တိုင်းမှ ထွာမှ ဆဲခြင်း မည်သလော

in #esteem6 years ago

ဆိုကြစို့ ။
ကျနော်ဆို စာမတတ်ဘူး တစ်ကယ်
ကားလောကနဲ့  ဆက်နွှယ်ရတဲ့ အ ထဲရောက်လာတော့ ကွမ်း ဆေးလိပ်
ဆိုတာ မစား မဖြစ် လက်ကမ်း မိတ်ဆက်ရာ တွေဖြစ်ခဲ့သလိုပဲ
အဆဲ ဆိုတာ လေး လည်း
ကျနော်တို့  လောက မှာ မဖြစ်မနေပါရ တမုံ့ ။

ဘာရယ်မဟုတ် အပျင်းပြေ အနောက် အဖေါက် အရွှန်း တွေဖွဲ့ 
ဆဲကြ နောက်ကြ ။
အခြေခံလူတန်း စား လေဗျာ မဆဲဘူးသူ ရှိရိုး လား။
ဒါပေမယ့် ပါးစပ် အရသာ ဆဲနေကြတာ
မခံပြင်းဘူး စေတနာ က မဆဲတော့လေ ဟုတ်တယ်မဟုတ်လားဗျာ
"ဟာ ဟို………က ဘယ်တုန်းက ရောက်လည်း ငါ့လည်းဖုန်းမဆက်ဘူး"

"မင့်……ငါ……မဆက်ဘူးကွာ ဘေကုန်ခံနေမလား ရောက်တော့တွေ့ ရတာပဲ ငါ…တဲ့"

ဒီလိုတွေပြော ကြ နောက်ကြ ဆဲကြပေါ့ဗျာ။

ဒီထက်ခင်များ တို့ လောက ခွင့်လွှတ်မရတဲ့ စကားတွေ ကို သုံးနေကြသေးတယ်
ဥပမာ ကားဝါ့ရှော့ မှာ ကားလာပြင်တယ်ဆိုပါစို့ ။

ကလေးက သူ့ အဖေ လာရှာတယ်
လိုက်ရှာလို့  မတွေ့ တော့ ဝါ့ရှော့ထဲ မဝင်ရဲလို့ အပြင်ကနေ လှမ်းအော်တယ်။

"အဖေ… လို့ 
အော်ခေါ် လိုက်တယ်

ဟေး………………လို့  ကားအောက်က လူတွေက အကုန်ထူးတယ်
ဒါနဲ့ ကလေး က ကြောက်ပြီး အိမ်ပြန်သွားတယ။
် သူ့ အဖေမှ ထူးတာမဟုတ်။

ခနနေတော့ သူ့ အမေ ပါလိုက်လာတယ်ပေါ့။

အမျိုးသမီးရောက်လာတယ် ။

"ကို---ခင်ဗျား ကလေးကို အခေါ်ခိုင်းတာ ဘာလို့ မလိုက်ခဲ့တာလည်း"

"အေး ငါမသိလိုက်ဘူး အိမ်သာတက်နေလို့ "

"ဟင် ဒါဖြင့် ဘယ်သူထူးတာလည်း "

"ဟားဟား ဟိုကောင်တွေ နေမှာ"

ထိုအချိန် မှာ ကားအောက်က ဘယ်သူမှန်းမသိ မကြားတကြား လှမ်းပြောတဲ့အသံ က

"လိုက်လိုက် မလာပါနဲ့  ဆို လိုက်လိုက်လာတယ်"

ထိုအခါ ထိုအမျိုးသမီး က ကားအောက် ငုံ့ မကြည့်ပဲ ရှက်သွေးဖြန်းပြီး
သူ့ ယောက်ျား နဲ့ စကား ဖြတ်ပြီး ပြန်သွားတယ်။

ကဲဗျာ
ဒါ ကျနော်တို့ လောက ရဲ့ ချစ်စရာကောင်းတဲ့ အစ အနောက် အဆဲလေးတွေပေါ့
ဗျာ
ဘာမှလည်း အနာ မယူ အပြစ်မမြင်
ကိုယ့်မိန်းမ ကို သားပြော မယားပြော ပြောလည်း ပြုံးလို့ 
ခင်များ တို့  လူဂုဏ်တန်လော ကနဲ့ တော့ ခြားနားတယ်
တစ်ကယ်။

ဆဲတာတော့ မကောင်းပါဘူး ဒါပေမယ့် မဆဲတဲ့ အဆဲတွေ ကိုပြောချင်လို့ ။
ရိုင်းတာ တော့ မကောင်း ပါဘူး ဒါပေမယ့် ရိုင်းစိုင်းမှုမပြပဲ
ရ်ုင်းတဲ့ လောက အကြောင်းကို ပြောချင်လို့  ပါ။

ဦးပေါ်ဦးကို ဘိုးတော် ဦးဝိုင်း ဘုရင်က
စကားနဲ့ မပြော ပဲ ရွှေဥတော် ပြပြီး ဆဲဖူးတယ်
ဒါကို ပေါ်ဦး တစ်ယောက်ပဲ သိတယ် တဲ့။

ရှင်ဘုရင် တစ်ပါး က
မင်းဒါဏ်သင့် သူတစ်ယောက်ကို အာဏာပါးကွက်သားတွေကို

"ကဲကဲ မောင်မင်းတို့  ထိုသူကို သက်သာရာ ခေါ်သွားကြ
သက်သာရာ ခေါ်သွားကြ"

လို့  ညင်သာ ငြိမ့်ညောင်းစွာ ပြောတာလည်း
အသတ်ခိုင်းတာ ဆဲတာပါပဲ။

လောက ကြီးမှာ ညင်သာပြီး အင်မတန် ကြမ်းတမ်းတဲ့ အဆဲတွေ ပြည့်နှက်လို့ 
ပေါ့
ငြိမ်းချမ်းရေး ကို မျက်ကွယ်ပြုပြီး
လူကောင်းတွေကို ဖမ်း
အစိုးရ ရှိနေလျက်က ကရုမစိုက်ပဲ စစ်ပွဲတွေ ဖန်တီးနေကြတာဟာ
တစ်တိုင်းပြည်လုံးကို ယီးထင်တယ် လို့ 
ပြောနေတာ နဲ့  ဘာများ ခြားနားလို့ လည်း ဗျာ။

ခင်ဗျား တို့ က
အခြေခံ လူတန်းစားတွေ အပေါ်ယံ အဆဲ အရိုင်းလေးတွေ တော့မြင်တယ်
အထက်တန်းလွှာ တွေ ယုတ်မာ ရိုင်းစိုင်းတာ ကျတော့
သီးခံမယ်ပေါ့
ခင်ဗျား က လူယဉ်ပါဗျာ
ကျုပ်က ဘာမှ မရှိတဲ့ မြေကပ်လူသား
အေးလေ ကျုပ်က အဆဲသမား ပါ ရှိပါစေတော့
ကျုပ်ဟာ အရိုင်း အစိုင်းပါ………………………………………………………။ ။


Kစိုင်း

6:14= ညနေ

Sort:  

ဆဲတယ်ဆိုပေမယ့် ချစ်စရာ ဓလေ့လို့တောင်မြင်မိတယ် စိတ်ထဲကပါလို့ဆဲတာမှ့မဟုတ်တာဗျာ ပိသုန၀ါစာ ချစ်ခင်ဖွယ် စကားလေးတွေကိုပြောမိရင်တော့အကောင်းဆုံးပေါ့