အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
စာရေးဖို့တာစူနေသည်... တာစူမရ... ရေးစရာခေါင်းထဲရောက်လိုက် အလုပ်ကလေးထလုပ်လိုက်ဆိုတော့ ရေးစရာပျောက်ပျောက်သွားပေသည်... အားမလျော့ ဇွဲမလျော့ ကြိုးစားပမ်းစား စဉ်းစားတွေးလို့ ပို့စ်တစ်ခုဖြစ်အောင် ရေးလိုက်ပါသည်... ကောင်းသည် မကောင်းသည် ဤနှစ်လီ ကျွန်တော်မသိပါ... ရေးသာရေးပါ တွေ့ကရာ စေရာရေးကြပါ 😁 အဟုတ်ပါဗျာ... တကယ့်ကို တွေ့ကရာ ပေါက်ကရ ဖော်တီး ရေးရမလိုပဲ... ဘာမှ စဉ်းစားလို့မရဘူး...

အဲ-အခုတစ်လော ရပ်ကွက်တွေထဲမှာ ညညဆိုရင် ဆိုင်ကယ်အုပ်စုတွေ ကားတွေနဲ့ အုပ်စုလိုက် အိမ်တွေကို ဖောက်ထွင်း ခိုးယူ ဓားပြတိုက်နေတဲ့အသံတွေ ကြားနေရသဗျ... အုပ်စုလိုက် ပစ္စည်းစုံ ရေးမီးအကုန်နဲ့ သံပန်း သံတံခါး ချိန်းကြိုး မိန်းကြိုး အကုန်အစုံ ဖြတ်တောက်ပြီး အလွယ်တကူ ခိုးယူနေကြလေရဲ့... မြင်သူလည်း အန္တရာယ်ပြုမစိုးလို့ မပြောရဲ မအော်ရဲ မဆိုရဲ အသာငြိမ်ကုပ် တုတ်တုတ်မှ မလှုပ်ရဲကြပဲ သူခိုးပြေးမှ ထိုးကွင်းထပြီး ခိုးခံရသူတို့အိမ်ကိုနှိုး ဓားကိုကိုင်လို့ တုတ်ကိုဆွဲ သူခိုးအုပ်စုကတော့ အပြုံးမပျက် ဝါးလုံးကွဲရယ်နေကြလေရဲ့...
လူကမညီ အကြောက်ကပိုတော့ ညစဉ် ညတိုင်း သူခိုးတွေ အတင့်ရဲ သောင်းကျန်းလို့ ငါ့အိမ် ငါ့ယာ ဘယ်အချိန်လာဖောက်မလဲ စိုးထိတ်နေရတဲ့အဖြစ်တွေ သူခိုးအော်လို့ အရင်လို တစ်ရပ်ကွက်လုံးထွက်လိုက်ဖို့နေနေသာသာ သူခိုး ခိုးနေတာကို မြင်နေတာတောင် ကိုယ့်အိမ်တံခါး လုံအောင်ပိတ်ပြီး တိတ်တဆိတ်နေကြလေတော့ သူခိုးတွေ အတင့်ရဲပြီး သောင်းကျန်းလာတာ အဆန်းမဟုတ်တော့ဘူးပေါ့... ဟဲ့ကောင်ရေ ငါ့အိမ် သူ့အိမ် မခွဲခြားနဲ့ သူခိုး သူခိုး အော်သံကြားရင် မီးခလုတ်လေးတွေကို အိမ်တိုင်းဖွင့်လို့ အဟွတ် ဟွတ် ချောင်းသံပေး ဒုတ်ဆွဲသလို ဓားဆွဲသယောင် လုပ်ပေးရင်ကို သူခိုးပြေးပါတယ်...
ကိုယ့်အိမ်ကိုယ်စောင့်နေရုံနဲ့ သူခိုးကမပြေးဘူး... သူခိုးအော်ပြီး လူစွမ်းကောင်းလုပ် တစ်ယောက်ထဲတော့ မထွက်လေနဲ့ အပြင်မရောက်ခင် သူခိုးအုပ်စုက ဓားနဲ့ဆီးခုတ်လို့ ဇတ်ပြုတ်ပြီး မာလကီးယားသွားနိုင်တယ်... သူခိုးမြင်ရင် အသံပေး ဘေးအိမ်ကလူတွေနှိုးလို့ တီးစရာမရှိ ဒန်အိုးသာနာနာတီးရင်ဖြင့် မနိုးဘယ်သူရှိလိမ့်မလဲနော်... ကူပါ ညီပါ တိုက်တွန်းနေလဲ ကိုယ့်အိမ်မဟုတ် ကိုယ့်ပစ္စည်းမဟုတ်လေတော့ မမြင်ချင်ယောက်ဆောင်လို့ မသိချင်ယောင်ဆောင်လို့ နေလေသမျှတော့ သူခိုးအုပ်စုအကြိုက်ပေါ့မောင်ရယ်... ဒီတော့ လူညီ လူညီ တစီစီအော်နေတာ အလကားမဟုတ်... တိုင်စရာ တောစရာ ကိုလှရွှေလည်း မသိချင်ယောင်ဆောင်လို့ နေလေရဲ့... ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်တိုင်ကာကွယ်မှ သူခိုးအုပ်စု ရန်ကနေ လွတ်နိုင်မယ်လေးလို့သာ အော်လိုက်ပါရဲ့... လူညီကြပါစေသတည်း...
အားလုံးကို လေးစားလျှက် -
@ansoe

အရပ်က ညီမှ ဖြစ်မှာ အုပ်ကြီးဘယ်ရောက်နေလည်း 😄😄😄!LOL!LUV
@suhlaing(1/1) gave you LUV.
H-E tools | connect | <><
lolztoken.com
Bartender: Are you positive?
Credit: theabsolute
@ansoe, I sent you an $LOLZ on behalf of @suhlaing
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)
အုပ်ကြီးက နောက်ကွယ်က ခေါင်းဆောင်လေ
အုပ်ကြီးအယခမြာ အသက်ခန္ဓာ တည်မြဲရေးတွက် နှုတ်ထွက်ခါ ဘေးမှာတိတ်တိတ် နေသဗျာ 😀
တောမီးလောင်တော့ တောကြောင် လက်ခမောင်းခတ်နိုင်တာပေါ့
!LOL
lolztoken.com
Because they know how to multiply.
Credit: theabsolute
@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)
တောကြောင်ရော မြို့ကြောင်ရော တောင်ကြောင်ရော ကြောင်ပေါင်းစုံပဲ 😁
ဟုတ်။ ခုချိန်မှာ ကိုယ့် အချင်းချင်းစောင့်ရှောက်ကြရမှာပါ။ !PIZZA
အချင်းချင်း အပြန်အလှန် စောင့်ရှောက်ရမှာအမှန်ပါ အချင်းချင်းမစောင့်ရှောက်ပဲ အိမ်တံခါးလုံအောင်ပိတ်ငြိမ်နေကြတော့ သူခိုးဓားပြတွေ ပိုပိုအတင့်ရဲနေကြတာပေါ့ဗျာ
ဟုတ် ။ ဖာသိဖာသာ မသိသလိုနေတာ က အကျင့်လိုဖြစ်နေကြတာ။ အချင်းချင်းကူညီတတ်ဖို့ ကျောင်းတွေကနေစပြီးသင်ပေးရမှာပါ။ ကျောင်းပညာရေးစနစ်ကလဲ နိုင်ငံရေးပေါ်မှာပဲ မူတည်နေပြန်တော့ နောက်ဆုံးတော့ ဒီ စနစ်ဆိုးကို အရင် တိုက်ရမှာ ဖြစ်နေတယ်။ !BEER
View or trade
BEER.Hey @ansoe, here is a little bit of
BEERfrom @princekham for you. Enjoy it!Learn how to earn FREE BEER each day by staking your
BEER.PIZZA Holders sent $PIZZA tips in this post's comments:
@princekham(2/5) tipped @ansoe (x1)
Join us in Discord!
အတို အရှည် သာ ဆောင်ထားရမလို ဖြစ်နေပါပြီ.... ဘောင်းဘီ ပြောပါတယ်... အတိုက နေ့ဝတ်ဖို့ .. အရှည်က ညဝတ်ဖို့... ချမ်းကချမ်းသနဲ့...😁😁😁 !LOL
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 times per day.
Level up by buying more $LOLZ so you can share more jokes per day!
အမှန်က ခြောက်လှန့်ရုံလောက်နဲ့ သူခိုးတွေပြေးမှာပါ။ အိမ်ဆယ်လုံးလောက်သာ မီးတွေဖွင့်လိုက်ပြီး ချောင်းဟန့်တာလောက်ဆိုရင်ကို သူခိုးတွေ ဆက်မလုပ်ရဲပါဘူး။ ခုဟာက တံခါးပိတ်ပြီးငြိမ်နေတော့ ခိုးကောင်းပေါ့ 🤧
စစ်ကိုင်းက နာမည်နဲ့ ပါဗျ.. ဘယ်နဲ့ ဦးစိုးတို့က ချောင်းဟန့် နေရတုန်း...😁
Yay! 🤗
Your content has been boosted with Ecency Points, by @ansoe.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more