အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
"ကျိ ကျိ ကျိ"
"ဒုန်း"
"ခွမ်း"
"ဟ"
"ဝုန်း ဒုန်း ခွမ်း ချွမ်း ခလွမ်း"
"ဟာ..."

ကျွန်ုပ် လက်ဖက်ရည်ဆိုင်ထိုင်ကာ လေသေနတ်ပစ်နေသည့်အချိန် အထက်ပါအသံမျိုးစုံတို့ ကြားလိုက်ရတဲ့အတွက် ဘယ်ကအသံလဲဆိုတာ လေသေနတ်ပစ်တာကို ခဏရပ် ခေါင်းထောင်လို့ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်ထဲကလူတွေလည်း လမ်းမပေါ်ကို ထွက်ကြည့်နေတာတွေ့တော့ ကျုပ်လည်း မနေနိုင်ပဲ လမ်းပေါ်ထွက်ကြည့်မိတာပေါ့...
အဲ-တွေ့ပါပြီ... အသံမျိုးစုံပေးလို့ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါပြီ... လမ်းလယ်ခေါင်တဲ့တဲ့မှာ ဆိုင်ကယ်တစ်စီး ဂျွမ်းထိုးမှောက်ခုံဖြစ်နေပြီး ထမင်းချိုင့် နဲ့အတူ ပလပ်စတစ်ဗူးလေးတွေ လမ်းပေါ်မှာ ပြန့်ကျဲလို့နေတဲ့အပြင် ထိခိုက်ဒဏ်ရာနဲ့ လူတစ်ယောက်ကတော့ဖြင့် လမ်းဘေးအရိပ်ရှိရာကို လူအချို့က ကူညီသယ်ယူသွားလေရဲ့...
မကြာခင်မှာပဲ လူရှုတ်တဲ့လမ်းမကြီးဖြစ်တဲ့အပြင် လက်ဖက်ရည်ဆိုင်ရှေ့ဖြစ်တဲ့အတွက် လမ်းပိတ်စပြုလာပါပြီ... လမ်းလယ်ခေါင်မှာ မောင်းနှင်လို့မရအောင် ဖြစ်သွားတဲ့ဆိုင်ကယ်ကို မနေနိုင်သူလူတစ်စုက မရမက အတင်းသယ်မလို့ လမ်းလွတ်ရာကို သယ်ယူပေးလိုက်ပါတယ်... နောက်လမ်းတစ်ဖက်မှာလည်း မီးနီအိုးဝေလို့ခေါ်ကြတဲ့ သုံးဘီးတစ်စီး လေကာမှန်ပြုတ်ကျတဲ့အပြင် ဘယ်ဘက်ဘေးမှာလည်း အချိုင့်ကြီးတစ်ခုကို တွေ့ရပါတယ်... မည်သို့ မည်ပုံဖြစ်ပျက်သွားလေသနည်း...
ဖြစ်စဉ်မှာတော့ ဆိုင်ကယ်သမား ဆိုင်ကယ်ခွကြားမှာ ပစ္စည်းအပြည့်နဲ့ လက်ကိုင် ဘယ်ညာမလှည့်သာတဲ့အနေအထားနဲ့ အရှိန်ပြင်းပြင်းမောင်နှင်လာရာကနေ လက်ဖက်ရည်ဆိုင်ဘက်ကို ချိုးဝင်လာတဲ့ ဆိုင်ကယ်ဘီးကြီးတစ်စီးကို မြင်လိုက်တဲ့အခါမှာ ရုတ်တရက် လက်ကိုင်က လှည့်မရ ဘရိတ်လည်းအုပ်ပေမယ့် "ကျိ ကျိ ကျိ" မြည်သံနဲ့အတူ ဆိုင်ကယ်ဘီးကြီးရဲ့ နောက်ဘီးကို ဝင်ချိတ်လိုက်တဲ့အခါ "ဒုန်း"သံပေးလို့ ဟန်ချက်ပျက်ကာ ခွကြားတင်လာတဲ့ ထမင်းချိုင့် ဟင်းချိုင့်မှန်သမျှ "ချွမ်း"ကနဲ လမ်းပေါ်ကျကုန်ပါပြီ... မြင်ရတဲ့သူတွေ "ဟ"ကနဲ ထအော်ကုန်ကြတယ်...
နောက်ဘီးကိုအတိုက်ခံရတဲ့ဆိုင်ကယ်က ဘာမှမဖြစ်ပေမယ့် တိုက်မိတဲ့ဆိုင်ကယ် လက်ကိုင်က လမ်းလယ်ကိုပြန်ဆွဲလို့ တစ်ဖက်ကလာတဲ့ မီနီအိုးဝေ ဘေးတိုက်တိုက်ချလိုက်တဲ့အခါမှာတော့ "ဝုန်း ဒုန်း ခွမ်း ချွမ်း ခလွမ်း" အသံတွေဆက်ပေးတော့ အရှိန်နဲ့မနိုင်မနင်း မောင်းလာတဲ့ ဆိုင်ကယ်သမား ကားကနဲ လမ်းပေါ်ကျတော့ မြင်ရတဲ့သူတွေ "ဟာ"ကနဲထအော်ပြီး လမ်းမပေါ်ပြေးတက်လို့ ဆိုင်ကယ်သမားထူသူထူ ဆိုင်ကယ်ကို မသူမ လမ်းမပိတ်လို့ အလုပ်တွေရှုပ်ကုန်ကြတာပေါ့ဗျာ...
ကဲ- အသံမျိုးစုံ ဘာကြောင့်ထွက်လာသလဲဆိုတာကတော့ ရှင်းလောက်ပြီပဲ... မနိုင်ဝန်ထမ်းပြီးတော့ စည်းကမ်းမသိ ဗရမ်းဗတာ မောင်းချင်သလိုမောင်းလို့ လမ်းပေါ်မှာ ကားကနဲကျဆေးရုံရောက်သွားတဲ့သူ နဲ့ နေရင်ထိုင်ရင်း ကိုယ့်လမ်းကိုမောင်းနှင်နေတဲ့ မီနီအိုးဝေသမား ထီပေါက်လို့ ကိုယ့်ပစ္စည်းကိုယ်မပြီး ဝပ်ရှော့ဆိုင်ပြေးရတော့တယ်...
စည်းကမ်းရှိတာနဲ့စည်းကမ်းမဲ့တာ တခါတလေမှာ စည်းကမ်းရှိသူတွေ စည်းကမ်းကို လိုက်နာသူတွေက စည်းကမ်းမဲ့သူတစ်ယောက်ကြောင့် ဆုံးရှုံးမှုတွေ နစ်နာမှုတွေကို ခံစားကြရပါတယ်... စည်းကမ်းမဲ့သူက သူ့အပြစ်နဲ့သူခံသင့်ပေမယ့် စည်းကမ်းကိုလိုက်နာပါရက်နဲ့ ခံလိုက်ရသူကတော့ မတန်ဘူးလို့ထင်မိပါတယ်... လောကကြီးမှာလည်း အသံမျိုးစုံထွက်ပြီး ညာသံပေးနေတဲ့သူတွေကများပြီး လက်တွေ့ကူညီတဲ့သူက နည်းတယ်ဆိုတာ အဖြစ်အပျက်တိုင်းက သက်သေပြနေသလိုပါပဲဗျာ...
အားလုံးကို လေးစားလျှက် -
သတိ အမြဲရှိပါစေ
!lol
lolztoken.com
Well……I hear he is a pain in the neck.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future
Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)
အမြဲသတိရှိသော်ငြားလည်း မမှန်လူအချို့ကြောင့် ပျက်စီးဆုံးရှုံးကုန်ကြလေ၏ 😁!PIZZA
!lolz !meme !pizza
Credit: memess
Earn Crypto for your Memes @ hiveme.me!
lolztoken.com
You need someone to fix their air conditioner.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @callmemaungthan
Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(3/6)
အခိုက်အတန့်အလွဲအချော်လေးတွေက ပြဿနာအကြီးကြီး ဖြစ်တတ်ကြ
!pizza
သေချာတာပေါ့ !LUV
@ansoe(1/1) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
PIZZA Holders sent $PIZZA tips in this post's comments:
@johndieo(2/5) tipped @ansoe (x1)
ansoe tipped golden.future (x1)
Please vote for pizza.witness!
!hivebits
Success! You mined .9 HBIT & the user you replied to received .1 HBIT on your behalf. mine | wallet | market | tools | discord | subscribe | <>< daily
Starting Sept 10, you will need to reply to your OWN post or comment to mine HBIT. You MIGHT also find a bonus token! Details here.
!hiqvote !MEME !LUV !LOL !PIZZA !PGM !ALIVE !hivebits
Credit: beeminer
Earn Crypto for your Memes @ hiveme.me!
@johndieo, sorry! You need more $ALIVE to use this command.
The minimum requirement is 1000.0 ALIVE staked.
More $ALIVE is available from Hive-Engine or Tribaldex