့ဖျောက်ဖို့ အတွက် စာမဖတ်ပါနဲ့ ။
အတိတ်ကနေ အကျိုးအမြတ်ရှာနိုင်ဖို့ အတွက်သာ
ဖတ်ပါ။

*သူတစ်ပါး ဒူးထောက်လာစေဖို့ အတွက် စာမဖတ်
ပါနဲ့ ။
သူတစ်ပါး ခေါင်းမော့လာနိုင်ဖို့ အတွက်သာ
ဖတ်ပါ။

*ပျစ်ပျစ်နှစ်နှစ် ဝေဖန်နိုင်ဖို့ အတွက်စာမဖတ်
ပါနဲ့ ။
ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ အတွက်သာ
ဖတ်ပါ။

*နေမင်းနဲ့ အလင်းပြိုင်ဖို့ အတွက် စာမဖတ်ပါနဲ့ ။
လမင်းလို သာယာမှုပေးနိုင်ဖို့ အတွက်သာ
ဖတ်ပါ။
image
Original credit
Photo credit google