သေလွန်သည်၏ အခြားမဲ့

in HIVE-MYANMAR2 years ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ယခုရေးသားမည့် စာများသည်ကိုယ်ပိုင်အယူအဆများမဟုတ်ပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော တရားတော်များမှ ဉာဏ်မှီသလောက် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ကြသူများအနေနှင့် သိသင့် သိထိုက် လုပ်သင့် လုပ်ထိုက်သည်များကို သိရှိစေရန်နှင့် လိုက်နာကျင့်သုံးနိုင်ကြပါစေရန်အတွက် ရည်ရွယ်ပါသည်။ စာအနည်းငယ်ရှည်သွားခဲ့သည်ရှိသော် သည်းခံ၍ ဖတ်ရှုကြပါလို့လည်း ပြောလိုပါသည်။

သေခြင်းတရားဆိုသည်မှာ မိသားစုတိုင်း လူသားတိုင်း သတ္တဝါတိုင်း တွေ့ကြုံနေရသည့် အရာတစ်ခုဖြစ်ပါသည်။ သတ္တဝါဟူသမျှတို့သည် မည်သူမျှ အိုမင်းရင့်ရော်ချင်ကြလိမ့်မည်မဟုတ်။ နာကြင်သောဝေဒနာကို ခံစားချင်ကြလိမ့်မည်မဟုတ်။ သေချင်ကြလိမ့်မည်မဟုတ်။ သို့သော် ထိုအရာတို့သည် မတောင်းပဲနှင့် ပြည့်နေသောဆုများဖြစ်လေရာ အိုကြရသည်။ နာကြရသည်။ တချိန်ချိန်တွင် သေဆုံးသွားကြရပေသည်။



လူတစ်ဦးကွယ်လွန်သွားသောအခါ အားလုံးပြီးဆုံးသွားလျှင် ပြဿနာမဟုတ်သော်လည်း ဘဝတစ်ခုသာဆုံးရှုံးပြီး နောက်ဘဝတစ်ခုတွင် ဖြစ်တည်ကြရမည်ဆိုသော် ကောင်းသော ဘဝတွင် ဖြစ်တည်ချင်ကြပေလိမ့်မည်။ ထိုသို့ သေဆုံးခြင်းတံခါးချပ်၏နောက်ကွယ်တွင် အဘယ်သို့သော ဘဝများရှိနေကြပြီး ကွယ်လွန်သူသည် အဘယ်သို့သော ဘဝမျိုးကို ရောက်ရှိမည်နည်းဆိုသည်ကိုတော့ ကျွန်တော်တို့ မသိနိုင်တော့ပါ။

ကွယ်လွန်ပြီးသည့်နောက်တွင် ကျန်ရစ်သူမိသားစုတို့သည် ကွယ်လွန်သူအတွက် ဘဝကောင်းတစ်ခုပြန်လည်ရရှိစေရန် အရေးပါသူများဖြစ်နေကြောင်းကိုတော့ ကျန်ရစ်သူများ အလေးမထားကြသည်ကို တွေ့မြင်ရပါသည်။ သေသောသူ ကြာရင်မေ့ဆိုသော မြန်မာစကားအတိုင်း မေ့လျော့ကုန်ကြသည်သာဖြစ်ပါသည်။ ကွယ်လွန်သွားသူတို့သည် မကောင်းသောဘဝကို ရရှိသွားပါက ကျန်ရစ်သူမိသားစုတို့၏ သူ့အားရည်စူးပြီး ကုသိုလ်ဒါနပြုလုပ်ခြင်းကို လိုလားတောင့်တနေသည်ကို သိသင့်ပါသည်။

ကွယ်လွန်သူသည် မည်သို့ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ထားသော်ငြားလည်း မကွယ်လွန်မီအချိန်ပိုင်းအတွင်း အယူလွဲသွားသဖြင့်လည်းကောင်း၊ ပစ္စည်းဥစ္စာ သားသမီး သားမယား ဆွေမျိုးစသည်တို့အား တွယ်တာသော သံယောဇဉ်ကြောင့်လည်းကောင်း ဒုက္ခမျိုးစုံခံစားရတတ်သည့် တစ္ဆေ သရဲ ပြိတ္တာဘဝသို့ ရောက်ရှိသွားနိုင်ပါသည်။ ထိုသို့ ဒုက္ခမျိုးစုံ ခံစားရနိုင်သော တစ္ဆေ သရဲ ပြိတ္တာ ဖြစ်နေခဲ့သော် ထိုဘဝမှလွတ်မြောက်ရန် မည်သူတို့တွင် တာဝန်ရှိနေပါသနည်း။



လူ့လောကတွင် အသက်ရှင်နေထိုင်သူများအတွက် ဒုက္ခတစုံတရာ ရောက်နေခဲ့သော် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ဆွေမျိုး စသည်တို့ထံတွင် အကူအညီတောင်းခံရယူနိုင်ပါသည်။ တစ်ဦးတစ်ယောက်ကတော့ အကူအညီပေးမည်မှာလည်း သေချာပါသည်။ အပြစ်ဒဏ်ကျနေသော ထောင်သားတစ်ဦးကိုပင် ထောင်အတွင်း၌ စားဝတ်နေရေး အဆင်ပြေစေရန် ငွေကြေးအင်အား လူအင်အားအမျိုးမျိုးတို့ဖြင့် အကူအညီပေးနိုင်ပါသည်။

သို့သော် တစ္တေ သရဲ ပြိတ္တာဘဝသို့ရောက်ရှိသွားသောသူများအနေဖြင့်မူ မည်သူ့ထံသို့ အကူအညီတောင်းခံနိုင်ပါမည်နည်း။ "ကယ်ကြပါခင်ဗျာ" "ကယ်ကြပါရှင်" အော်ဟစ်အကူအညီတောင်းလို့လည်းမရနိုင်။ ကျန်ရစ်သူ ဆွေမျိုး မိသားစုများထံ အကူအညီတောင်းလို၍ ကိုယ်ထင်ပြမိလျှင်လည်း သရဲခြောက်သည််ဆိုကာ အော်ကြ ဟစ်ကြ နည်းမျိုးစုံသုံးပြီးမောင်းထုတ်ကြမည်မှာ အသေအချာပင်ဖြစ်ပါသည်။ လောကထောင်အတွင်း အကျဉ်းကျနေသူတို့ထက် အဆပေါင်းများစွာ ဒုက္ခခံစားနေကြရမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ကွယ်လွန်သူရှာဖွေထားခဲ့သော စည်းစိမ်ချမ်းသာ ရွှေ ငွေ ဥစ္စာပစ္စည်းများကိုမူ ထုခွဲရောင်းချခြင်းဖြင့် အသက်ရှင်ကျန်ရစ်သူတို့က ပျော်ပါးစားသောက်နေကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ကွယ်လွန်သူမှာမူ သူ့အားရည်စူး၍ ပြုလုပ်ပေးမည့် အလှူဒါနများကို မျှော််တလင့်လင့်စောင့်စားနေမည်ကိုမူ သတိပင်မရကြတော့ပါ။ တာဝန်ကျေအနေဖြင့် တစ်ပတ်ပြည့်ရည်စူးအလှူ တစ်လပြည့်ရည်စူးအလှူ တစ်နှစ်ပြည့် ရည်စူးအလှူ စသည်ဖြင့်ပြုလုပ်ကြပြန်သော်လည်း စနစ်တကျမပြုလုပ်ကြသောကြောင့် ကွယ်လွန်သူခမြာ သာဓုမခေါ်ဆိုနိုင်ကြောင်းကိုလည်း မသိကြပေ။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် အခြားဘဝ၌ သူတစ်ပါးပေးသော အလှူဒါနကို မျှော်ကိုးကာ မကျွတ်မလွတ်မဖြစ်ကြစေရန်အတွက် မိမိတို့ကိုယ်တိုင် အလှူဒါန တရားဘာဝနာများ ပြုလုပ်နိုင်ချိန်တွင် သေလွန်သည်၏ အခြားမဲ့၌ မျှော်တလင်လင့်မဖြစ်ကြစေရန် ကိုယ်တိုင်ကျင့်ကြံအားထုတ်သင့်ပါသည်။ ကွယ်လွန်သူများအား ရည်စူးပြီး ပြုလုပ်ကြသော အလှူဒါနအများစုသည် နည်းစနစ်မမှန်သောကြောင့်းကွယ်လွန်သူထံ မရ မရောက်ကြပါ။ သတိပြုဆင်ခြင်နိုင်ကြပါစေရန် အကျိုးမျှော်၍ ရေးသားအပ်ပါသည်။ နောင်အလျဉ်းသင့်ပါက မြတ်စွာဗုဒ္ဓဟောကြားတော်မူခဲ့သော သုတ္တန်များမှ ပြိတ္တာများအတွက် ဟောကြားထားခဲ့သည်များကို ရေးတင်ပါဦးမည်။


အားလုံးကို လေးစားလျှက် -


@ansoe

Sort:  

လိုက်နာသင့်လိုက်နာအပ်သော အရာများပါပေ
!pizza

သိသော်လည်း မလုပ်ကြပါဘူး !LUV

@ansoe, sorry! You need more $LUV to use this command.

The minimum requirement is 10.0 LUV in your liquid wallet.

More LUV is available from Hive-Engine or Tribaldex

!lol

They’re selling pre-sliced fruit at Whole Foods
Hey, that's false advertising!

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @heinkhantmaung

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/1)

Yay! 🤗
Your content has been boosted with Ecency Points, by @ansoe.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more