အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
လူတွေနဲ့ လိမ်လည်ခြင်းဆိုတဲ့ မုသားပြောတာက အမြဲဒွန်တွဲနေလေသလားမသိဘူး။ လူမှန်ရင် အနည်းနဲ့အများ လိမ်လည်စကားတော့ပြောနေကြတာပဲလို့ထင်တယ်။ မုသားဟာ လူသားအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားတဲ့ဘဝမှာ မပါမဖြစ်လို ဖြစ်နေကြပြီထင်တယ်။ နဲနဲလေးလောက်မှ မုသားမပြောလိုက်ရရင် အိပ်မပျော် စားမဝင်တောင် ဖြစ်နေလောက်ပါရဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မလိမ်တတ် မညာတတ်သူလို့ပဲထင်နေမှာပဲ။ တခါတရံ မုသားစကားိပြာမိမှန်းတောင် မသိဘူး။

ဒီလောက်စွဲလမ်းနေတဲ့ မုသားကို မပြောရ မနေနိုင် မဖြီးရ မလိမ်ရရင် နေမထိ ထိုင်မသာဖြစ်နေကြမယ် ထင်ပါရဲ့။ ဒါပေမယ့် အတည်ပေါက်နဲ့ ဘုရားရှေ့မှာတော့ နံနက် ည ဘုရားကန်တော့တိုင်း မုသာဝါဒါ ဝေရာမဏိ အော်ဆိုပြီး ဘုရားကိုတောင် မလိမ့်တပတ် လုပ်နေကြသေးရဲ့။ လခစားဝန်ထမ်းတွေဆို ပိုပြီးတော့ မုသားသုံးနေကြရလိမ့်မယ်။ အခန်းထဲမှာ လူကြီးရှိပါရက်နဲ့ မရှိဘူးလို့ပြောနေကြရတာပဲ။
ရုံးချိန် အလုပ်ချိန်နောက်ကျလို့ပဲဖြစ်ဖြစ် မဟုတ်မှန်တဲ့ အကြောင်းပြချက်ပေးပြီးတော့ အပြစ်လွတ်အောင် အထက်အရာရှိကို လိမ်နေကြရတာပဲ။ စာရင်းလိမ်ရတာတွေလည်းရှိမှာပဲ။ လာဘ်လိုချင်လို့ လိမ်ကြမှာပဲ။ ဒါတွေကို ဝန်ထမ်းလောကကြီးမှာ ယနေ့တိုင် စည်စည်ကားကား မြင်နေ ကြားနေရဆဲပဲ။ လာဘ်ပေး လာဘ်ယူဆိုတဲ့အရာက ခုချိန်ထိ မျိုးတုံးပျောက်ကွယ်ခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်ကြတယ်။ ဘာသာ သာသနာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုသာ မထိန်းသိမ်းနိုင်ရင်သာရှိမယ်။
ပျက်စီး ယိုယွင်းဖို့ကို တွန်းအားပေးဖို့မလိုပဲ အလိုအလျောက် ရှေ့လူနဲ့ နောက်လူ ချိန်သားကိုက် လုပ်ဆောက်နိုင်ကြတယ်။ မုသားမပြောတဲ့လူဆိုတာ ရှိကောင်း ရှိနိုင်ပေမယ့် အလွန့် အလွန်ရှးပါးမယ်ထင်တယ်။ ပွဲစားလုပ်တဲ့သူတွေကိုသာ လူတွေက ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတဲ့သူတွေလို့ဆိုကြပေမယ့် အဲဒီလိုပြောတဲ့သူတွေကိုယ်တိုင် မုသားကို နည်းမျိုးစုံနဲ့ သုံးစွဲနေတယ်ဆိုတာတော့ သူတို့ကိုယ်တိုင် သိလိမ့်မယ်မထင်ဘူး။ လူဆိုတာက ကိုယ့်ကိုယ်ကို ဘယ်တော့မှ မကောင်းမမြင် အပြစ်မတင်တတ်လို့ပါပဲ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -
မုသားမပါ လင်္ကာမချော ဆိုပြီး လိမ်တတ်နေကြတာပဲ
!LOL
lolztoken.com
Yes we arson.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @walarhein
(5/8)
Use the !LOL or !LOLZ command to share a joke and an $LOLZ
!MEME
Credit: drpanayiothss
Earn Crypto for your Memes @ HiveMe.me!
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @ansoe gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!hivebits
Success! You mined 1.0 HBIT on Wusang: Isle of Blaq. Sorry, but you didn't find a bonus treasure token today. Try again tomorrow...they're out there! | tools | wallet | discord | community | daily <><
Check for bonus treasure tokens by entering your username at an H-E explorer or take a look at your wallet.
Read about Hivebits (HBIT) or read the story of Wusang: Isle of Blaq.
$PIZZA slices delivered:
@hiq.smartbot(3/5) tipped @ansoe
!LOLZ
!MEME
Credit: azazel5799
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Turns out good players are hard to find.
Credit: marshmellowman
@ansoe, I sent you an $LOLZ on behalf of @htwegyi
(1/8)