Be safe

in HIVE-MYANMARlast year

စိတ်တွေက ခုထိ မတည်ငြိမ်သေး။ ဘယ်လိုကြီး ဖြစ်နေမှန်းကို မသိပေ။ လူ နေလို့ မကောင်းတာမျိုး မဟုတ်ဘဲ စိတ်နေလို့ မကောင်းခြင်း ဖြစ်၏။ Facebook ဖွင့်လိုက်တိုင်း ငလျင် သတင်းတွေ ချည်းပင်။ ကောင်းသတင်း နည်းနည်း၊ ဝမ်းနည်းစရာတွေက များများ မလား။ ဒါတောင် ကျနော်က Facebook သိပ်ပြီး သုံးသူ မဟုတ်ပေ။ ကိုယ် ခဏလေး သုံးသည့် အချိန်လေးမှာတင်ကို ဝမ်းနည်းစရာ သတင်းတွေချည်း တွေ့နေ မြင်နေရတော့ စိတ်က ဘယ်လိုမှ မပျော်နိုင်တော့ပေ။ Facebook ကြည့်ပြီးတိုင်း စိတ်ညှိုးငယ်သွားရ၏။

မြင်ရုံသာ မြင်ရတဲ့ ကိုယ်တွေတောင် ဒီလောက် ဖြစ်နေတာ တကယ် တွေ့ကြုံ ခံစားရသူတွေဆို မည်သို့များ နေလေ မည်နည်း။ တွေးကို မတွေးကြည့်နိုင်ပေ။ အသက် အိုးအိမ် စည်းစိမ် ဘာဆို ဘာမှကို မကျန်တော့သည့် သူတွေမှာ အဘယ်သို့သော အင်အားနဲ့ ရှေ့ဆက် နိုင်ပါမည်နည်း။ သူ့ နေရာမှာ ငါသာ ဆိုရင် ဆိုသည့် အတွေးနဲ့ အတော်လေး ရင်မောရပါ၏။

ဟို မူကြိုကျောင်းမှာ ကလေးတွေကို အမိန့်ပြန်တာ မြင်ရတော့ ငိုမိပြန်၏။ သင် သွားလိုရာ သွားနိုင်ပြီတဲ့။ အမိန့် ပြန်သူကလည်း အစဉ်အဆက် အမိန့် ပြန်နေကြ ပုံစံ အတိုင်း ပြန်မပေါ့။ ဒါပေမယ့် သူ အမိန့် ပြန်ပေးနေရတာက မူကြိုအရွယ် ကလေးတွေလေ။ အမိန့် ပြန်သူမှာလည်း အားတင်း၍သာ ပြောနေရပေမယ့် ဝမ်းနည်းကြေကွဲမှုတွေက အတိုင်းသား မြင်နေရ၏။ ကျောင်းတခုမှာ ကလေးတွေ အများကြီး ကယ်ထုတ်နိုင်တာ မြင်ရပြန်တော့ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပြန်၏။ ဝမ်းနည်းစရာတွေကြား ဒီလို သတင်းလေးတွေ မြင်ရလို့ အတန်ငယ် စိတ်သက်သာရပါ၏။

ဒီနေရာမှာ အလှူရှင်တွေ အပြင် ကူညီ ကယ်ဆယ်ရေး လုပ်ပေးကြသည့် ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း ကျေးဇူးတင်ရပေလိမ့်မည်။ တချို့ အဖွဲ့တွေဆို ပစ္စည်း ကိရိယာ အစုံအလင်၊ အလုံအလောက် မရှိကြပေမယ့် တတ်နိုင်သည့် အင်အားလေးနဲ့ ကူညီကယ်ဆယ်ရေးကို အစွမ်းကုန် လုပ်ဆောင်ပေးနေကြ၏။

ဝမ်းနည်းစရာတွေ ဆိုပေမယ့်လည်း ဘယ်လို အခြေအနေတွေ ဖြစ်နေပြီလဲကို မျက်ခြေမပြတ်ရအောင် သတင်းတွေတော့ လိုက်ကြည့်နေရ၏။ ခေတ်ဆိုး ခေတ်ပျက်ကြီးမှာ ဘေးအန္တရာယ်ကြီးတွေမှာ လူကောင်းသူကောင်းတွေ ထွက်ပေါ်လာကြသလို လူဆိုး သူခိုး အချောင်သမားတွေလည်း ပေါ်လာကြ၏။ အစစ အရာရာ အသိ သတိနဲ့ ယှဉ်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(photos art from Facebook & made by Canva)

Sort:  

Congratulations
You received an upvote ecency

!hiqvote

လူကောင်း လူဆိုး သူခိုးတွေနဲ့ ဆိုတော့
မကောင်းတာက များတာကလား ဆိုသလို။
!LOLZ
!MEME

What did the icicle say to the other icicle?
Nothing, they just hung out and chilled.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

ဟုတ်တယ် စိတ်ကိုယ်သတိထားပီး ပြန်ထိန်းနေရတာ အမှန်ပဲ...
!LOLZ. !MEME

Where does Michael Phelps like to drink?
At dive bars.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of chanmin

(4/6)

PLAY & EARN $DOOM